You are here
Home > အနုပညာ > တစ်နေ့တစ်ခြား ပိုချစ်ဖို့ကောင်းလာလို့ အားလုံးက ဝိုင်းတုန်ချစ်နေရတဲ့ Liam လေး

တစ်နေ့တစ်ခြား ပိုချစ်ဖို့ကောင်းလာလို့ အားလုံးက ဝိုင်းတုန်ချစ်နေရတဲ့ Liam လေး

မြင်သူတိုင်းမချစ်ဘဲ မနေနိုင်လောက်အောင် အသည်းယားစရာကောင်းသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သား Liam လေးပဲ ဖြစ်ပါတယ်။ မွေးစအရွယ်ကတည်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းတဲ့ Liam လေးက အခုဆိုရင် ပိုပိုပြီး ကိုလူချောလေးဖြစ်လာ တွေ့ရပါတယ်။ ဒါ့အပြင် Liam လေးက မေမေယွန်းဝတီလွင်မိုးနဲ့ ရုပ်ချင်းဆင်ရုံမက ဘိုးဘိုးဖြစ်သူ လွင်မိုးနဲ့ပါ ရုပ်ချင်းတစ်ထေရာတည်းတူသူလေး ဖြစ်ပါတယ်။

လက်ရှိမှာတော့ မေမေယွန်းက သြစတေးလျမှာ ကျောင်းသွားတက်နေရတာကြောင့် Liam လေးကို ဘိုးဘိုးဘွားဘွားတွေက ဝိုင်းစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အသက် (၈) လကျော်အရွယ်ရှိပြီဖြစ်တဲ့ Liam လေးက ၀၀ကစ်ကစ် လုံးလုံးလေးနဲ့ လူချစ်လူခင်ပေါများလွန်းသူလေး ဖြစ်ပါတယ်။ အခုလည်း အင်မတန်ချစ်ဖို့ကောင်းတဲ့ Liam လေးကို မြင်သူတိုင်းက လက်ကမချနိုင်အောင် အချစ်တွေပိုနေရတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ ဘွားဘွားမေသူက ” သားသားကို ဆေးဆေးထိုးတဲ့ ဆရာ Aung Thett ရဲ့ချစ်ရသူ တီတီ ” ဆိုပြီး Liam လေးရဲ့ ပုံလေးကို တင်ပေးထားပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ Liam လေးကတော့ တွေ့တာနဲ့ ဖက်နမ်းချင်စရာကောင်းလောက်အောင် အသည်းယားစရာကောင်းနေပြန်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးသား Liam လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

credit- myanmarload

Share From Lucky Myanmar

Top
//thefacux.com/4/3018672