
Zawgyi






Source myanmarload

Unicode

သနားစရာ ကလေးလေး အတွက် ပရဟိတအဖွဲ့ကနေ ၄ သိန်း လှူခဲ့ပေမယ့် လူနာထံ ၈ သောင်းပဲ ပေးလို့ ဒေါသ ထွက်နေတဲ့ အိမ့်ထရစ်ရှာ

ပရိသတ်တွေ ချစ်ခင် အားပေးခဲ့ ရတဲ့ အိမ့်ထရစ်ရှာ ကတော့ ကောင်းမှု ကုသိုလ်တွေလဲ ပြုလုပ်နေခဲ့သလို အလှူအတန်း တွေလဲ ဆက်တိုက် ပြုလုပ်နေတဲ့ အနပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ် ။

ယနေ့ မှာတော့ အိမ့်ထရစ်ရှာ တယောက် သနားစရာ ကောင်းလွန်းတဲ့ ကလေးငယ်လေး အတွက် အလှူငွေ 4 သိန်း လှူထား ပေမယ့် လူနာထံ ပိုက်ဆံ 8 သောင်းပဲ ရောက်ရှိခဲ့လို့ စိတ်မကောင်း ဖြစ်နေခဲ့ ရတာဖြစ်ပါတယ်။

သူမကတော့ ” လှုထားတဲ့ အလှုငွေ (၄) သိန်း လူနာ ဆီကို (၈) သောင်းပဲ ပေးရ သလားး တိုက်ရိုက်သွားလှုတော့ သိရတယ် ဘာအကြောင်း ပြချက် မှ မလို ပါဘူးနော် အလှုရှင်တွေ လှုတဲ့ ပိုက်ဆံတွေ အကုန်လုံးကို လူနာတွေ လက်ထဲ တပြား မကျန် အကုန် လှုပေးရမှာပါ ရှင်းပါတယ်

လူနာ မိသားစုက စားစရာတောင် မရှိတဲ့ အခြေအနေမှာ ပရဟိတ ဆိုတဲ့ အသင်းရဲ့ နာမည်ကို အားနာ လေးစားပါ ဒုက္ခရောက်နေ သူကို ထိရောက်အောင် ကူညီပါ ”ဆိုပြီး ရေးသား ထားခဲ့ ပါတယ်။

Source myanmarload