ဆဲတာမဟုတ်ဘူး ရုပ်ပိုင်းဆိုင်ရာဝေဖန်တိုက်ခိုက်မှုတွေကြောင့် ဒေါသသံနည်းနည်းပါသွား တာပါဆိုတဲ့ ဖြိုးဖြတ်အောင်

ပရိသတ်တွေ အားလုံးချစ်ကြတဲ့ ဖြိုးမြတ်အောင်ကတော့ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲကနေ ပရိသတ်အားပေးမှုအများဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ပြီး Winner ဆုကြီးကို ရရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ် ။

မကြာသေးမီက Live လွှင့်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဝေဖန်လာသူတွေကို ဒေါသစိတ်နဲ့ လေသံမာမာ ပြောမိရာကနေ ပရိသတ်တွေဆီက ဖြိုးမြတ်အောင် ဆဲပါတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ တကယ်တမ်း ဖြိုးမြတ်အောင်ရဲ့ Live က ပြသနာမရှိခဲ့ပေမယ့် တခြားပေ့ခ်ျ တွေက ကူးယူဖော်ပြတဲ့အခါမှာတော့ ခေါင်းစဉ်အလွဲတွေကြောင့် ပရိသတ်အထင်လွဲစရာဖြစ်ခဲ့တာပါ ။

ရုပ်ပိုင်းဆိုင်ရာဝေဖန်တိုက်ခိုက်မှုတွေကြောင့် ပရိသတ်တွေကိုဆဲလိုက်တဲ့ ဖြိုးမြတ်အောင်ဆိုတဲ့ ခေါင်းစဉ်တွေကြောင့် အခြေနေက ပိုဆိုးသွားခဲ့တာဖြစ်ပြီး တကယ်တမ်းက ဆဲတာ တခွန်းမှ မပါခဲ့ ဘူးလို့ ကိုဖြိုးက ပရိသတ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ် ။

အဲဒီအချိန်မှာ ဒီကိစ္စက ငယ်ငယ်ထဲက စိတ်ဒဏ်ရာတစ်ခုဖြစ်တဲ့အတွက် နည်းနည်းဒေါသသံပါသွားတာ ဖြစ်ပြီး ကျန်တာက အမှန်တရားအတိုင်းပြောခဲ့တာ ဆဲတာတော့တစ်ခွန်းမှမပါဘူးလို့ ဖြိုးမြတ်အောင်က ပြောပြခဲ့ပါတယ် ။

“ ကျွန်တော့ကို အမှန်အကန်အားပေးတဲ့ ကျွန်တော့မိသားစု ( ပရိသတ်) တွေဆိုရင်တော့ နားလည်ပေးမှာပါ အထင်မလွဲလောက်ပါဘူး ” လို့ လည်း ပြောခဲ့ပါတယ် ။ ဆေးလိပ်မသောက်နဲ့ ၊ အရက်မသောက်နဲ့ ၊ ဆံပင် ပုံစံဘာညာက ပရိသတ်တွေပြောတဲ့အတိုင်းလိုက်နားထောင်ပေးနိုင်ပေမယ့် ငယ်ငယ် ထဲက စိတ်ဒဏ်ရာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြောလာတော့ နည်းနည်းမကျေမနပ်ဖြစ်မိတာပါလို့လည်း မီဒီယာတွေကို ရှင်းပြခဲ့ပါတယ် ။Credit-CeleGabar

Share From Lucky Myanmar