You are here
Home > KNOWLEDGE > အိမ္တစ္အိမ္တြင္ လာဘ္တိတ္ လက္ပိတ္ေစေသာ အခ်က္မ်ား …

အိမ္တစ္အိမ္တြင္ လာဘ္တိတ္ လက္ပိတ္ေစေသာ အခ်က္မ်ား …

လူတိုင္း ၊ အိမ္တိုင္းမွာ မဂၤလာရွိေအာင္ ေနဖို႔လိုပါတယ္ ။ တ ခ်ိဳ႕ မွား ယြင္း တဲ့ အ ခ်က္ ေတြ ေၾကာင့္ အိမ္ လာဘ္ တိတ္ ေစ ပါ တယ္ ။ ထို႔ ေၾကာင့္ မိ မိ အိမ္ မွာ လာဘ္ တိတ္ ေစ ေသာ အ ခ်က္ မ်ား ကို ေဖာ္ ျပ ေပး လိုက္ ပါ တယ္ ။

၁။ စားေသာက္ျပီး အိုးခြက္ပုဂံမ်ားကို အခ်ိန္ၾကာျမင္႔စြာ မေဆးပဲထားျခင္း။

၂။ အိမ္ေထာင္ဦးစီး လင္ေယာက္်ားအား နိမ္႔က်ေသာ ေနရာတြင္ထားျခင္း။

၃။ မိမိဇနီးသည္အား ညာဖက္တြင္အိပ္ေစျခင္း။

၄။ စားေသာက္ေသာ အိုးခြက္၊ ပုဂံမ်ားအား လႊင္႔ပစ္ျခင္း။

၅။ ထမင္းဟင္းခ်က္ရင္း သီခ်င္းဆိုျခင္း။

၆။ ေနဝင္ခါစအခ်ိန္တြင္ အိပ္စက္ျခင္း။

၇။ ေနဝင္မိုးခ်ဳပ္ ေလခြၽန္ျခင္း။

၈။ ေနမထြက္ခင္ေၾကြးေပးေၾကြးယူ ေၾကြးေတာင္းခံရျခင္း။

၉။ ေနဝင္ေနထြက္ခ်ိန္တြင္ သန္းရွာျခင္း။

၁၀။ ေနဝင္ေနထြက္ခ်ိန္ ကေလးမ်ားအားရိုက္ျခင္း။

၁၁။ ေနမြန္းတည္႔ခ်ိန္တြင္ တိရိစၧာန္မ်ားအား သတ္ျဖတ္ျခင္း။

၁၂။ ေနဝင္ေနထြက္ခ်ိန္တြင္ က်ိန္စာတိုက္ျခင္း။

၁၃။ အမ်ိဳးသမီးမ်ား မိုးခ်ဳပ္ခ်ိန္ ဆံပင္ဖားလ်ားျဖင္႔ အျပင္သို႔သြားျခင္း။

၁၄။ အမ်ိဳးသမီးမ်ား၏ မသန္႔ရွင္းေသာပစၥည္းမ်ား အိမ္ဦးခန္းတြင္ထားျခင္း၊ စြန္႔ပစ္ျခင္း။

၁၅။ မိမိဝတ္ေသာပုဆိုး၊ ထမီျဖင္႔မ်က္နွာသုပ္ျခင္း။

၁၆။ အိမ္အေပါက္အား ေနာက္ျပန္ဝင္ျခင္း။

၁၇။ မ်က္နွာမသစ္ဘဲ အစာ စားျခင္း။

၁၈။ မိမိ၏ခႏၶာကိုယ္မွ အေမႊးအမွ်င္နွင္႔ မသန္႔ရွင္း ေသာပစၥည္းမ်ား အိမ္အတြင္းစြန္႔ပစ္ျခင္း။

၁၉။ ေသာက္ေရအိုးေရမရွိဘဲ ခန္းေျခာက္ေနျခင္း။

၂၀။ ေသာက္ေရအိုးမွ ေရကို ထမင္းဟင္းခ်က္ရာတြင္ သုံးျခင္း။

၂၁။ လင္သားအား စိတ္ဆိုး၍ ေက်ာခိုင္း အိပ္ျခင္း။

၂၂။ သားသမီး၊ ဇနီးကို လင္သားက ေငြ သို႔မဟုတ္ အစားအစာပစ္ေပးျခင္း။

၂၃။ အဝတ္အစားမ်ားကို ေျပာင္းျပန္ဝတ္ဆင္ျခင္း။

၂၄။ အိမ္အေပါက္အား ေက်ာခိုင္းထိုင္ျခင္း။

၂၅။ ထမင္းစားရင္း အိပ္ငိုက္ျခင္း။

၂၆။ ထမင္းရည္ပူအား ေျမၾကီးေပၚသို႔ တိုက္ရိုက္ငွဲ႔ျခင္း။

၂၇။ အိမ္၏မ်က္နွာစာတြင္ ကေလးငယ္ကို အေပါ႔အေလး စြန္႔ခိုင္းျခင္း။

၂၈။ မိမိအိမ္သို႔လာေရာက္ အလွဴခံေသာ ေတာင္းစားသူမ်ားကို ဆဲဆိုလႊတ္ျခင္း။

၂၉။ အိမ္သာတက္ရင္း အစာစားျခင္း။

၃၀။ အိုးခြက္ ပုဂံမ်ားကိုတီး၍ သီခ်င္းဆိုျခင္း။

၃၁။ အိမ္ေရွ႕တည္႔တည္႔တြင္ ထမီစကတ္မ်ားကို လွန္းျခင္း၊ ခြၽတ္ထားျခင္း။

၃၂။ မိမိအိမ္တြင္ ေမြးျမဴထားေသာ တိရိစာၦန္မ်ားအား အစာမေကြၽးဘဲ ေလွာင္ထားျခင္း၊ ရိုက္နွက္ျခင္း။

၃၃။ ထမင္းစားရင္ သီခ်င္းညည္းျခင္း ဆိုျခင္း။

Credit: Original

#Unicode Version#

လူတိုင်း ၊ အိမ်တိုင်းမှာ မင်္ဂလာရှိအောင် နေဖို့လိုပါတယ် ။ တ ချို့ မှား ယွင်း တဲ့ အ ချက် တွေ ကြောင့် အိမ် လာဘ် တိတ် စေ ပါ တယ် ။ ထို့ ကြောင့် မိ မိ အိမ် မှာ လာဘ် တိတ် စေ သော အ ချက် များ ကို ဖော် ပြ ပေး လိုက် ပါ တယ် ။

၁။ စားသောက်ပြီး အိုးခွက်ပုဂံများကို အချိန်ကြာမြင့်စွာ မဆေးပဲထားခြင်း။

၂။ အိမ်ထောင်ဦးစီးလင်ယောက်ျားအားနိမ့်ကျသော နေရာတွင်ထားခြင်း။

၃။ မိမိဇနီးသည်အား ညာဖက်တွင်အိပ်စေခြင်း။

၄။ စားသောက်သော အိုးခွက်၊ ပုဂံများအားလွှင့်ပစ်ခြင်း။

၅။ ထမင်းဟင်းချက်ရင်း သီချင်းဆိုခြင်း။

၆။ နေဝင်ခါစအချိန်တွင် အိပ်စက်ခြင်း။

၇။ နေဝင်မိုးချုပ် လေချွန်ခြင်း။

၈။ နေမထွက်ခင်ကြွေးပေးကြွေးယူ ကြွေးတောင်းခံရခြင်း။

၉။ နေဝင်နေထွက်ချိန်တွင် သန်းရှာခြင်း။

၁၀။ နေဝင်နေထွက်ချိန် ကလေးများအားရိုက်ခြင်း။

၁၁။ နေမွန်းတည့်ချိန်တွင် တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း။

၁၂။ နေဝင်နေထွက်ချိန်တွင် ကျိန်စာတိုက်ခြင်း။

၁၃။ အမျိုးသမီးများ မိုးချုပ်ချိန် ဆံပင်ဖားလျားဖြင့် အပြင်သို့သွားခြင်း။

၁၄။ အမျိုးသမီးများ၏ မသန့်ရှင်းသောပစ္စည်းများ အိမ်ဦးခန်းတွင်ထားခြင်း၊ စွန့်ပစ်ခြင်း။

၁၅။ မိမိဝတ်သောပုဆိုး၊ ထမီဖြင့်မျက်နှာသုပ်ခြင်း။

၁၆။ အိမ်အပေါက်အား နောက်ပြန်ဝင်ခြင်း။

၁၇။ မျက်နှာမသစ်ဘဲ အစာ စားခြင်း။

၁၈။ မိမိ၏ခန္ဓာကိုယ်မှ အမွှေးအမျှင်နှင့် မသန့်ရှင်း သောပစ္စည်းများ အိမ်အတွင်းစွန့်ပစ်ခြင်း။

၁၉။ သောက်ရေအိုးရေမရှိဘဲ ခန်းခြောက်နေခြင်း။

၂၀။ သောက်ရေအိုးမှ ရေကို ထမင်းဟင်းချက်ရာတွင် သုံးခြင်း။

၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း။

၂၂။ သားသမီး၊ ဇနီးကို လင်သားက ငွေ သို့မဟုတ် အစားအစာပစ်ပေးခြင်း။

၂၃။ အဝတ်အစားများကို ပြောင်းပြန်ဝတ်ဆင်ခြင်း။

၂၄။ အိမ်အပေါက်အား ကျောခိုင်းထိုင်ခြင်း။

၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း။

၂၆။ ထမင်းရည်ပူအား မြေကြီးပေါ်သို့ တိုက်ရိုက်ငှဲ့ခြင်း။

၂၇။ အိမ်၏မျက်နှာစာတွင် ကလေးငယ်ကို အပေါ့အလေး စွန့်ခိုင်းခြင်း။

၂၈။ မိမိအိမ်သို့လာရောက် အလှူခံသော တောင်းစားသူများကို ဆဲဆိုလွှတ်ခြင်း။

၂၉။ အိမ်သာတက်ရင်း အစာစားခြင်း။

၃၀။ အိုးခွက် ပုဂံများကိုတီး၍ သီချင်းဆိုခြင်း။

၃၁။ အိမ်ရှေ့တည့်တည့်တွင် ထမီစကတ်များကို လှန်းခြင်း၊ ချွတ်ထားခြင်း။

၃၂။ မိမိအိမ်တွင် မွေးမြူထားသောတိရိစ္ဆာန်များအား အစာမကျွေးဘဲ လှောင်ထားခြင်း၊ ရိုက်နှက်ခြင်း။

၃၃။ ထမင်းစားရင် သီချင်းညည်းခြင်း ဆိုခြင်း။

Credit: Original

Top
//whairtoa.com/4/3018672