
“ဆရာေတာ္ႀကီးမ်ား” မွ “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” အား မိန႔္ၾကားသည့္” ၾသဝါဒ စကားမ်ား”
“၁၃၀၈-ခု၊ နယုန္လဆန္း( ၁ )ရက္” ၌
” ေ႐ႊဂုံတိုင္လမ္း… “ဘုရားႀကီးေက်ာင္းတိုက္”တြင္ “ဂိုဏ္းေပါင္းစုံ သံဃမဟာနာယက အဖြဲ႔ခ်ဳပ္ႀကီး”၏ “ႏွစ္ပတ္လည္ အစည္းေဝး” က်င္းပေနသည္၊
“အထက္ျမန္မာႏိုင္ငံ”အတြက္ “တာဝန္ခံ”
… ” ႏိုင္ငံေတာ္ သံဃနာယက ဥကၠ႒ ေညာင္ရမ္းဆရာေတာ္၊ ”
… ” မစိုးရိမ္ဆရာေတာ္ ”
… ” ပခုကၠဴဆရာေတာ္”-အစရွိေသာ
အထက္ပိုင္း-ေအာက္ပိုင္း ”ေထရ္ႀကီးဝါႀကီး ဆရာေတာ္မ်ား”စုံစုံညီညီ တက္ေရာက္ေတာ္မူၾက၏၊
“နယုန္လဆန္း( ၃ )ရက္ေန႔”၌ႏိုင္ငံေရးေခါင္းေဆာင္မ်ား ျဖစ္ၾကသည့္- ”ဆာေပၚထြန္း၊ ဦးျမတ္သာဒြန္း၊
ဂဠဳန္ေစာ”တို႔ ဇနီးေမာင္ႏွံမ်ားသည္ ဆရာေတာ္ႀကီးတို႔ကို လာေရာက္ ဖူးေျမာ္ၾက၏။
” နယုန္လဆန္း( ၄ )ရက္ေန႔”၌
“သခင္ဗစိန္”လာေရာက္၏၊ ၎တို႔က ဆရာေတာ္ႀကီးမ်ားကို ဖူးေျမာ္ၿပီးႏိုင္ငံေရး အေျခအေနမ်ားကိုရွင္းလင္းေလွ်ာက္ထားၾက၏။
”နယုန္လဆန္း( ၅ )ရက္(၄-၆-၄၆) အဂၤါေန႔
– နံနက္ ၉:၀၀နာရီ” တြင္ “ဖ-ဆ-ပ-လ အဖြဲ႔ခ်ဳပ္ ဥကၠ႒”
-“ဗိုလ္ခ်ဳပ္ေအာင္ဆန္း”ႏွင့္ ”အတြင္းေရးမႉး ဦးေက်ာ္ၿငိမ္း”တို႔ ဖူးေျမာ္ရန္ ေရာက္လာပါသည္။
“ေညာင္ရမ္းဆရာေတာ္ႀကီး”က- “ဘယ္မလဲ…?ဗိုလ္ခ်ဳပ္”-ဟု ေမးေတာ္မူ၏။
“ဆရာေတာ္ႀကီးမ်ား”က မ်က္ေမွာင္ကို လက္ကာအုပ္ၿပီးၾကည့္ေတာ္မူၾက၏။“နာမည္ႀကီးလိုက္တာ…လူက ငယ္ပါေသးလား?”-ဟု မိန႔္ေတာ္မူၾက၏။
ေညာင္ရမ္းဆရာေတာ္ႀကီး
“ ကဲ ဗိုလ္ခ်ဳပ္! ေလွ်ာက္ပါ ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
“တပည့္ေတာ္……အထူးေလွ်ာက္စရာ မရွိပါ၊ ဖူးေျမာ္႐ုံပါဘုရား…ဆရာေတာ္ႀကီးမ်ားဟာ …
– သာသနာ ႀကီးပြားရန္,
– သာသနာသန႔္ရွင္းရန္သာ
တာဝန္ယူၿပီး ေဆာင္႐ြက္ေတာ္မူသည့္ ႐ိုး႐ိုးႀကီးေတြဆိုတာ…တပည့္ေတာ္ ယုံၾကည္ပါသည္ဘုရား၊ ”
” ႏိုင္ငံေရးသမား အခ်ိဳ႕သည္ … ပရိယာယ္ မာယာအလြန္မ်ားပါသည္ဘုရား၊သူတို႔၏ တက္လမ္းအတြက္ရဟန္း
သံဃာမ်ားကိုႏိုင္ငံေရးျငမ္း ဆင္တတ္ပါသည္ ဘုရား၊ ဆရာေတာ္ႀကီးမ်ားကိုႏိုင္ငံေရးျငမ္းဆင္သြားမွာကိုေတာ့ သတိျပဳေတာ္မူပါဘုရား ”
ေညာင္ရမ္းဆရာေတာ္ႀကီး
“ေလာကမွာ… လူတိုင္း တာဝန္ကိုယ္စီ ရွိၾကပါတယ္၊ ဘာသာျခား တိုင္းတပါးသားတို႔၏ လက္ေအာက္မွာ
ဗုဒၶသာသနာ မညႇိဳးမွိန္ မေပ်ာက္မကြယ္ေအာင္ ညႇိႏႈိင္းတိုင္းပင္ ႀကိဳးစားခဲ့ၾကတယ္၊
ယခုလည္း တာဝန္ရွိသည့္အတိုင္း သာသနာေတာ္အတြက္ အိုအိုမင္းမင္းနဲ႔ ႂကြေရာက္ၿပီး အစည္းအေဝး ထိုင္ေနၾကတာ
ျဖစ္တယ္၊ဗိုလ္ခ်ဳပ္တို႔ကလည္း ျမန္မာတႏိုင္ငံလုံး နယ္ခ်ဲ႕လက္ေအာက္က လြတ္ေျမာက္ေရး တာဝန္ကို ကိုယ္က်ိဳးစြန႔္ၿပီး
ေန႔မအား ညမအား ႀကိဳးပမ္းေနၾကတာကို ၾကားသိရ၍ ဝမ္းေျမာက္ပါတယ္၊ သတိ မလြတ္ေစနဲ႔။ သတိထားၿပီး အသိဉာဏ္ျဖင့္ ႀကိဳးစားပါ”။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း “ သာဓု…ပါဘုရား၊ သာဓု…ပါဘုရား ”။
ေညာင္ရမ္းဆရာေတာ္ႀကီး
“လူထုေခါင္းေဆာင္ လူထု အၾကည္ညိဳ ခံရတဲ့သူဆိုရင္ အရက္ မေသာက္ရဘူး ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
“တပည့္ေတာ္ ငယ္ငယ္ကတည္းက … ငါးပါးသီလ ၿမဲၿပီး အရက္မေသာက္ ခဲ့ပါဘုရား၊ ေနာက္…ဂ်ပန္မ်ားနဲ႔ မေပါင္းမျဖစ္လို႔ ေပါင္းမိမွ
စစ္သားလုံးလုံး ျဖစ္ခဲ့ပါသည္ဘုရား၊ ”အရက္”ေတာင္ ဘယ္ကမလဲ? ”ပါဏာတိပါတ”ေတာင္ မလြတ္ေတာ့ပါဘုရား၊ယခုေတာ့… တပည့္ေတာ္ အရက္ မေသာက္ေတာ့ပါဘုရား ”။
ပခုကၠဴဆရာေတာ္ႀကီး
“ေအး… ဗိုလ္ခ်ဳပ္… စကား(၄)ခြန္း မွာမယ္ကြဲ႔၊
( ၁ ) သူမ်ား ေျမႇာက္တိုင္းလည္း မေျမာက္ပါနဲ႔။
( ၂ ) မေျမာက္ဘဲလည္း မေနပါနဲ႔။
( ၃ ) သူမ်ား ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔။
( ၄ ) မေၾကာက္ဘဲလည္း မေနပါနဲ႔။
ဒီစကားေလးခြန္းကို မွတ္သား-သတိထားၿပီး တိုင္းျပည္ကို နယ္ခ်ဲ႕လက္ေအာက္မွ လြတ္ေျမာက္ေအာင္ ႀကိဳးစားပါ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း “တပည့္ေတာ္ နားမလည္ပါ၊ ရွင္းျပေတာ္မူပါဘုရား ”
ပခုကၠဴဆရာေတာ္ႀကီး ”( ၁ )ယုံၾကည္လို႔ ၾကည္ညိဳလို႔ ျပည္သူလူထုက “ ဗိုလ္ခ်ဳပ္ ဗိုလ္ခ်ဳပ္”ဟု ေျမႇာက္စားတာကို
– “ ငါ မွ ငါ ”ဟု မာနေထာင္လႊားၿပီး …ေျမာက္မသြားနဲ႔။ ဒါကို… ”ေျမႇာက္တိုင္းလည္း မေျမာက္နဲ႔ “လို႔ ေျပာတာ။
( ၂ )လူထုက ယုံၾကည္အားကိုး ေျမႇာက္စားသည့္အတိုင္း ကိုယ္က လြတ္လပ္ေရး ရသည့္တိုင္ ၿပီးေျမာက္ေအာင္ ႀကိဳးစားပါ။ ဒါကို ” မေျမာက္ဘဲလည္း မေနပါန႔ဲ”လို႔ ေျပာတာ။
( ၃ ) ေလာကမွာ လူေတာ္ကို ယွဥ္ၿပိဳင္ႏိုင္ေအာင္ မႀကိဳးစားဘဲ လူေတာ္ကို ဖယ္ရွားၿပီး ကိုယ္က်ိဳး ရွာလိုတဲ့
သူေတြရွိတယ္၊ ဒီလူမ်ိဳးေတြက “ေျခာက္တိုင္းလည္း မေၾကာက္ပါနဲ႔”လို႔ ေျပာတာပါ။
( ၄ ) “ငါ့ကို တစ္တိုင္းျပည္လုံးက ယုံၾကည္အားကိုး ေနတယ္၊”
” ငါ့မွာအႏၲရာယ္ျပဳမည္သူ မရွိပါဘူး”-ဟု တထစ္ခ် ယုံၾကည္ၿပီး “အႏၲရာယ္ကို မေၾကာက္ဘဲလည္း မေနပါနဲ႔”လို႔ ေျပာလိုတာ။ ကိုင္း …ဗိုလ္ခ်ဳပ္ နားလည္ၿပီလား?”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း “နားလည္ပါၿပီဘုရား”
ပခုကၠဴဆရာေတာ္ႀကီး“နားလည္ရင္” ဒီစကား ေလးမ်ိဳး”ကို မွတ္သားၿပီး “သတိမျပတ္”ထား၍ သူတပါးလက္ေအာက္ ကြၽန္ဘဝမွ လြတ္လပ္ေရး- ရေအာင္ ႀကိဳးစားပါ”
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
“ ႀကိဳးစားပါမည္…ဘုရား…သာဓု…သာဓု…သာဓု…ပါဘုရား ”- ဟု ေလွ်ာက္ထား၍ ” ဆရာေတာ္ႀကီးမ်ား ” ေန႔ဆြမ္းဘုဥ္းေပးခါနီးမွ ျပန္သြားခဲ့ပါသည္။
မွီခိုရာ က်မ္းကိုး-
( ဆရာေတာ္ ဦးပ႑ိစၥာဘိဝံသ ( ေညာင္ရမ္း သိန္းသန္း ရတနာေက်ာင္း ) ေရးသားေသာ “ ဆ႒ သံဂါယနာ မဟာနာယက
ေညာင္ရမ္းဆရာေတာ္ႀကီး၏ ဘဝသမိုင္း ” စာအုပ္ (၁၃၇၈-ခု ထုတ္)စာ–၁၂၀၊ ၁၂၁၊ ၁၂၂ မွ)
ခ်မ္းသာၾကပါေစ…………………၊ ေအးၿငိမ္းၾကပါေစ………………၊ သံသရာ ဝဋ္ဆင္းရဲအေပါင္းမွ- လြတ္ေျမာက္ႏိုင္ၾကပါေစ…………။
#_မဇၩိမ_စတား Credit – ဦးျမင့္ခိုင္
Unicode Version
“ဆရာတော်ကြီးများ” မှ “ဗိုလ်ချုပ်အောင်ဆန်း” အား မိန့်ကြားသည့်” သြဝါဒ စကားများ”
“၁၃၀၈-ခု၊ နယုန်လဆန်း( ၁ )ရက်” ၌
” ရွှေဂုံတိုင်လမ်း… “ဘုရားကြီးကျောင်းတိုက်”တွင် “ဂိုဏ်းပေါင်းစုံ သံဃမဟာနာယက အဖွဲ့ချုပ်ကြီး”၏ “နှစ်ပတ်လည် အစည်းဝေး” ကျင်းပနေသည်၊
“အထက်မြန်မာနိုင်ငံ”အတွက် “တာဝန်ခံ”
… ” နိုင်ငံတော် သံဃနာယက ဥက္ကဋ္ဌ ညောင်ရမ်းဆရာတော်၊ ”
… ” မစိုးရိမ်ဆရာတော် ”
… ” ပခုက္ကူဆရာတော်”-အစရှိသော
အထက်ပိုင်း-အောက်ပိုင်း ”ထေရ်ကြီးဝါကြီး ဆရာတော်များ”စုံစုံညီညီ တက်ရောက်တော်မူကြ၏၊
“နယုန်လဆန်း( ၃ )ရက်နေ့”၌နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသည့်- ”ဆာပေါ်ထွန်း၊ ဦးမြတ်သာဒွန်း၊
ဂဠုန်စော”တို့ ဇနီးမောင်နှံများသည် ဆရာတော်ကြီးတို့ကို လာရောက် ဖူးမြော်ကြ၏။
” နယုန်လဆန်း( ၄ )ရက်နေ့”၌
“သခင်ဗစိန်”လာရောက်၏၊ ၎င်းတို့က ဆရာတော်ကြီးများကို ဖူးမြော်ပြီးနိုင်ငံရေး အခြေအနေများကိုရှင်းလင်းလျှောက်ထားကြ၏။
”နယုန်လဆန်း( ၅ )ရက်(၄-၆-၄၆) အင်္ဂါနေ့
– နံနက် ၉:၀၀နာရီ” တွင် “ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဥက္ကဋ္ဌ”
-“ဗိုလ်ချုပ်အောင်ဆန်း”နှင့် ”အတွင်းရေးမှူး ဦးကျော်ငြိမ်း”တို့ ဖူးမြော်ရန် ရောက်လာပါသည်။
“ညောင်ရမ်းဆရာတော်ကြီး”က- “ဘယ်မလဲ…?ဗိုလ်ချုပ်”-ဟု မေးတော်မူ၏။
“ဆရာတော်ကြီးများ”က မျက်မှောင်ကို လက်ကာအုပ်ပြီးကြည့်တော်မူကြ၏။“နာမည်ကြီးလိုက်တာ…လူက ငယ်ပါသေးလား?”-ဟု မိန့်တော်မူကြ၏။
ညောင်ရမ်းဆရာတော်ကြီး
“ ကဲ ဗိုလ်ချုပ်! လျှောက်ပါ ”
ဗိုလ်ချုပ်အောင်ဆန်း
“တပည့်တော်……အထူးလျှောက်စရာ မရှိပါ၊ ဖူးမြော်ရုံပါဘုရား…ဆရာတော်ကြီးများဟာ …
– သာသနာ ကြီးပွားရန်,
– သာသနာသန့်ရှင်းရန်သာ
တာဝန်ယူပြီး ဆောင်ရွက်တော်မူသည့် ရိုးရိုးကြီးတွေဆိုတာ…တပည့်တော် ယုံကြည်ပါသည်ဘုရား၊ ”
” နိုင်ငံရေးသမား အချို့သည် … ပရိယာယ် မာယာအလွန်များပါသည်ဘုရား၊သူတို့၏ တက်လမ်းအတွက်ရဟန်း
သံဃာများကိုနိုင်ငံရေးငြမ်း ဆင်တတ်ပါသည် ဘုရား၊ ဆရာတော်ကြီးများကိုနိုင်ငံရေးငြမ်းဆင်သွားမှာကိုတော့ သတိပြုတော်မူပါဘုရား ”
ညောင်ရမ်းဆရာတော်ကြီး
“လောကမှာ… လူတိုင်း တာဝန်ကိုယ်စီ ရှိကြပါတယ်၊ ဘာသာခြား တိုင်းတပါးသားတို့၏ လက်အောက်မှာ
ဗုဒ္ဓသာသနာ မညှိုးမှိန် မပျောက်မကွယ်အောင် ညှိနှိုင်းတိုင်းပင် ကြိုးစားခဲ့ကြတယ်၊
ယခုလည်း တာဝန်ရှိသည့်အတိုင်း သာသနာတော်အတွက် အိုအိုမင်းမင်းနဲ့ ကြွရောက်ပြီး အစည်းအဝေး ထိုင်နေကြတာ
ဖြစ်တယ်၊ဗိုလ်ချုပ်တို့ကလည်း မြန်မာတနိုင်ငံလုံး နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး တာဝန်ကို ကိုယ်ကျိုးစွန့်ပြီး
နေ့မအား ညမအား ကြိုးပမ်းနေကြတာကို ကြားသိရ၍ ဝမ်းမြောက်ပါတယ်၊ သတိ မလွတ်စေနဲ့။ သတိထားပြီး အသိဉာဏ်ဖြင့် ကြိုးစားပါ”။
ဗိုလ်ချုပ်အောင်ဆန်း “ သာဓု…ပါဘုရား၊ သာဓု…ပါဘုရား ”။
ညောင်ရမ်းဆရာတော်ကြီး
“လူထုခေါင်းဆောင် လူထု အကြည်ညို ခံရတဲ့သူဆိုရင် အရက် မသောက်ရဘူး ”
ဗိုလ်ချုပ်အောင်ဆန်း
“တပည့်တော် ငယ်ငယ်ကတည်းက … ငါးပါးသီလ မြဲပြီး အရက်မသောက် ခဲ့ပါဘုရား၊ နောက်…ဂျပန်များနဲ့ မပေါင်းမဖြစ်လို့ ပေါင်းမိမှ
စစ်သားလုံးလုံး ဖြစ်ခဲ့ပါသည်ဘုရား၊ ”အရက်”တောင် ဘယ်ကမလဲ? ”ပါဏာတိပါတ”တောင် မလွတ်တော့ပါဘုရား၊ယခုတော့… တပည့်တော် အရက် မသောက်တော့ပါဘုရား ”။
ပခုက္ကူဆရာတော်ကြီး
“အေး… ဗိုလ်ချုပ်… စကား(၄)ခွန်း မှာမယ်ကွဲ့၊
( ၁ ) သူများ မြှောက်တိုင်းလည်း မမြောက်ပါနဲ့။
( ၂ ) မမြောက်ဘဲလည်း မနေပါနဲ့။
( ၃ ) သူများ ခြောက်တိုင်းလည်း မကြောက်ပါနဲ့။
( ၄ ) မကြောက်ဘဲလည်း မနေပါနဲ့။
ဒီစကားလေးခွန်းကို မှတ်သား-သတိထားပြီး တိုင်းပြည်ကို နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားပါ”
ဗိုလ်ချုပ်အောင်ဆန်း “တပည့်တော် နားမလည်ပါ၊ ရှင်းပြတော်မူပါဘုရား ”
ပခုက္ကူဆရာတော်ကြီး ”( ၁ )ယုံကြည်လို့ ကြည်ညိုလို့ ပြည်သူလူထုက “ ဗိုလ်ချုပ် ဗိုလ်ချုပ်”ဟု မြှောက်စားတာကို
– “ ငါ မှ ငါ ”ဟု မာနထောင်လွှားပြီး …မြောက်မသွားနဲ့။ ဒါကို… ”မြှောက်တိုင်းလည်း မမြောက်နဲ့ “လို့ ပြောတာ။
( ၂ )လူထုက ယုံကြည်အားကိုး မြှောက်စားသည့်အတိုင်း ကိုယ်က လွတ်လပ်ရေး ရသည့်တိုင် ပြီးမြောက်အောင် ကြိုးစားပါ။ ဒါကို ” မမြောက်ဘဲလည်း မနေပါနဲ့”လို့ ပြောတာ။
( ၃ ) လောကမှာ လူတော်ကို ယှဉ်ပြိုင်နိုင်အောင် မကြိုးစားဘဲ လူတော်ကို ဖယ်ရှားပြီး ကိုယ်ကျိုး ရှာလိုတဲ့
သူတွေရှိတယ်၊ ဒီလူမျိုးတွေက “ခြောက်တိုင်းလည်း မကြောက်ပါနဲ့”လို့ ပြောတာပါ။
( ၄ ) “ငါ့ကို တစ်တိုင်းပြည်လုံးက ယုံကြည်အားကိုး နေတယ်၊”
” ငါ့မှာအန္တရာယ်ပြုမည်သူ မရှိပါဘူး”-ဟု တထစ်ချ ယုံကြည်ပြီး “အန္တရာယ်ကို မကြောက်ဘဲလည်း မနေပါနဲ့”လို့ ပြောလိုတာ။ ကိုင်း …ဗိုလ်ချုပ် နားလည်ပြီလား?”
ဗိုလ်ချုပ်အောင်ဆန်း “နားလည်ပါပြီဘုရား”
ပခုက္ကူဆရာတော်ကြီး“နားလည်ရင်” ဒီစကား လေးမျိုး”ကို မှတ်သားပြီး “သတိမပြတ်”ထား၍ သူတပါးလက်အောက် ကျွန်ဘဝမှ လွတ်လပ်ရေး- ရအောင် ကြိုးစားပါ”
ဗိုလ်ချုပ်အောင်ဆန်း
“ ကြိုးစားပါမည်…ဘုရား…သာဓု…သာဓု…သာဓု…ပါဘုရား ”- ဟု လျှောက်ထား၍ ” ဆရာတော်ကြီးများ ” နေ့ဆွမ်းဘုဉ်းပေးခါနီးမှ ပြန်သွားခဲ့ပါသည်။
မှီခိုရာ ကျမ်းကိုး-
( ဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ ( ညောင်ရမ်း သိန်းသန်း ရတနာကျောင်း ) ရေးသားသော “ ဆဋ္ဌ သံဂါယနာ မဟာနာယက
ညောင်ရမ်းဆရာတော်ကြီး၏ ဘဝသမိုင်း ” စာအုပ် (၁၃၇၈-ခု ထုတ်)စာ–၁၂၀၊ ၁၂၁၊ ၁၂၂ မှ)
ချမ်းသာကြပါစေ…………………၊ အေးငြိမ်းကြပါစေ………………၊ သံသရာ ဝဋ်ဆင်းရဲအပေါင်းမှ- လွတ်မြောက်နိုင်ကြပါစေ…………။
#_မဇ္ဈိမ_စတား Credit – ဦးမြင့်ခိုင်