မှန်ရှေ့မှာ ကတုံး(ဂတုံး)လေးနဲ့မမြင်ရအောင်တွေ့ရာဆံပင်တုကိုကောက်စွတ်တတ်တယ်ဆိုတဲ့ ခြူးလေး

တစ်တော့မင်းသမီးလေးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ခြူးလေးကတော့ လတ်တလောမှာပရိသတ်အားပေးမှုကို ရရှိနေတဲ့ တက်သစ်စ မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သြင်္ကန်ရက်က သီလရှင်ဝတ်ထားတဲ့အတွက် ခြူးလေးတစ်ယောက် ခေါင်းတုံး(ဂတုံး)လေးနဲ့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။မှန်ရှေ့မှာဂတုံးလေးနဲ့မမြင်ရအောင် မှန်ရှေ့မှာတွေ့တဲ့ တွေရာဆံပင်တုကိုကောက်စွတ်တတ်တယ်ဆိုတဲ့အကြောင်းကိုမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ခေါင်းကဝိုင်းပြီးတော့မျက်နှာကဝိုင်းနေတော့ကြည့်ရဆိုးတယ် အိမ်မှာနေရင်တော့တော်သေးတယ်။ အပြင်သွားလို့မိတ်ကပ်တွေလိမ်းပြီး ဂါဝန်လေးတွေဝတ်ထားရင် မှန်ကြည့်ခါနီး မှန်ရှေ့မှာရှိတဲ့ဆံပင်အတုကောက်စွတ်တယ် ပြီးမှမှန်ကြည့်တယ်လို့လည်းပြောပြထားပါတယ်။ဆံပင်တုတွေစွတ်တော့ ကိုယ်ရုပ်ကအမျိုးမျိုးပြောင်းနေတာ သဘောကျတယ်။ ဆံပင်အစစ်တုန်းကတော့ ဘာမှမလုပ်ဘူးအနက်ရောင်လေးပဲ ကောက်တာလည်းမရှိဘူး ပုံမှန်လေးပဲနေတာလို့ပြောပြထားပြီးတော့

“ခုကျတော့ အတုစွတ်ကတော့ ကိုယ်တခါမှမလုပ်ဘူးတဲ့ အကောက်လေးတွေအဖြောင့်လေးတွေ အရောင်လေးတွေနဲ့ဆိုတော့ မျက်နှာအရောင်လေးထွက်လာတယ်။ ဆံပင်အရောင်ကဘိုဆန်တော့ လူကလည်းဘိုဆန်သွားတယ် ဆိုတော့အရမ်းသဘောကျတယ်“လို့လည်းပြောပြသွားပါသေးတယ်။

သူ့ရဲ့အနုပညာအလုပ်နဲ့ပတ်သက်ပြီးတော့လည်း “ဒါရိုက်တာလုပ်ရတာကိုဝါသနာပါတယ်။လုပ်ဖြစ်မယ်တော့မထင်ဘူး မပျော်သဘောမျိုးနဲ့ရိုက်ဖြစ်ရင်တော့ရိုက်ဖြစ်မယ်“လို့လည်းဆက်ပြီးတော့ ပြောပြထားပါသေးတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရော ခြူလေးတစ် ဆံပင်အတုလေးတွေနဲ့ ဘိုဆန်ဆန်လှနေလား ဆိုတာမှတ်ချက်ပေးခဲ့ပါဦး။

credit – celegabar
Share From Lucky Myanmar