စူးရွတဲ့ အၾကည့္ေတြနဲ႔ ပရိသတ္ေတြကို ညိွဳ႕ယူလိုက္တဲ့ ဝတ္မႈန္ေရႊရည္ရဲ႕ပြဲတက္ပံုရိပ္ေတြ

ပရိသတ္ေတြရဲ႕အသည္းေက်ာ္ေလး ေရႊကစ္ကေတာ့ သရုပ္ေဆာင္ပိုင္းမွာေရာ အလွအပျပီးျပည့္စံုမႈအပိုင္းမွာပါ အျပစ္ဆိုရက္စရာမရွိတဲ့ မင္းသမီးေလးတစ္ဦးပါ။ အျမဲလိုလိုဖက္ရွင္က်ျပီးေတာ့ အလွဆံုးျဖစ္ေနတတ္တဲ့သူမကေတာ့ လတ္တေလာမွာလည္း ဒီဇိုင္နာ မင္းသက္စံ ရဲ႕ “Sweet & Smart Haute Couture & Luxury Bridal” ဖက္ရွင္ျပပြဲကို အနက္ေရာင္ ဝတ္စံုေလးနဲ႔ ျမင္သူတကာ ေငးယူရေလာက္ေအာင္ကို လွလွပပေလး တက္ေရာက္ခဲ့တာ ေတြ႔ရပါတယ္။ တစ္လက္လက္နဲ႔ ေတာက္ေနတဲ့ ဝတ္စံုေလးနဲ႔ လွခ်င္တိုင္းလွေနတဲ့ ေရႊကစ္ရဲ႕ပံုရိပ္ေလးေတြကေတာ့ အရမ္းကို ညိွဳ႕အားျပင္းေနတာပါ။

ခ်စ္​ပရိသတ္​​ေတြအတြက္​ ဒီဇိုင္နာ မင္းသက္စံ ရဲ႕ဖက္ရွင္ျပပြဲကို ခမ္းနားလွတဲ့ ဖက္ရွင္နဲ႔ တက္ေရာက္ခဲ့တဲ့သ႐ုပ္ေဆာင္ ဝတ္မႈန္ေရႊရည္ရဲ႕အလွပံုရိပ္ေတြကို ​ေဖာ္​ျပ​ေပးလိုက္​ပါတယ္​​ေနာ္​။

ဝတ္မႈန္ေရႊရည္ကေတာ့ “Catch me if you can ♟” ဆိုျပီး သူမရဲ႕အလွပံုရိပ္ေတြကို ေဝမွ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ သူမကိုယ္သူမယံုၾကည္မႈအျပည့္ရွိတဲ့ေရႊကစ္ေလးကေတာ့သူမရဲ႕ဖက္ရွင္နဲ႔လိုက္ဖက္လြန္းစြာအထာက်က်ပိုစ့္ေတြေပးရင္း ေဂၚေနတာပါ။

ေရႊကစ္ေလးရဲ႕ အၾကည့္ေတြေအာက္မွာ က်ရံႈးျပီေလ…

သရုပ္ေဆာင္ပိုင္းမွာ ထူးခ်ြန္တာေၾကာင့္ အကယ္ဒမီ၂ဆုတိတိကို ပိုင္ဆိုင္ထားျပီျဖစ္တဲ့ ေရႊကစ္ေလးကေတာ့ လတ္တေလာမွာ ရုပ္ရွင္ဇာတ္ကားၾကီးေတြဆက္တိုက္ရိုက္ကူးျဖစ္ေနတယ္လို႔ သိရပါတယ္။ခ်စ္ပရိသတ္ေတြလည္း အနက္ေရာင္ ဖက္ရွင္ေလးနဲ႔ အလန္းၾကီးလန္းေနတဲ့ ေရႊကစ္ေလးရဲ႕ပံုရိပ္ေတြကို သေဘာက်ရင္ အခ်င္းခ်င္း ေဝမွ်သြားလိုက္ၾကပါဦးေနာ္။

CRD-momolay

UNICODE

ပရိသတ်တွေရဲ့အသည်းကျော်လေးရွှေကစ်ကတော့သရုပ်ဆောင်ပိုင်းမှာရောအလှအပပြီးပြည့်စုံမှုအပိုင်းမှာပါအပြစ်ဆိုရက်စရာမရှိတဲ့မင်းသမီးလေးတစ်ဦးပါ။အမြဲလိုလိုဖက်ရှင်ကျပြီးတော့အလှဆုံးဖြစ်နေတတ်တဲ့သူမကတော့ လတ်တလောမှာလည်း ဒီဇိုင်နာ မင်းသက်စံ ရဲ့ “Sweet & Smart Haute Couture & Luxury Bridal” ဖက်ရှင်ပြပွဲကို အနက်ရောင် ဝတ်စုံလေးနဲ့ မြင်သူတကာ ငေးယူရလောက်အောင်ကို လှလှပပလေး တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ တစ်လက်လက်နဲ့ တောက်နေတဲ့ ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကတော့ အရမ်းကို ညှို့အားပြင်းနေတာပါ။

ချစ်ပရိသတ်တွေအတွက် ဒီဇိုင်နာ မင်းသက်စံ ရဲ့ဖက်ရှင်ပြပွဲကို ခမ်းနားလှတဲ့ ဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်မှုန်ရွှေရည်ကတော့ “Catch me if you can ♟” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတဲ့ ရွှေကစ်လေးကတော့ သူမရဲ့ဖက်ရှင်နဲ့လိုက်ဖက်လွန်းစွာ အထာကျကျပိုစ့်တွေပေးရင်း ဂေါ်နေတာပါ။

ရွှေကစ်လေးရဲ့ အကြည့်တွေအောက်မှာ ကျရှုံးပြီလေ…

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့် အကယ်ဒမီ၂ဆုတိတိကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ရွှေကစ်လေးကတော့ လတ်တလောမှာရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့သိရပါတယ်။ချစ်ပရိသတ်တွေလည်း အနက်ရောင် ဖက်ရှင်လေးနဲ့ အလန်းကြီးလန်းနေတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်တွေကိုသဘောကျရင်အချင်းချင်း ဝေမျှသွားလိုက်ကြပါဦးနော်။

CRD-momolay

Share From Global Myanmar Media