
စိုင္းစိုင္းက ပရိသတ္တစ္ဦးေပးတဲ့ ဂစ္တာေလးနဲ႔ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္းတစ္ပုဒ္ကို ပုံေဖာ္ခဲ့တာ ျဖစ္ပါတယ္။ ေဈးေတာ့သိပ္မႀကီးေပမယ့္ တန္ဖိုးကေတာ့ ေတာ္ေတာ္ႀကီးပါတယ္တဲ့။စိုင္းစိုင္းရဲ႕ ေမြးေန႔တုန္းက ျပည္တြင္းျဖစ္ ဂစ္တာေလးတစ္လုံး လက္ေဆာင္ရခဲ့တာပါ။ သူ႔ရဲ႕ ပရိသတ္တစ္ေယာက္က Show ပြဲအထိ အဲဒီ ဂစ္တာကိုသယ္ၿပီး သူ႔ဆီေရာက္ေအာင္ ေပးခဲ့တာေၾကာင့္ ေဈးေတာ့ သိပ္မႀကီးေပမယ့္ တန္ဖိုးကေတာ့ ေတာ္ေတာ္ႀကီးတယ္လို႔ ဆိုပါတယ္။
“ေမြးေန႔တုန္းကျပည္တြင္းျဖစ္ ဂစ္တာေလးတစ္လုံးလက္ေဆာင္ရတယ္ ေပါ့ေပါ့ပါးပါးေလး ေဈးေတာ့သိပ္ႀကီးမယ္မဟုတ္ဘူး တန္ဖိုးေတာ့ေတာ္ေတာ္ႀကီးပါတယ္ ဘာလို႔ဆို သူ႔ခမ်ာ ဒီဂစ္တာႀကီးကို Show ပြဲအထိသယ္လာ ေသာင္းခ်ီတဲ့ လူအုပ္ထဲကေန စင္ေပၚက ကြၽန္ေတာ့္ဆီကို ေရာက္ေအာင္ေပးခဲ့တာပါ” ဆိုၿပီး ေမလ(၁၇) ရက္ေန႔က စိုင္းစိုင္းရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာပါ။
အခုေတာ့ အဲဒီပရိသတ္ေပးတဲ့ အဲဒီဂစ္တာေလးက ေနာက္ထပ္ တန္ဖိုးထပ္တက္သြားၿပီလို႔ ဆိုပါတယ္။ အဲဒီဂစ္တာေလးနဲ႔ပဲ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္းတစ္ပုဒ္ကို ေရးခဲ့တာ ျဖစ္တယ္လို႔ စိုင္းစိုင္းက ေျပာထားပါတယ္။“အခုပိုၿပီးေတာ့ ေနာက္ထပ္တန္ဖိုးထပ္တက္လာၿပီ ဘာလို႔ဆို ကြၽန္ေတာ္လိုအပ္ေနတဲ့ အေရးႀကီးတဲ့ ႐ုပ္ရွင္ ဇာတ္ဝင္သီခ်င္းတစ္ပုဒ္ကို ဒီဂစ္တာနဲ႔ ေရးျဖစ္ခဲ့လို႔ပါပဲဘာရယ္မဟုတ္ဘူး လက္ေဆာင္ေပးတဲ့သူ ဘယ္သူလည္းမသိေပမယ့္ သူ႔ကိုေပ်ာ္႐ႊင္ေစခ်င္လို႔ ေပးရက်ိဳးနပ္တဲ့အေၾကာင္း ဒီစာကို ကြၽန္ေတာ္ေရးပါတယ္
တီးေနရင္းနဲ႔ ႀကိဳးတစ္ေခ်ာင္းျပတ္သြားတယ္။ကြၽန္ေတာ္တို႔ၾကားက သံေယာဇဥ္ႀကိဳးက ဘယ္ေတာ့မွျပတ္မယ္ ကြၽန္ေတာ္မထင္ပါ” ဆိုၿပီး သူက ဆက္လက္ေျပာထားပါေသးတယ္။စိုင္းစိုင္းက လက္ရွိမွာ ေမလ(၂၅) ရက္ေန႔တြင္ မႏၲေလးမွာ ျပဳလုပ္မယ့္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအတြက္ အလုပ္ေတြ ရႈပ္လို႔ေနပါတယ္။ မႏၲေလးမွာ (၂)ႏွစ္ေက်ာ္ၾကာ ေဖ်ာ္ေျဖပြဲ မလုပ္ျဖစ္တဲ့ စိုင္းစိုင္းကေတာ့ မၾကာခင္ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံရေတာ့မွာမို႔ ရင္ခုန္လို႔ေနပါတယ္။
Sai Sai Mandalay Show ပြဲကို ေမလ ၂၅ ရက္ေန႔ မႏၲလာသီရိကြင္းမွာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ဒီေဖ်ာ္ေျဖပြဲကိုလည္း Sai Sai Birthday Show တုန္းကလိုပဲ ခမ္းခမ္းနားနား က်င္းပျပဳလုပ္သြားမယ္လို႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။ Show ပြဲ လက္မွတ္ေတြကိုေတာ့ OMG , OZONE , 501 , မန္းသီရိ , လႈိင္း , ၾကည္ျပာ တို႔မွာ ဝယ္ယူရရွိႏိုင္တယ္လို႔ ဆိုပါတယ္။စိုင္းစိုင္း(Sai Sai)က ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။
သူဟာ ၁၈ ႏွစ္အ႐ြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အခုလို ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ အခက္အခဲေပါင္းမ်ားစြာကိုလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ႏိုင္ခဲ့လို႔လည္း အခုလို ေအာင္ျမင္ေနရတာျဖစ္တယ္ဆိုတာကို မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။
သူဟာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၁၈ ႏွစ္အ႐ြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေ ယာက္ျဖစ္ပါတယ္။ သူဟာ အခုလို ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖို႔ အခက္အခဲေပါင္းမ်ားစြာကိုလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ႏိုင္ခဲ့လို႔လည္း အခုလို ေအာင္ျမင္ေနရတာျဖစ္တယ္ဆိုတာကို မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။
CRD-duwun
UNICODE
ပရိသတ်တစ်ဦးပေးတဲ့ ဂစ်တာလေးကို တန်ဖိုးရှိရှိအသုံးပြုခဲ့တဲ့ စိုင်းစိုင်း
စိုင်းစိုင်းက ပရိသတ်တစ်ဦးပေးတဲ့ ဂစ်တာလေးနဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ ဈေးတော့သိပ်မကြီးပေမယ့် တန်ဖိုးကတော့ တော်တော်ကြီးပါတယ်တဲ့။စိုင်းစိုင်းရဲ့ မွေးနေ့တုန်းက ပြည်တွင်းဖြစ် ဂစ်တာလေးတစ်လုံး လက်ဆောင်ရခဲ့တာပါ။ သူ့ရဲ့ ပရိသတ်တစ်ယောက်က Show ပွဲအထိ အဲဒီ ဂစ်တာကိုသယ်ပြီး သူ့ဆီရောက်အောင် ပေးခဲ့တာကြောင့် ဈေးတော့ သိပ်မကြီးပေမယ့် တန်ဖိုးကတော့ တော်တော်ကြီးတယ်လို့ ဆိုပါတယ်။
“မွေးနေ့တုန်းကပြည်တွင်းဖြစ် ဂစ်တာလေးတစ်လုံးလက်ဆောင်ရတယ် ပေါ့ပေါ့ပါးပါးလေး ဈေးတော့သိပ်ကြီးမယ်မဟုတ်ဘူး တန်ဖိုးတော့တော်တော်ကြီးပါတယ် ဘာလို့ဆို သူ့ခမျာ ဒီဂစ်တာကြီးကို Show ပွဲအထိသယ်လာ သောင်းချီတဲ့ လူအုပ်ထဲကနေ စင်ပေါ်က ကျွန်တော့်ဆီကို ရောက်အောင်ပေးခဲ့တာပါ” ဆိုပြီး မေလ(၁၇) ရက်နေ့က စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
အခုတော့ အဲဒီပရိသတ်ပေးတဲ့ အဲဒီဂစ်တာလေးက နောက်ထပ် တန်ဖိုးထပ်တက်သွားပြီလို့ ဆိုပါတယ်။ အဲဒီဂစ်တာလေးနဲ့ပဲ ရုပ်ရှင်ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ရေးခဲ့တာ ဖြစ်တယ်လို့ စိုင်းစိုင်းက ပြောထားပါတယ်။“အခုပိုပြီးတော့ နောက်ထပ်တန်ဖိုးထပ်တက်လာပြီ ဘာလို့ဆို ကျွန်တော်လိုအပ်နေတဲ့ အရေးကြီးတဲ့ ရုပ်ရှင် ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ဒီဂစ်တာနဲ့ ရေးဖြစ်ခဲ့လို့ပါပဲဘာရယ်မဟုတ်ဘူး လက်ဆောင်ပေးတဲ့သူ ဘယ်သူလည်းမသိပေမယ့် သူ့ကိုပျော်ရွှင်စေချင်လို့ ပေးရကျိုးနပ်တဲ့အကြောင်း ဒီစာကို ကျွန်တော်ရေးပါတယ်
တီးနေရင်းနဲ့ ကြိုးတစ်ချောင်းပြတ်သွားတယ်။ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးက ဘယ်တော့မှပြတ်မယ် ကျွန်တော်မထင်ပါ” ဆိုပြီး သူက ဆက်လက်ပြောထားပါသေးတယ်။စိုင်းစိုင်းက လက်ရှိမှာ မေလ(၂၅) ရက်နေ့တွင် မန္တလေးမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အလုပ်တွေ ရှုပ်လို့နေပါတယ်။ မန္တလေးမှာ (၂)နှစ်ကျော်ကြာ ဖျော်ဖြေပွဲ မလုပ်ဖြစ်တဲ့ စိုင်းစိုင်းကတော့ မကြာခင် ပရိသတ်တွေနဲ့ တွေ့ဆုံရတော့မှာမို့ ရင်ခုန်လို့နေပါတယ်။
Sai Sai Mandalay Show ပွဲကို မေလ ၂၅ ရက်နေ့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုလည်း Sai Sai Birthday Show တုန်းကလိုပဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ Show ပွဲ လက်မှတ်တွေကိုတော့ OMG , OZONE , 501 , မန်းသီရိ , လှိုင်း , ကြည်ပြာ တို့မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ေ ယာက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Share From Global Myanmar Media