.Single Mother ဘဝက ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ဒဏ်ကို တော်တော်လေး ခံရတယ် ဆိုတဲ့ အေသင်ချိုဆွေ
CRD-Cele Gabar
UNICODE
ပရိသတ်တွေလက်ခံအားပေးထားတဲ့အဆိုတော်အေသင်ချိုဆွေကတော့SingleMotherတယောက်အနေနဲ့ရပ်တည်နေပြီးသမီးလေးIvyကိုစောင့်ရှောက်နေတာဖြစ်ပါတယ်။အေသင်ချိုဆွေကတော့SingleMotherတွေအတွက်ရည်ရွယ်တဲ့ပွဲတွေမှာလည်းဘယ်လိုမျိုးစိတ်ဓါတ်ပိုင်းမှာပြင်ဆင်နေရလည်းဆိုတာတွေကိုသူမအတွေ့အကြုံနဲ့ယှဉ်ပြီးစိတ်ဓာတ်ခွန်အားတွေပေးခဲ့ပါတယ်။သူမယုံကြည်ခဲ့တဲ့ယောက်ျားတစ်ယောက်ရဲ့တာဝန်ယူမှုကင်းမဲ့တဲ့အတွက်ကြောင့်SingleMotherအဖြစ်နဲ့ Ivy လေးရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး လောကဓံကိုရင်ဆိုင်ခဲ့ကြောင်း ဆွေးနွှေးသွားခဲ့ပါတယ် ။
Single Mother အဖြစ် ရပ်တည်နေတဲ့ အဆိုတော် အေသင်ချိုဆွေက ယခုခေတ်လူငယ်တွေ သူ့ကို အတုယူတာထက် သူ့လိုမဖြစ်အောင်လိမ္မာစေချင်ပြီးလူတစ်ယောက်ကိုအပြည့်အဝမယုံသင့်ဘူးလို့ပြောပြခဲ့ပါတယ်။“လူငယ်တွေကိုမှတ်သားစေချင်တယ်။အတုယူတာထက်ကိုအေသင့်လိုမဖြစ်အောင်လိမ္မာစေချင်တယ်။လူတစ်ယောက်ကိုရမ်းပြီးမယုံစေချင်ဘူး။အဲ့မက်ဆေ့ချ်လေးကိုပေးချင်တာပါ။
SingleMotherဘဝကမလွယ်ဘူးဆိုတာကိုပြောပြချင်တာပါ၊ပတ်ဝန်းကျင်ကရိုက်ခတ်လာတဲ့ဒဏ်ကိုတော်တော်လေးခံရတယ်။တော်တော်လေးရင်ဆိုင်ရတယ်၊ဒါပေမဲ့ကိုယ်မှားသွားခဲ့ပြီ။ပြန်လည်းပြင်လို့မရတော့ဘူး။ဘယ်လောက်အထိပြောနိုင်မလဲပြောကြပါစေ။ကိုယ်ယုံကြည်ရာကိုရွေးချယ်လိုက်တဲ့ကိုယ့်ရဲ့ဘဝ၊ကိုယ့်ရဲ့ကလေးလေးအတွက်ယောက်ျားတစ်ယောက်တာဝန်မယူနိုင်တဲ့တာဝန်ကြီးကိုကိုယ်ကရဲရဲရင့်ရင့်ရင်ဆိုင်တယ်အေသင်ပွင့်ပွင့်လင်းလင်းပြောရရင်အိမ်ထောင်မပြုဘူး။မင်္ဂလာမဆောင်ဘူး။သမီးရည်းစားဘဝအတူတူနေကြတယ်။ကိုရီးယားသွားတယ်။SingleMotherအဖြစ်ရပ်တည်လာတယ်။
ကိုယ်စပြီးတော့နေထိုင်တယ်။ဒါကတော့နည်းနည်းခေတ်လွန်သွားတာပေါ့။အဆင့်တွေကျော်ပြီးတော့လေးနှစ်တာလုံးအတူတူနေထိုင်ခဲ့တယ်။နောက်ဆုံးမှာဒီလိုအခြေအနေဖြစ်လာခဲ့တယ်။ဒီကြားထဲဟိုဘက်ကသဘောမတူတာနဲ့၊ဒီဘက်ကသဘောမတူတာနဲ့၊ရွေးချယ်စရာမရှိတဲ့အခါမှာဒီဘဝကိုရွေးချယ်လိုက်တာပဲ။ဒီလိုမျိုးမရွေးချယ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲ၊ဒီကလေးကိုကိုယ်ကဖျက်ချရမှာလား။ကိုယ်ရွေးချယ်လိုက်တဲ့ဘဝကိုဘယ်လိုအကောင်းဆုံးရင်ဆိုင်မလဲဆိုတာကအစတွေးပြီးတော့ကလေးကိုယူဖို့ဆုံးဖြတ်လိုက်တယ်”လို့အေသင်ချိုဆွေက ဆွေးနွေးခဲ့ပါတယ်။
Share From Global Myanmar Media