ထူးထူးခြားခြားမွေးနေ့ Surprise ကြောင့်အရမ်းပျော်နေရတဲ့ ပိုပိုရဲ့ ဗီဒီယို

တမူထူးခြားတဲ့ အသံလေးနဲ့ ပရိသတ်တွေရင်ထဲရောက်အောင် အချစ်သီချင်းလေးတွေ ဆိုနိုင်တဲ့ အဆိုတော် ပိုပို တယောက်ဟာဆိုရင်တော့ လက်ရှိချိန်မှာ အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်တွေထဲက တယောက်ပါ။ ပိုပိုက သူ့ပရိသတ်တွေကို အမြဲလေးစားပြီး ရင်းရင်းနှီးနှီး ဆက်ဆံတာကြောင့်လည်း အောင်မြင်မှုတွေ ပိုပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ပိုပို က လက်ရှိချိန်မှာ အသက် ၂၉ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပြီး သူမရဲ့မွေးနေ့မှာတော့ သီလရှင် ဝတ်မယ်လို့လည်း သိရပါတယ်။

ပိုပိုက MC နဲ့ အင်တာဗျူးမှာတော့ “ဒီနေ့လုပ်မယ့် အလှူကို ပိုပိုက ၂၁ ရက်နေ့မှာ ကိုယ်ကိုယ်တိုင်လည်း သီလရှင်ဝတ်မယ်။ ပြီးတော့ တူတူလိုက်ဝတ်မယ့် သီလရှင် ယောဂီပေါင်း ၁၀ ယောက်ပေါ့။ အဲ့ ၁၀ ယောက်ကို ပိုပို က အလှူ့ဒါယိကာမ လုပ်ပေးမယ်ပေါ့။ ဒီနေ့အစားအဲ့နေ့မှာ လုပ်မှာပါ။ ပျော်လည်းပျော်ပါတယ်။ သူငယ်ချင်းတွေရော ပရိသတ်တွေရော Birthday Surprise လုပ်ပေးကြတယ်။ မွေးနေ့က စပြီးတော့ ပျော်ရတာပေါ့”

အဆိုတော် ပိုပို က မွေးနေ့မှာ သီလရှင်ဝတ်မယ့်အပြင် သူ့ရဲ့ ပရိသတ်တွေကလည်း လိုက်ပြီးတော့ ဝတ်ကြမှာ ဖြစ်တာကြောင့် သူမရဲ့ မွေးနေ့မှာ ယူလိုက်တဲ့ ကုသိုလ်က အတော်လေး မွန်မြတ်ပါတယ်။ သီလရှင်မဝတ်ခင်မှာတော့ ပိုပို ကသူ့မွေးနေ့မှာ သူမရဲ့ ပရိသတ်တွေက Suprises လုပ်ပေးတဲ့အပြင် Here and Now Dancer အဖွဲ့ကလည်း ပိုပို မွေးနေ့အတွက် တူတူပါဝင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ ပရိသတ်တွေ ပေါင်းပြီးတော့ မွေးနေ့မှာ Surprise လုပ်ပေးခဲ့တာကြောင့် သူမကတော့ အတိုင်းထက် အလွန်ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ပေးတဲ့ ဗီဒီယိုလေးကိုတော့ ပိုပိုက သူမရဲ့ ဖေ့ဘုတ်အကောင့်ပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပရိသတ်လေးတွေနဲ့ အဆိုတော် ပိုပို သူ့မွေးနေ့မှာ ပျော်ရွှင်နေတဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော အဆိုတော်ပိုပို ပရိသတ်တွေ ပါကြလား။ သူ့သီချင်းကို ကြိုက်နှစ်သက်ကြတဲ့သူတွေရော ရှိကြလား။

ဗီဒီယိုကြည့်ရန်

Share From Lovely Myanmar