(၁၀)နှစ်ငယ်ပေမဲ့ ရုပ်ချင်းဆင်တဲ့ မောင်ချောလေးကြောင့် ယောင်းမလို့ ခေါ်ခံနေရပြီဆိုတဲ့ ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမူကို လက်ဝယ်ပိုင်ဆိုင်ရရှိထားတဲ့မင်းသမီးတစ်ယောက်လို့ ဆိုနိုင်ပြီး လက်ရှိ သူမမှာ ရုပ်ချင်းဆင်တဲ့ မောင်အငယ်ဆုံးလေးတစ်ယောက်ကြောင့် မျက်နှာပွင့် နေရတယ်လို့ဆိုလာပါတယ်။

မိန်းကလေး ပရိသတ်တွေအရမ်းစိတ်ဝင်စားနေတဲ့ သူမရဲ့မောင်လေးနာမည်ကတော့ အုပ်မှူးမြတ် ဖြစ်ပြီး လက်ရှိမှာ အသက်က (၁၆)နှစ် သာရှိသေးပေမဲ့လည်း သူမနဲ့အလွန် ရုပ်ချင်းဆင်တူတာမို့ပရိသတ်တွေပိုလို့စိတ်ဝင်စားခြင်းခံရတာဖြစ်ပါတယ်။ပိုးကြာဖြူခင်နဲ့ (၁၀)နှစ်လောက်ကွာပေမဲ့လည်းအစ်မဖြစ်သူကဲ့သို့အနုပညာကိုဝါသနာပါတယ်ဆိုတဲ့ သူမရဲ့မောင်လေးနဲ့ပတ်သက်လို့

“ညီမနဲ့က အသက်၁၀နှစ်လောက်ကွာတယ်။ ပရိသတ်တွေစိတ်ဝင်စားတယ်ဆိုတာညီမနဲ့တူလို့ထင်တယ်။မောင်လေးက အေးတယ် လူများတဲ့နေရာသွားရတာမကြိုက်ဘူး။ ကောင်လေးတွေကသူကို ယောက်ဖလို့ခေါ်တယ်။မိန်းကလေးတွေနဲ့တွေ့ရင် ညီမကို ယောက်မလို့ခေါ်ကြတယ်။နုပညာကိုတော့ဝါသနာပါတယ် သူရဲ့အားသာချက်တစ်ခုက မျက်ကိုပြုပြင်စရာမလိုဘူးချောနေတာ။ ညီမနဲ့ဓါတ်ပုံရိုက်ရင်တောင် မောင်လေးကိုချောတယ်ပြောကြတယ်။ မော်ဒယ်လုပ်တာသရုပ်ဆောင်လုပ်တာကို ၀ါသနာမပါဘူး။သီချင်းဆိုတာကို ၀ါသနာပါတာ တီးရတာကိုလည်းဝါသနာပါတယ်။“လို့ပြောပြလာပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးရေ… သီချင်းဆိုတာကိုဝါသနာပါတယ်ဆိုတဲ့ ပိုးကြာဖြူခင်ရဲ့ မောင်လေး အနုပညာလောကထဲကို ၀င်ရောက်လာမယ်ဆိုရင်ရော အားပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။

credit – celegabar

Share From Lovely Myanmar