“သားသားကို မင်းသားလေးဖြစ်စေချင်တယ်ဆိုတဲ့မေမေစိုးမိုးကြည်”




CRD-Celegabar

UNICODE

ပရိသတ်အားပေးမှုကိုရရှိထားတဲ့ စိုးမိုးကြည်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။သူမှာတော့ သားနဲ့ သမီး နှစ်ယောက်ရှိပြီးတော့ သမီးက အမေရိကမှာကျောင်းတက်နေတာဖြစ်ပါတယ်။ သားကတော့ ဒီမှာရှိပြီးတော့ သင်တန်းတေတက်နေတာဖြစ်ပြီး သားကိုမင်းသားလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုတာကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

မောင်နှမနှစ်ယောက်လုံးက အနုပညာဝါသနာမပါဘူး ဒါပေမယ့် သားသားကို အနုပညာဘက်ပါလာအောင် မြူဆွယ်နေရတယ်။ သားသားလေးကို မင်းသားလေးဖြစ်စေချင်တယ်။ ဒါပေမယ့်သူရဲ့ ဝါသနာပေါ်လည်းမူတည်သေးတယ်လေ။ မြူဆွယ်တဲ့အနေနဲ့ ဇာတ်ကားလေးတွေကြည့်ခိုင်းတယ်။ကိုယ်သွားရာခေါ်သွားပြီးပရိသတ်တွေကိုယ့်ကို ဘယ်လိုလေးချစ်တယ်ဆိုတာကိုပြတယ် အားကြောင့် ကို့ဘက်တော့နည်းနည်းပါလာတယ်လို့လည်းပြောပြထားပြီးတော့သားကိုဖြစ်စေချင်တဲ့ပုံစံကိုလည်း“နိုင်ငံခြားကားတွေထဲကလို အရမ်းချောတဲ့ဗီလိန် ကောင်လေးနေရာကနေသရုပ်ဆောင်စေချင်တယ်။

ခုလောလောဆယ်တော့ ဂျင်ဆော့ခိုင်းထားတယ်။ နူနူညံ့ညံ့လေးမဟုတ်ဘူး ခပ်မိုက်မိုက်ပုံစံလေးနဲ့ အရမ်းချောတဲ့မင်းသားလေးတစ်လက်ဖြစ်စေချင်တယ်။ ကောင်မလေတွေကြိုက်မဲ့ ကျစ်ကန်ကန်ဘဲလေးတစ်ဗွေ ဖြစ်စေချင်တယ်လို့ ပြောပြထားပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော စိုးမိုးကြည်ရဲ့ သားချောလေးကိုဘယ်လိုကာရိုက်တာနဲ့ တွေချင်လဲဆိုတာမှတ်ချက်လေးရေးပေးခဲ့ပါဦး။

Share From Global Myanmar Media