ကေလးေတြမျမင္ေအာင္ သူတို႕အိပ္ခ်ိန္မွာ ေဆးလိပ္ေသာက္တာနဲ႕ ကြမ္းစားတာကိုလုပ္ျဖစ္ေနတယ္လို႕ ဆိုလာတဲ့ အူ၀ဲ

အူ၀ဲ လို႕ အသိမ်ားၾကတဲ့ နို္င္ငံေက်ာ္ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္ကေတာ့ လက္ရွိမွာ သားသမီး(၃) ေယာက္ပို္င္ဆိုင္ထားျပီျဖစ္တဲ့ အိမ္ေထာင္ရွင္ အနုပညာသည္တစ္ဦးျဖစ္ျပီး အသက္(၄၀)ေက်ာ္ ၊

ကေလး(၂)ေယာက္မိခင္လို႕ မထင္မွတ္ရေလာက္ေအာင္ နုပ်ိဳသူ တစ္ေယာက္ျဖစ္ပါတယ္။ ယေန႕တိုင္ ရုပ္ရွင္ေလာကရဲ႕ ထိပ္တန္း မင္းသမီးအျဖစ္ရပ္တည္ေနနိုင္တဲ့ အူ၀ဲဟာ လက္ရွိမွာ “ဟစ္တိုင္” ဆိုတဲ့ သက္ငယ္မုဒိန္းပညာေပးရုပ္ရွင္ဇာတ္ကားၾကီးကို အသက္၀င္ေအာင္ ပင္တိုင္သရုပ္ေဆာင္သူ ရဲရဲေတာက္စိတ္ဓာတ္နဲ႕ “ေဒါင္းနီ” အျဖစ္ ျမင္ေတြ႕ရမွာျဖစ္ျပီး အကယ္ဒမီဆုၾကီး(၂)ဆု ဆြတ္ခူးရရွိထားတဲ့ မင္းသမီးမို႕ သရုပ္ေဆာင္ပိုင္းမွာ တထူးတလည္လိုအပ္ခ်က္ ျမင္ေတြ႕ရမယ္ မထင္ပါဘူးေနာ္။

“ဟစ္တိုင္” သက္ငယ္မုဒိန္းပညာေပးရုပ္ရွင္ဇာတ္ကားၾကီးကို ေမလ(၁၆) ရက္ေန႕က စတင္ရံုတင္ျပသခဲ့တာျဖစ္ျပီး မာန္အျပည္႕ ၊ ခက္ထန္မႈအျပည္႕နဲ႕ ေဒါင္းနီ အျဖစ္ အူ၀ဲတစ္ေယာက္ တကယ္ရူးေလာက္ောအင္ စိတ္ပင္ပန္း၊လူပင္ပန္းစြာနဲ႕ အေကာင္းဆံုးၾကိဳးစားထားေၾကာင္း ေျဖၾကားထားတာလည္းေတြ႕ရပါတယ္။

မိခင္တာ၀န္၊ အိမ္ေထာင္တာ၀န္ လည္း ေက်ပြန္သလို အနုပညာပို္င္းမွာလည္း တာ၀န္ေက်ေအာင္ ၾကိဳးစားေနရသူျဖစ္လတ္တေလာမွာ ကေလးေတြ မျမင္ေအာင္ သူတို႕အိပ္ခ်ိန္မွာ ေဆးလိပ္ေသာက္တာနဲ႕ ကြမ္းစားတာကိုလုပ္ျဖစ္ေနတယ္လို႕ ဆိုလာပါတယ္။

ကြမ္းစားျခင္းနဲ႕ ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးကို အေတာ္ေလးထိခိုက္ေစသလို လူတစ္ေယာက္ရဲ႕ နုပ်ိဳမႈေတြကိုပါ ဖ်က္စီးပစ္နိုင္တာမို႕ အူ၀ဲတစ္ေယာက္ဘာေတြ လုပ္ေနပါလိမ္႕လို႕ ထင္စရာရွိပါတယ္။ အူ၀ဲဟာ က်ရာဇာတ္ေကာင္တိုင္းမွာ တကယ္တာ၀န္ေက်ေအာင္ၾကိဳးစားခ်င္သူ မို႕ ” ရိုးမေပၚက်တဲ့ မ်က္ရည္ ” ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ သရုပ္ေဆာင္မဲ့ ကိုတိုး ဆိုတဲ့ ေယာက်္ားလ်ာတစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္မွာျဖစ္ျပီး ”

“ကာရိုက္တာက ကိုတိုးဆိုတဲ့ ေယာက်္ားလ်ာပါ။အရင္ကလည္း ေယာက်ာ္းလ်ာကာရိုက္တာ ရိုက္ဖူးပါတယ္။ ဒါေပမဲ့ ဖန္စီ ေပါ့ေပါ့ပါးပါးေလးေတြ။ ဒီဟာက ေက်ာင္းဆရာလည္းျဖစ္တယ္။ ခုကိုတိုးဆိုတဲ့ ဇာတ္ေကာင္က ကြမ္းစားတယ္၊ ေဆးေပါလိပ္ ေသာက္တယ္ဆိုေတာ့ ဒီကာရိုက္တာ တစ္ခုပီျပင္ဖို႕ ပိုအေရးၾကီး တယ္။ ဒါေၾကာင့္ ေဆးေပါလိပ္နဲ႕ ကြမ္းေတြစားျပီး ေလ႕က်င့္ေနရတယ္။ ေဆးေပါလိပ္က အနံ႕ေတာ္ေတာ္ဆိုးတယ္။အိမ္မွာ ကေလးေတြရွိေတာ့ ကေလးေတြအိပ္တဲ့ အခ်ိန္ကိုေစာင့္ျပီး လုပ္ရတာေပါ့။” လို႕ အူ၀ဲက Cele gabar exclusive အင္တာဗ်ဴးမွာ ခုလို ေျပာၾကားလာမို႕ ကဲ ဆယ္လီကမာၻပရိသတ္ၾကီးေရ.. ကိုတိုး အျဖစ္နဲ႕ ျမင္ေတြ႕ရျပန္ဦးမဲ့ အူ၀ဲကို အားေပးၾကမွာလား…?

source: Celegabar exclusive
Khin mi Mi CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

အူဝဲ လို့ အသိများကြတဲ့ နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ သားသမီး(၃) ယောက်ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အိမ်ထောင်ရှင် အနုပညာသည်တစ်ဦးဖြစ်ပြီး အသက်(၄၀)ကျော် ၊ ကလေး(၂)ယောက်မိခင်လို့ မထင်မှတ်ရလောက်အောင် နုပျိုသူ တစ်ယောက်ဖြစ်ပါတယ်။

ယနေ့တိုင် ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးအဖြစ်ရပ်တည်နေနိုင်တဲ့ အူဝဲဟာ လက်ရှိမှာ “ဟစ်တိုင်” ဆိုတဲ့ သက်ငယ်မုဒိန်းပညာပေးရုပ်ရှင်ဇာတ်ကားကြီးကို အသက်ဝင်အောင် ပင်တိုင်သရုပ်ဆောင်သူ ရဲရဲတောက်စိတ်ဓာတ်နဲ့ “ဒေါင်းနီ” အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အကယ်ဒမီဆုကြီး(၂)ဆု ဆွတ်ခူးရရှိထားတဲ့ မင်းသမီးမို့ သရုပ်ဆောင်ပိုင်းမှာ တထူးတလည်လိုအပ်ချက် မြင်တွေ့ရမယ် မထင်ပါဘူးနော်။

“ဟစ်တိုင်” သက်ငယ်မုဒိန်းပညာပေးရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၁၆) ရက်နေ့က စတင်ရုံတင်ပြသခဲ့တာဖြစ်ပြီး မာန်အပြည့် ၊ ခက်ထန်မှုအပြည့်နဲ့ ဒေါင်းနီ အဖြစ် အူဝဲတစ်ယောက် တကယ်ရူးလောက်ောအင် စိတ်ပင်ပန်း၊လူပင်ပန်းစွာနဲ့ အကောင်းဆုံးကြိုးစားထားကြောင်း ဖြေကြားထားတာလည်းတွေ့ရပါတယ်။

မိခင်တာဝန်၊ အိမ်ထောင်တာဝန် လည်း ကျေပွန်သလို အနုပညာပိုင်းမှာလည်း တာဝန်ကျေအောင် ကြိုးစားနေရသူဖြစ်လတ်တလောမှာ ကလေးတွေ မမြင်အောင် သူတို့အိပ်ချိန်မှာ ဆေးလိပ်သောက်တာနဲ့ ကွမ်းစားတာကိုလုပ်ဖြစ်နေတယ်လို့ ဆိုလာပါတယ်။

ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို အတော်လေးထိခိုက်စေသလို လူတစ်ယောက်ရဲ့ နုပျိုမှုတွေကိုပါ ဖျက်စီးပစ်နိုင်တာမို့ အူဝဲတစ်ယောက်ဘာတွေ လုပ်နေပါလိမ့်လို့ ထင်စရာရှိပါတယ်။ အူဝဲဟာ ကျရာဇာတ်ကောင်တိုင်းမှာ တကယ်တာဝန်ကျေအောင်ကြိုးစားချင်သူ မို့ ” ရိုးမပေါ်ကျတဲ့ မျက်ရည် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်မဲ့ ကိုတိုး ဆိုတဲ့ ယောကျ်ားလျာတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ”

“ကာရိုက်တာက ကိုတိုးဆိုတဲ့ ယောကျ်ားလျာပါ။အရင်ကလည်း ယောကျာ်းလျာကာရိုက်တာ ရိုက်ဖူးပါတယ်။ ဒါပေမဲ့ ဖန်စီ ပေါ့ပေါ့ပါးပါးလေးတွေ။ ဒီဟာက ကျောင်းဆရာလည်းဖြစ်တယ်။ ခုကိုတိုးဆိုတဲ့ ဇာတ်ကောင်က ကွမ်းစားတယ်၊ ဆေးပေါလိပ် သောက်တယ်ဆိုတော့ ဒီကာရိုက်တာ တစ်ခုပီပြင်ဖို့ ပိုအရေးကြီး တယ်။ ဒါကြောင့်
ဆေးပေါလိပ်နဲ့ ကွမ်းတွေစားပြီး လေ့ကျင့်နေရတယ်။ ဆေးပေါလိပ်က အနံ့တော်တော်ဆိုးတယ်။

အိမ်မှာ ကလေးတွေရှိတော့ ကလေးတွေအိပ်တဲ့ အချိန်ကိုစောင့်ပြီး လုပ်ရတာပေါ့။” လို့ အူဝဲက Cele gabar exclusive အင်တာဗျူးမှာ ခုလို ပြောကြားလာမို့ ကဲ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ.. ကိုတိုး အဖြစ်နဲ့ မြင်တွေ့ရပြန်ဦးမဲ့ အူဝဲကို အားပေးကြမှာလား…?

Share From CeleGabar