We Love ေတြအပါအ၀င္ ခင္ပြန္း၊ မိခင္နဲ႕ ညီမေလး မိသားစု၀င္ စံုလင္စြာနဲ႕ ေမြးေန႕အလွဴျပဳလုပ္ခဲ့တဲ့ ေရႊမႈန္ရတီ

ေရႊမႈန္ရတီကေတာ့ ျမန္မာနိုင္ငံရဲ႕ ထိပ္တန္း အနုပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္သလို အနုပညာေလာကကို (၁၆) နွစ္ အရါယ္ကတည္းက ၀င္ေရာက္လာခဲ့သူျဖစ္ျပီး သူမရဲ႕ ေအာင္ျမင္မႈ နဲ႕ စန္းကေတာ့ အခ်ိန္တိုအတြင္ းေအာင္က်္ာေက်ာ္ၾကားေစခဲ့သလို ရုပ္ရွင္နဲ႕ ေၾကာ္ျငာပို္င္းေတြမွာ ေနရာယူ လႊမ္းမိုးထားသူျဖစ္ပါတယ္။ သူမ အေအာင္ျမင္ဆ့ုးအခ်ိန္မွာပဲ သူမ ခ်စ္ရတဲ့ ခင္ပြန္းျဖစ္သူ အဆိုေတာ္ ေရႊထူးနဲ႕ ခ်စ္သူသက္တမ္း လအနည္းငယ္ေလးအတြင္း မွာ ပရိသတ္နဲ႕ မိသားစုေတြရဲ႕ သေဘာထားကြဲလြဲမႈေတြၾကား ရဲရဲရင့္ရင့္နဲ႕ ရင္ဆိုင္ လက္တြဲခဲ့ၾကတာျဖစ္ျပီး နွစ္ဖက္မိသားစု ေတြကလည္း သေဘာတူညီမႈမရွိခဲ့တဲ့ထိ ျဖစ္ပါတယ္။

အိမ္ေထာင္ျပဳတာ မၾကာေသးေပမဲ့လည္း အိမ္ေထာင္မႈနိုင္နင္းသလို အခ်က္အျပဳတ္လည္းေတာ္တဲ့ သဲကို ပို္င္ဆိုင္ရတဲ့ ေရႊထူးအေနနဲ႕ လည္း တကယ့္ကို ကံေကာင္းတယ္လို႕ ဆိုနိုင္သလို တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္မ၀တဲ့ သူတို႕နွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးေလးကလည္း တကယ့္ကို အားက်စရာပါ။ ေမလ(၁၆) ရက္ေန႕ ေကတာ့ သဲရဲ႕ (၂၁) နွစ္ျပည္႕ ေမြးေန႕ေလးျဖစ္ျပီး နွစ္တိုင္း အေမျဖစ္သူ ရယ္၊ ညီမေလး ေငြမႈန္ရတီ နဲ႕ We Love ပရိသတ္ေတြပါ၀င္လို႕ ေမြးေန႕အလွဴျပဳလုပ္ျမဲျဖစ္သလို ဒီနွစ္မွာ ထူးထူးျခားျခား သဲရဲ႕ ခင္ပြန္းအျဖစ္ ေရႊထူးက မိသားစု၀င္ထဲမွာ အပါအ၀င္ျဖစ္လာျဖစ္ပါတယ္။

ဒီနွစ္မွာေတာ့ သဲရဲ႕ ေမြူးေန႕ မနက္ပိုင္းအလွဴကို ေမွာ္ဘီက ဂ်ပန္ဘုရား ဘုန္းၾကီးေက်ာင္းမွာ သြားေရာက္ျပဳလုပ္ခဲ့ျပီး သဲရဲ႕ အေမ နဲ႕ သမက္ျဖစ္တဲ့ ေရႊထူးတို႕ လည္း အဆင္္ေျပေနျပီျဖစ္သလို ေမြးခ်င္း ညီအမ အရင္းျဖစ္တဲ့ ညီမေလး ေငြမႈန္ရတီ က ပါ လိုက္ပါလို႕ အတူတူ ေမြးေန႕မွာ ဆြမ္းကပ္၊ တရားနာကာ အလွဴ အတူတူျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ သဲကို ခ်စ္ၾကတဲ့ အခိုင္အမာ ပရိသတ္ေတြျဖစ္တဲ့ We Love Shwe Mhone Yati ပရိသတ္ေတြလည္း လိုက္ပါ ပါရမီျဖည္႕ေပးခဲ့ၾကသလို သဲအတြက္ ေမြးေန႕လက္ေဆာင္ နဲ႕ ကိတ္ေလးပါ အတူတူ ခြဲခဲ့ၾကတာျဖစ္ျပီး သဲကို ခ်စ္ၾကတဲ့ ဆယ္လီကမာၻပရိသတ္ေတြ အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

source: Shwe Mhone Yati
Khin mi Mi CeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

We Love တွေအပါအဝင် ခင်ပွန်း၊ မိခင်နဲ့ ညီမလေး မိသားစုဝင် စုံလင်စွာနဲ့ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ ရွှေမှုန်ရတီ

ရွှေမှုန်ရတီကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်သလို အနုပညာလောကကို (၁၆) နှစ် အရါယ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူမရဲ့ အောင်မြင်မှု နဲ့ စန်းကတော့ အချိန်တိုအတွင် းအောင်ကျ်ာကျော်ကြားစေခဲ့သလို ရုပ်ရှင်နဲ့ ကြော်ငြာပိုင်းတွေမှာ နေရာယူ လွှမ်းမိုးထားသူဖြစ်ပါတယ်။ သူမ အအောင်မြင်ဆ့ုးအချိန်မှာပဲ သူမ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ချစ်သူသက်တမ်း လအနည်းငယ်လေးအတွင်း မှာ ပရိသတ်နဲ့ မိသားစုတွေရဲ့ သဘောထားကွဲလွဲမှုတွေကြား ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင် လက်တွဲခဲ့ကြတာဖြစ်ပြီး နှစ်ဖက်မိသားစု တွေကလည်း သဘောတူညီမှုမရှိခဲ့တဲ့ထိ ဖြစ်ပါတယ်။

အိမ်ထောင်ပြုတာ မကြာသေးပေမဲ့လည်း အိမ်ထောင်မှုနိုင်နင်းသလို အချက်အပြုတ်လည်းတော်တဲ့ သဲကို ပိုင်ဆိုင်ရတဲ့ ရွှေထူးအနေနဲ့ လည်း တကယ့်ကို ကံကောင်းတယ်လို့ ဆိုနိုင်သလို တစ်ယောက်ကိုတစ်ယောက် ချစ်မဝတဲ့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးကလည်း တကယ့်ကို အားကျစရာပါ။ မေလ(၁၆) ရက်နေ့ ကေတာ့ သဲရဲ့ (၂၁) နှစ်ပြည့် မွေးနေ့လေးဖြစ်ပြီး နှစ်တိုင်း အမေဖြစ်သူ ရယ်၊ ညီမလေး ငွေမှုန်ရတီ နဲ့ We Love ပရိသတ်တွေပါဝင်လို့ မွေးနေ့အလှူပြုလုပ်မြဲဖြစ်သလို ဒီနှစ်မှာ ထူးထူးခြားခြား သဲရဲ့ ခင်ပွန်းအဖြစ် ရွှေထူးက မိသားစုဝင်ထဲမှာ အပါအဝင်ဖြစ်လာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ သဲရဲ့ မွေူးနေ့ မနက်ပိုင်းအလှူကို မှော်ဘီက ဂျပန်ဘုရား ဘုန်းကြီးကျောင်းမှာ သွားရောက်ပြုလုပ်ခဲ့ပြီး သဲရဲ့ အမေ နဲ့ သမက်ဖြစ်တဲ့ ရွှေထူးတို့ လည်း အဆင်ပြေနေပြီဖြစ်သလို မွေးချင်း ညီအမ အရင်းဖြစ်တဲ့ ညီမလေး ငွေမှုန်ရတီ က ပါ လိုက်ပါလို့ အတူတူ မွေးနေ့မှာ ဆွမ်းကပ်၊ တရားနာကာ အလှူ အတူတူပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သဲကို ချစ်ကြတဲ့ အခိုင်အမာ ပရိသတ်တွေဖြစ်တဲ့ We Love Shwe Mhone Yati ပရိသတ်တွေလည်း လိုက်ပါ ပါရမီဖြည့်ပေးခဲ့ကြသလို သဲအတွက် မွေးနေ့လက်ဆောင် နဲ့ ကိတ်လေးပါ အတူတူ ခွဲခဲ့ကြတာဖြစ်ပြီး သဲကို ချစ်ကြတဲ့ ဆယ်လီကမ္ဘာပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Share From CeleGabar