ကြည့်မိသူတိုင်း အမေကိုသတိရသွားစေမယ့် နေခြည်ဦးတင်လိုက်တဲ့ ဗီဒီယို

ပရိသတ်တွေ အားပေးမှုကြောင့် လက်ရှိမှာနေရာတခုကို ရနေပြီဖြစ်တဲ့ Beauty Blogger တယောက်ဖြစ်တဲ့ နေခြည်ဦးကိုတော့ တော်တော်များများ ရင်းနှီးပြီးသားလည်း ဖြစ်မှာပါ။ သွက်သွက်လက်လက် နဲ့ လျင်လျင်မြန်မြန်ရှိတဲ့ သူမရဲ့ အမူအရာလေးတွေကြောင့် ပရိသတ် ဝန်းရံမှုကလည်း ပိုပြီးတော့များလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ နေခြည်ဦးကတော့ Blogger တယောက်ကနေ မင်းသမီး တယောက်တောင် ဖြစ်နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေကလည်း အောင်မြင်မှု ရရှိခဲ့ပြီး လက်ရှိမှာလည်း ရုပ်ရှင်တွေ အဆက်မပြတ် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ပြည့်စုံနေတဲ့ နေခြည်ဦးတယောက်ကတော့ အချစ်ရေးမှာလည်း ကံကောင်းသလို မိသားစုရေးမှာလည်း ကံကောင်းတဲ့သူတယောက် ဖြစ်ပါတယ်။ နေခြည်ဦးကတော့ မိသားစုကိုလည်း ချစ်မြတ်နိုးသူ တယောက်ဖြစ်ပြီး ဂရုစိုက်တတ်တဲ့သူပါ။ သူမရဲ့ အမေကလည်း သူ့အပေါ်ကို အလွန်ကောင်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တယောက်ပါ။ နေခြည်ဦးအပြင်ထွက်တိုင်းလည်း သမီးလေးကို အမြဲနှုတ်ဆက်ပြီး ပျော်ပျော်နေဖို့ ပြောနေသူ တယောက်ဖြစ်တာကို နေခြည်ဦးကတော့ “ဗီဒီယိုလေး တင်ထားတာ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ Shooting သွားရင် စိတ်အေးအေးထားတဲ့
ကြာပန်းလေး စိတ်လန်းအောင် ခူးပေးလိုက်တယ်Chillies တွေရှိတာ မမေ့နဲ့တဲ့ ဪအပူအပင်ကင်းတဲ့ ကလေးလေး မေမေ” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ နေခြည်ဦးက သူမရဲ့ အမေ သူ့ကို ချစ်စရာကောင်းလောက်အောင် မှာကြားနေပုံကို ဗီဒီယိုရိုက်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး မိခင်တယောက်ရဲ့ ဖြူစင်လွန်းတဲ့ မေတ္တာလို့တောင် တင်စားနေကြတာ ဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်လိုက်ရင်လည်း အမေတွေရဲ့ မေတ္တာကို ချက်ချင်းနားလည်သွားပြီး အမေ့ကို ပြေးဖက်ချင်သွားကြမယ် ထင်ပါတယ်။

ဒီဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း မျှဝေခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ နေခြည်ဦးနဲ့ သူမရဲ့ အမေဆက်ဆံမှုလေးက ဘယ်လောက်တောင် ချစ်စရာကောင်းပြီး နွေးထွေးမှုရှိလည်းဆိုတာကို ခံစားမိကြမှာပါ။