ဒွေးရဲ့မွေးနေ့မှာ ကိုယ့်ကိုယ်ကို ဒေါသထွက်တယ်ဆိုတဲ့ ဒွေးရဲ့ဇနီးဒေါ်မိုးမိုး

ဟိုးအရင်တစ်ချိန်တုန်းက အရမ်းအရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ ပြည်သူချစ်တဲ့ မင်းသားကြီး ဒွေးဟာ ကွယ်လွယ်ခဲ့တာ ၁၂ ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၇ရက်နေ့ဟာဆိုရင်လည်း ဒွေးရဲ့ ၅၃နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ်။ မွေးမှာအရင်တုန်းကဆို မိုးလင်းတာနဲ့ Surprise တစ်ယောက်နဲ့တစ်ယောက် လုပ်ကြတယ်လို့ ဒွေးရဲ့ ဇနီးဖြစ်သူ ဒေါ်မိုးမိုးက ဒွေးကိုသတိရတဲ့အကြောင်းတွေကို Myanmarload ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

ဒွေးရဲ့ဇနီးဖြစ်သူ ဒေါ်မိုးမိုးက “အစ်မ မနက်ကတော့ ဘုရားရေသပ္ပါယ်တယ် ဆွမ်းထကပ်တယ် ပဌာန်းတွေဘာတွေ ရွတ်ပေးပြီးတော့ မေတ္တာပို့ အမျှပေးဝေပါတယ်။ အစ်မလုပ်ပေးနိုင်တာလေးပေါ့နော် အလှူတစ်ခု မလုပ်ပေးနိုင်ပေမယ့် ကြိုးစားပြီးတော့ ဒါကတော့ အကောင်းဆုံးအမွန်မြတ်ဆုံး ဖြစ်မယ်လို့ အစ်မ မျှော်လင့်ပါတယ်။ သက်ရှိထင်ရှားရှိနေတုန်းကတော့ အစ်မတို့မိသားစုလေး ၃ယောက်ပေါ့နော် မိုးလင်းလာရင် Surprise လုပ်နေကြပေါ့နော် တစ်ယောက်တစ်လှည့် အခုတော့ လုပ်စရာမရှိဘူးပေါ့။

အစ်မ အမှန်တိုင်းပြောရရင် မနေ့က ၆ရက်နေ့ဆိုတာတောင် မသိဘူး တကယ်တမ်းတော့ မေ့နေတာ ဘယ်နေ့တွေ ဘယ်ရက်တွေမှန်းတောင် မသိဘူး။ အရမ်းစိတ်တွေပင်ပန်းပြီး မွန်းကျပ်နေတယ်နေတယ်အစ်မ။ မနေ့ကညက အိပ်လိုက်တယ် တစ်နာရီထိုးလောက်ကျတော့ အစ်မစိတ်ထဲမှာ ရောက်လာတယ် အစ်မတို့နှစ်ယောက် ပုံမှန်လိုပဲ ပေါ့ပေါ့ပါးပါး အိပ်နေတယ်လို့မသိရဘူး အစ်မစိတ်ထဲမှာ ဒါပေမဲ့ အစ်မမနက်မိုးလင်းတဲ့အချိန်မှာ ဒီနေ့ ၇ရက်နေ့ပါလားဆိုပြီး ဖုန်းလေးက ကောက်ကိုင်လိုက်တဲ့ အချိန်မှာ အစ်မသားကလေ သူ့အဖေကို လွမ်းကြောင်းတင်ထားတယ်သိလား။ အရမ်းစိတ်ခိုက်ရတယ်ဒီနေ့။

ဒီနေ့လိုမျိုးဆို တကယ်တမ်းက အစ်မတို့က ပွဲလေးတစ်ခု လုပ်နေကြပေါ့နော်။ အင်းယားကန်ဘောင်သွားချင်လည်း သွားမယ်ပေါ့။ စိတ်ထဲမှာတော့ နေလည်ကတော့ သတိရတာပေါ့နော် ဒါပေမဲ့ အစ်မ သတိရတဲ့ စိတ်က အကြာကြီး မခံနိင်နေဘူး။ အစ်မရဲ့ Stress တွေကြောင့် ဖြတ်ခနဲ ဖြတ်ခနဲမှာ ကိုယ့်အလုပ်တွေ ထထလုပ်နေရတယ်ပေါ့နော် အစ်မအဲ့အတွက်ကြောင့် ဒီနေ့ ကိုယ့်ကိုယ်ကိုယ်အရမ်းဒေါသထွက်နေတယ်။

ခါတိုင်းမွေးနေ့နှစ်တွေမှာ အဲ့လောက်အထိ စိတ်မထိခိုက်ခဲ့ဘူး။ သတိရတာပဲ ရှိတယ်ပေါ့နော် အစ်မဒီနှစ်မှာ သတိရတယ်ဆိုတဲ့စကားလုံးထက်ကျော်ပြီးတော့ ပြောပြချင်တယ် ဒါပေမဲ့ အဲ့စကားတွေ ပြောပြဖို့ အင်အားလည်း မရှိဘူး သုံးပြစရာ စကားလုံးလည်း မရှိလို့ အစ်မ ဘာမှ ပိုမပြောချင်ဘူး။ တတ်နိုင်ရင် အစ်မ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးပေါ့နော်။ တစ်နေရာမှာ ခဏလောက် တစ်ယောက်တည်းသွားနေပြီ အော်ငိုလိုက်ချင်တယ် ဒီနေ့တစ်နေ့ကတော့” လို့ ဝမ်းနည်းစရာ ပြောပြထားပါတယ်။

Share From nanmalgyi