တစ်ယောက်နဲ့ တစ်ယောက် ညှိယူစရာမလိုဘူးဆိုတဲ့ မေတိုးခိုင်နဲ့ နော်ဖောအယ်ထား

အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်လာပြီး ချစ်စရာဟန်ပန်အမူအရာ တိုင်းရင်းသူဖြစ်တာကြောင့် စကားသံဝဲဝဲလေးတွေတို့ကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာနေပြီ ဖြစ်တဲ့ နော်ဖောအယ်ထားနဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သယ မေတိုးခိုင်တို့ကတော့ လက်ရှိအချိန်မှာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်နေပေမယ့်လည်း အချစ်ရေးအကြောင်းကို မတိုင်ပင်ဖြစ်ဘူးလို့ Cele 7 ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

မေတိုးခိုင်က “အချစ်ရေးက တိုင်ပင်ဖြစ်လား မတိုင်ပင်ဖြစ်ဘူးနော် အဲ့တာက တိုင်ပင်ဖြစ်တဲ့အထဲမှာ မပြောဖြစ်ဆုံးပဲ။ “လို့ ပြောခဲ့ပြီး နောဖော်အယ်ထားကလည်း “ကိုယ့်ဟာနဲ့ကိုယ်ပဲ နေကြတာများတော့ မပြောဖြစ်ဘူး နင်ဒီတစ်ယောက်ကို ကြိုက်လိုက်ပါလားတို့ တစ်ခါမှ မပြောဖူးဘူး။ အလုပ်တွေက နှစ်ယောက်စဉ်းစားရမယ်အရာတွေက အရမ်းများနေတော့ အဲ့အပေါ်မှာ အာရုံစိုက်ပြီးတော့ အဲ့အပေါ်မှာ လိုအပ်တဲ့ဟာတွေကို တိုင်ပင်ဆွေးနွေးတာတွေက များတယ်ပေါ့နော်။ အဲ့တာလေးတိုင်ပင်လိုက် အလုပ်လုပ်လိုက်ဆိုတော့ အဲ့အရာကို မပြောဖြစ်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

နှစ်ယောက်အတူတူသွားချင်တဲ့ ခရီးအကြောင်းကို မေးမြန်းရာ မေတိုးခိုင်က “ဆွစ်ဇလန်သွားချင်တယ် အဲ့လိုမျိုး တောင်ပေါ်မြို့ကိုကြိုက်တယ် နှစ်ယောက်လုံး တောင်ပေါ်မြို့ကိုကြိုက်တယ် အေးအေးဆေးဆေး မြို့ကိုသွားချင်တယ်။ တစ်ခေါက်တစ်ခေါက်လာတိုင်းက ခံစားချက်က အတူတူပဲ ပျော်တယ် ရောက်ရင် စိတ်က Relax ဖြစ်သွားတယ်။ အလုပ်နဲ့ လာရပေမယ့်လည်း အလုပ်က ဒီမှာ မို့လို့ စိတ်က Relax ဖြစ်တယ် ရန်ကုန်မှာ ထက်စာရင်။”လို့ပြောသွားခဲ့ပါတယ်။

နှစ်ယောက်သား စကားများဖူးလားလို့ မေးမြန်းရာ နော်ဖော်အယ်ထားက “များတဲ့အဆင့်အထိကို မရောက်လိုက်ဘူး နှစ်ယောက်သားက အရမ်းနားလည်မှုရှိလို့လည်း ပေါင်းဖြစ်တာပေါ့။ သူငယ်ချင်းတွေ အများကြီးကို ပေါင်းဖူးပါတယ် နားလည်မှုအရမ်းရှိတယ် အတင်းကြီး လိုက်ပြီးတော့ သူများမဖြစ်နိုင်တဲ့အရာကိုလည်း အတင်းကြီး မလုပ်ဘူးပေါ့ အဓိကတော့ နားလည်မှုရှိတယ် ပွင့်လင်းတယ် အဲ့တာကြောင့်မို့လို့ ရန်လည်း မဖြစ်ဘူး။

အရိပ်အခြေကလည်း နှစ်ယောက်လုံး အရမ်း ကြည့်တတ်တဲ့သူတွေဆိုတော့ အများကြီး ညှိနှိုင်းစရာမလိုဘူး။ အရိပ်အခြေကြည့်တတ်တယ် ဖြည့်တွေးတတ်တယ် ပွင့်လင်းတယ် နားလည်တတ်တယ် အဲ့ ၄ ခုနဲ့တင် အရမ်းကို အဆင်ပြေနေပြီ။ ညှိယူစရာလည်းမလိုဘူး လုပ်ယူစရာလည်း မလိုဘူးလို့ထင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

မေတိုးခိုင်ကလည်း”ရန်ဖြစ်ခဲ့မယ်ဆိုရင်တောင် မနေနိုင်လောက်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ ပြောရမယ့် လုပ်ရမယ့် အရာတွေက အရင်ပိုပြီးတော့ များနေတော့ မေးချင်တာတွေလည်း ရှိတယ်ဆိုတော့။ အဓိက ကိုယ်ချင်းစာစိတ်ရှိတယ် ပြီးတော့ နားလည်မှုရှိတယ်ပေါ့နော်။ နားလည်ပြီးတော့ သူက ဒါမလုပ်နိုင်ဘူးဆို သူက ဒီလိုမျိုး Reason ရှိလို့ပါလား ကိုယ်က ဖြည့်တွေးတာ အဓိက ဖြည့်တွေးတတ်တာပါမယ်ထင်တယ်။”လို့ ပြော

Share From nanmalgyi