ဧည့်သည်ဇာတ်ကားမှာ ကိုယ်တွေ့တွေအများကြီးပါတယ်ဆိုတဲ့ နေခြည်ဦး

နေခြည်ဦးဟာဆိုရင် Beauty Blogger ဘဝကနေ မင်းသမီးတစ်လက်ဖြစ်လာပြီးဇာတ်ကားတော်တော်များများလည်း သရုပ်ဆောင်ခဲ့ပြီးပြီဖြစ်သလို ပထမဆုံးဇာတ်ကားမှာကတည်းက ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ဇာတ်ကားကြီးဟာ မေလ (၃၀) ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးကြည့်ရှု့ဖို့ရင်ခုန်စောင့်မျှော်နေကြပါပြီ။နေခြည်ဦးက မကြာသေးမီက 7th Sense Media နဲ့အင်တာဗျူးမှာ နှင်းနုဆိုတဲ့ကာရိုက်တာနဲ့ပတ်သက်ပြီးပြောသွားခဲ့ပါတယ်။

ဧည့်သည်ဇာတ်ကားကိုရိုက်ကူးဖြစ်ပုံကို နှင်းနုက “ဒီဇာတ်ကားလေးက လူငယ်တွေရဲ့သုံးပွင့်ဆိုင်ဇာတ်ကားလေးလည်းဖြစ်တယ်။ နေခြည်က ဒီကားထဲမှာနှင်းနုဆိုတဲ့ကာရိုက်တာလေးကို စဖတ်ကတည်းက စီးမျောသွားတာပေါ့နော်။ ဘာလို့ဆို ဟိုးအရင်ကတည်းက နေခြည်အသည်းကွဲဖူးတဲ့ခံစားချက်တွေနဲ့လည်း ဒီကားထဲမှာက တောတော်များများတိုက်ဆိုင်နေတယ်။ခံစားချက်တွေတိုက်ဆိုင်လို့လည်းဒီကားလေးကိုလက်ခံဖြစ်တာပါပါတယ်”လို့ ပြောပြထားပါတယ်။

နေခြည်ဦးက ဒီကားထဲမှာ ကိုယ်ပိုင်ခံစားချက်တွေကိုအသုံးချပြီးပီပြင်အောင်သရုပ်ဆောင်ခဲ့ကြောင်း “နေခြည့်ကိုယ်ပိုင်ခံစားချက်တွေကိုသုံးခဲ့တာ။ ဒီကားထဲမှာ မဆိုးဘူး။ ငိုတတ်သွားပြီ။ ရန်သူမှာတုန်းကမငိုတတ်တော့ ပြဿနာတက်သွားတယ်။ ရန်သူကားမှာထည့်ရတဲ့ကြေကွဲတဲ့စိတ်က အတွေ့အကြုံမရှိဘူး။ ဒီကားထဲမှာ ကောင်မလေးက ကောင်လေးကိုအရမ်းချစ်တာ။ နောက်ပြီးတော့ Long Distance ဖြစ်သွားတော့ ကောင်လေးက အတွေ့အကြုံသစ်မှာနည်းနည်းသာယာသွားတယ်။ ကောင်မလေးက ကိုယ့်ချစ်သူကို နှမျောတဲ့စိတ်နဲ့ပြန်ရောက်လာတာပေါ့နော်။ တော်တော်များများမိန်းကလေးတွေမှာဖြစ်ဖူးကြမှာပါ။ ကိုယ့်ရည်းစားနဲ့အနေဝေးတဲ့အခါ ပြဿနာလေးတွေရှိတတ်တယ်ပေါ့။ ကိုယ့်ကိုယ်ပိုင်ခံစားချက်လေးတွေကိုထည့်ရင်းထည့်ရင်းနဲ့ မုဒ်ဝင်လာတယ်လို့ထင်ပါတယ်”လို့ ဖြေကြားထားပါတယ်။

အဲဒီကားထဲကလိုအသည်းကွဲပြီးတကယ်ငိုဖူးတယ်လို့လည်း နေခြည်က “ကားထဲမှာတော့ ရုပ်ရှင်ဆိုတော့ BG က ဖွင့်ပေးတယ်။ ကိုယ်တွေတကယ်ငိုတော့ ဘယ်သူကဖွင့်ပေးမှာလဲနော်။ ကားကြီးကိုမှန်တွေချပြီး ကားထဲကသီချင်းနဲ့ကြေကွဲဖူးတယ်။ ပိုစတာထဲမှာမေးထားတာလေ။ မိုးရေထဲမှာ ငိုဖူးလားဆိုတော့ ကိုယ်တွေထိပ်ဆုံးကငိုဖူးတယ်လို့။ အဲဒီတုန်းက နီနီခင်ဇော်လည်းမဆိုပေးဘူးပေါ့နော်။ ရှိတဲ့သီချင်းတွေဖွင့်ပေးပြီးတော့ ဆိုရတယ်။ကိုယ်နဲ့ပတ်သက်တဲ့ကောင်မလေးနဲ့လည်းစကားပြောဖူးတယ်။ အဲ့လိုမျိုးပေါ့နော်။ ကိုယ်တွေ့ဟာလေးတွေတော့ပါတယ်”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

Mood ဝင်လွန်းလို့ ပြန်တောင်ထုတ်လို့မရဘူးဖြစ်သွားတယ်လို့လည်း “နေခြည့်ကာရိုက်တာလေးက သနားဖို့အရမ်းကောင်းတယ်ဆိုတော့ နေခြည်အဲ့မှာ Mood ထည့်ရင်းနဲ့ အိပ်ရေးပျက်တာတွေ စားတာပျက်တာတွေရှိခဲ့တယ်။ ပြီးတော့ အိမ်ရောက်တာနဲ့ငိုနေတော့တာပဲ။ ပင်ပန်းတယ်ပင်ပန်းတယ်ဆိုပြီးတော့။ပင်ပန်းတာမဟုတ်ဘူး။ နှင်းနုဆိုတဲ့ကာရိုက်တာကိုဖျောက်လို့မရတာ။ ပြန်မယ်ဆို ကားပေါ်မှာလည်းငို၊အိမ်မှာလည်းငို၊တောက်လျှောက်ငို၊ အိမ်ကလည်း ဘာဖြစ်တာလဲပေါ့နော်။ ပင်ပန်းလို့လို့ ။တကယ်တော့ပင်ပန်းတာမဟုတ်ဘူး။ ကာရိုက်တာကိုဖျောက်လို့မရတာ”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။ ဧည့်သည်ဇာတ်ကားကြီးရုံတင်ရင်ရော သွားရောက်အားပေးကြည့်ရှု့ကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From Lovely Myanmar