အစာအိမ္ေရာဂါ ႏွင္ ေလပူ ေလပုပ္ေရာဂါ အတြက္ ဖီးၾကမ္းငွက္ေပ်ာသီးဓာတ္စာ

Zawgyi ျဖင့္ဖတ္၇န္

အေနာက္တိုင္း ဆရာဝန္မ်ားအတြက္ ေလပူဆိုေသာ စကားသည္ သူတို႔ေဆးပညာ ေဝါဟာရတြင္ မရွိပါ။ ျမန္မာလူမ်ိဳးမ်ားအတြက္ လူတိုင္းသိေသာ စကားျဖစ္သည္။ “ေလပူထလို႔”၊ “ေလပူေတြ အထက္ လွန္လို႔”၊ “ေလပူထၿပီး အာေခါင္ေတြေျခာက္လို႔”၊ “ေလပူလွန္ၿပီး အာသီးေရာင္လို႔”၊ “အစာအိမ္မွာ ေလပူ ထလို႔”၊ “ေလပူလွန္ၿပီး သြားဖံုးေတြႂကြလို႔”၊ “ေကာက္ညွင္းေပါင္းစားၿပီး ေလပူထလို႔”၊ “ပုဇြန္ေျခာက္ေတြစား ၿပီး ေလပူလွန္ၿပီး ႀကိဳ႕ထိုးလို႔”၊ “ႏွလံုးေလပူရိုက္ၿပီး ေမာလို႔”၊ “ေလပူထၿပီး ႏွလံုးေတြတုန္လို႔” စေသာ စကား မ်ားမွာ အရပ္ထဲတြင္ ၾကားေနက်စကားမ်ား ျဖစ္သည္။

တစ္ေလာက ေဆးပညာမဟာသိပၸံဘြဲ႕ ရထားေသာ သူငယ္ခ်င္းဆရာဝန္ႀကီး တစ္ဦးကို “ေလပူ” အေၾကာင္း ေျပာျပၿပီး “သူငယ္ခ်င္းတို႔ အေနာက္တိုင္းေဆးပညာ အယူအဆမွာ ဘယ္လိုျဖစ္ႏိုင္သလဲ” ဟု ေမးရာ သူက “အစာအိမ္မွာ အက္စစ္ရည္ (HCL) အထြက္မ်ားရာကေနၿပီး အေငြ႕ျပန္လာတဲ့ အက္စစ္အ ေငြ႕ေပါ့ကြာ။ Gas Flatulence လို႔ ေျပာႏိုင္တာေပါ့”။

သူရွင္းျပေသာ သေဘာအရ အစာအိမ္အတြင္းတြင္ အက္စစ္အခ်ဥ္ရည္မ်ား လြန္ကဲၿပီး အေငြ႕ျပန္ ကာ အေပၚသို႔ တက္လာျခင္းျဖစ္သည္။ ေရနံတြင္းမ်ားတြင္ Gas ထြက္သကဲ့သို႔ အစာမ်ိဳျပြန္မွ လည္ေခ်ာင္း၊ အာေခါင္၊ ႏႈတ္ခမ္း၊ လွ်ာ၊ သြားဖံုးမ်ားထိ တက္လာမည္။ ေလာင္ကၽြမ္းမည္။

အာယုေဗဒ ေဆးပညာတြင္ ေလမ်ိဳးရွစ္ဆယ္ဟု ဆိုၾကေသာ္လည္း အဓိကမွာ ေဒသနာနယ ေဆးပညာတြင္ ပါေသာ ဥဏွေတေဇာေၾကာင့္ ျဖစ္ေသာ ‘ဥဏွဝါေယာ’ (ေလပူ)သာလွ်င္ လူကို မေနႏိုင္ေအာင္ ဒုကၡေပးေသာ ေလမ်ိဳးျဖစ္သည္။

ပူမႈ၊ ေအးမႈ ေတေဇာျပဳဟု ဆိုသည္။ ဗိုက္ထဲတြင္ အပူရွိေနလွ်င္ ထိုအပူသည္ ၿငိမ္သက္မေနႏိုင္။ အေပၚသို႔ တက္လာမည္ ျဖစ္သည္။ အထက္သို႔ တက္စရာလမ္းမရွိလွ်င္ လမ္းလြဲၿပီး ႏွလံုးသို႔လည္း ေရာက္ ႏိုင္သည္။ အဆုတ္သို႔လည္း ေရာက္ႏိုင္သည္။ အူသိမ္၊ အူမသို႔လည္ ေရာက္ႏိုင္သည္။

အေရျပား၊ ေမြးညင္း ေပါက္ထိ ေလပူေရာက္ရွိမည္။ ေလပူမွာ ေမြးညင္းေပါက္မွ ေခၽြးအျဖစ္ထြက္လွ်င္ ထြက္၊ မထြက္လွ်င္ အ သားၾကမ္းျခင္း၊ အသားပပ္ျခင္း၊ ကြဲျခင္းတို႔ ျဖစ္မည္။ ေလပူေၾကာင့္ တစ္ကိုယ္လံုး ယားယံေသာ ေရာဂါျဖစ္ လာသည္။ လိမ္းေဆးမ်ား ေပးေသာ္လည္း မေပ်ာက္။ ေလပူက်ေဆး ေပးမွသာ အယားေပ်ာက္သည္။ ထို႔ ေၾကာင့္ နရသုခိက်မ္းတြင္ ယားယံျခင္းကား ေလကင္းမွတ္ရာဟု ျပဆိုထားျခင္း ျဖစ္သည္။ ေလကင္းထျခင္း သည္ ေလပူထျခင္းပင္ ျဖစ္သည္။

ကိုယ္ေတြ႕ျဖစ္ရပ္

လြန္ခဲ့ေသာ ႏွစ္၂၀ခန္႔က ကိုယ္ေတြ႕ျဖစ္ရပ္ တစ္ခုကို ေျပာျပခ်င္သည္။ စာေရးသူ၏ သမီးအလတ္ ငါးႏွစ္အရြယ္မွာ ဖ်ားၿပီး ဗိုက္ေဖာင္းလာသျဖင့္ ကေလးအထူးကု ဆရာဝန္ႀကီးတစ္ဦးႏွင့္ ျပသည္။ ထိုဆရာ ဝန္ႀကီးက ဝမ္းကိုက္ပိုး စစ္ခိုင္းသည္။ ဝမ္းကိုက္ပိုး မေတြ႕။ အူပိတ္သည္ ထင္သျဖင့္ ခြဲစိတ္ကု ဆရာဝန္ႀကီး တစ္ဦးထံ သြားခိုင္းျပန္သည္။ ထိုဆရာဝန္ႀကီးက လက္အိတ္ျဖင့္ သမီးေလး၏ စအုိေပါက္ကို ႏိႈက္ၾကည့္ သည္။

ဝမ္းမ်ား ထြက္က်လာသျဖင့္ သူက လက္အိတ္ကိုခၽြတ္ၿပီး “အူေတာ့ မပိတ္ပါဘူး။ အစာအိမ္ႏွင့္ အူ လမ္းေၾကာင္း အထူးကုနဲ႔ ဆက္ျပပါ” ဟု ေျပာသည္။ စာေရးသူက “ဆရာႀကီး ကၽြန္ေတာ္ တိုင္းရင္းေဆး ေလေဆး တိုက္လို႔ရမလား” ဟု ေမးၾကည့္ရာ “မရဘူးဗ်၊ တိုင္းရင္းေဆး ေလေဆးေတြ မတိုက္နဲ႔။ သူတို႔က တစ္ခါလာလဲ ေလ၊ ေလပဲ ေျပာေနတာ။ ေလဆိုတာ ျမင္ရလို႔လား” ဟု ေျပာသည္။ ကုိယ္ေတြ႕ျဖစ္သည္။

ထိုဆရာဝန္ႀကီးသည္ စာေရးသူကို တိုင္းရင္းေဆးသိပၸံဆင္း ဆရာမွန္း မသိပါ။ ေနာက္သံုးႏွစ္ခန္႔ အၾကာ တြင္ ထိုဆရာဝန္ႀကီးသည္ ေလျဖတ္ၿပီး ပါးရြဲ႕သြားေၾကာင္း စိတ္မေကာင္းစြာ ၾကားသိရသည္။ ပါးရြဲ႕ျခင္း သည္ ဦးေႏွာက္အတြင္းမွ တိုက္ရိုက္ဆက္သြယ္ေသာ နံပါတ္(၇) နာ့ဗ္ (Nerve) ေၾကာမႀကီး ေရာင္ရမ္း၍ ျဖစ္သည္ဟုသာ ထိုဆရာဝန္ႀကီး သိမည္ထင္သည္။ အာရံုေၾကာအတြင္းမွ ေလကို ဆရာဝန္ႀကီး ျမင္ႏိုင္မည္ မထင္ပါ။(ဆရာ၀န္မ်ားအားလံုးကိုမဆိုလိုပါ။ ေလးစားပါသည္။ၾကံဳေတြ႔ရဘူးသည္ကိုတင္ျပရျခင္းျဖစ္ပါသည္။)

ရာဇဂုဏ္ရွိေသာေလ

စာေရးသူ၏ ညီျဖစ္သူကလည္း ေမ့ေဆးဆရာဝန္ႀကီး ျဖစ္ၿပီး သမီးျဖစ္သူကလည္း ဆရာဝန္မေလး ျဖစ္ကာ OG တက္ေနသူ ျဖစ္သည္။ ‘ေလ’ႏွင့္ ပတ္သက္ေသာ ရိုးရာေဆးပညာ၊ ျမန္မာေဆးပညာ အယူအ ဆမ်ားကို သူတို႔ ေဆးပညာႏွင့္ အျမင္ခ်င္းတူေအာင္ မၾကာခဏ ညွိယူခဲ့သည္။ ခက္သည္က အေနာက္ တိုင္း ေဆးပညာမွာ ေလကို အဓိကထားၿပီး သင္ၾကားခဲ့ေသာ ေဆးပညာမဟုတ္။

ခႏၶာေဗဒတြင္ ဆဲလ္မ်ား တည္ေဆာက္ေနပံုႏွင့္ ေရာဂါေဗဒတြင္ ပိုးကိုသာ အဓိကထား သင္ၾကားခဲ့ေသာ ေဆးပညာ ျဖစ္သျဖင့္ ေလ ဆိုလွ်င္ ကားတာယာအတြင္းမွ ကၽြတ္တြင္ထိုးေသာ ေလကိုသာ သူတို႔မ်က္စိတြင္ ျမင္ေနျခင္းက ျပႆနာ ျဖစ္ေနေလသည္။ အာယုေဗဒ ေဆးပညာတြင္ ေလသည္ ရာဇဂုဏ္ရွိသျဖင့္ လူကိုသတ္ရာတြင္ ပိုးထက္ျမန္ သည္။ ပိုးဝင္လွ်င္ ရက္ၾကာမွေသမည္။ ေလသင္တုန္းျဖတ္လွ်င္ တစ္ခ်စ္တည္း၊ ေခ်ာင္းတစ္ဟန္႔၊ ကြမ္းေထြး တစ္ပ်စ္ အခ်ိန္မွာပင္ အသက္ပါသြားႏိုင္ေလသည္။

အားနည္းခ်က္၊ အားသာခ်က္

တိုင္းရင္းေဆး ဆရာမ်ားတြင္လည္း အားနည္းခ်က္ မရွိမဟုတ္ပါ။ ‘ပိုး’ ကို အက်ယ္တဝံ့ မသင္ရ ေသာ အားနည္းခ်က္ ရွိသည္။ အေနာက္တိုင္း ေဆးပညာကဲ့သို႔ ဗက္တီးရီးယားပိုး၊ ဗိုင္းရပ္စ္ပိုးမ်ား အေသး စိတ္ ခြဲျခားၿပီး မသိၾကပါ။ အူသိမ္၊ အူမအတြင္း မွီခို စားေသာက္ေနေသာ ပိုးမ်ိဳးရွစ္ဆယ္ ရွိသည္ဟူ၍သာ အၾကမ္းဖ်င္း သိၾကသည္။ ထိုကဲ့သို႔ပင္ အေနာက္တိုင္း ေဆးဆရာဝန္တို႔တြင္လည္း ေလႏွင့္ ပတ္သက္၍ မသိေသာ အားနည္းခ်က္ ရွိၾကမည္ ထင္သည္။ ေလာကတြင္ မည္သည့္ပညာမဆို အားနည္းခ်က္၊ အားသာ ခ်က္မ်ား ရွိစၿမဲပင္ ျဖစ္သည္။

“သဒၶါလြန္ေတာ့ကြန္႔၊ ပညာလြန္ေတာ့ ဆြံ႕” ဆိုေသာ စကားမွာ အမွန္ပင္ျဖစ္ သည္။ ပညာရွိလာေလ မသိေသာအရာ မ်ားလာေလ ျဖစ္သျဖင့္ ႏႈတ္ဆြံ႕အ သြားျခင္းေၾကာင့္ ပညာလြန္ ေတာ့ ဆြံ႕(ဆြံ႕အ)သြားသည္ဟု တင္စားေျပာျခင္း ျဖစ္သည္။ မိမိ မတတ္ေသာ သူမ်ားပညာကို အရမ္းမဲ့ မ ေဝဖန္ျခင္းသည္ ဆင္ျခင္တံုတရားရွိေသာ ပညာရွိ ျဖစ္သည္။

ေဆးမေပးလိုသူတစ္ဦး

ေလပူႏွင့္ ပတ္သက္၍ ဆက္လက္ေျပာျပလိုသည္။ တစ္ခါကေဆးေက်ာင္း Final Part(2) ေက်ာင္း သူတစ္ဦး စာေရးသူ၏ ေဆးခန္းသို႔ လာျပသည္။ သမီး ဆရာဝန္မေလးက ေခၚလာျခင္း ျဖစ္သည္။ သူ႔ပါးစပ္ အတြင္းတြင္ ခ်ိဳင့္ခြက္ကဲ့သို႔ ေပါက္ေနေသာ အနာငယ္ေလးမ်ားကို ျပသည္။ လွ်ာေဘးတြင္လည္း ရွိသည္။ ဆရာဝန္ႀကီးမ်ားက စိတ္ပူပန္မႈေၾကာင့္ ျဖစ္ေသာအနာ Stress Ulcer ေျပာေၾကာင္းႏွင့္ ခရမ္းျပာေဆး တို႔ ခိုင္းေၾကာင္း၊ စာေမးပြဲနီးတိုင္း ဤအနာမ်ား ေပါက္ေၾကာင္း ေျပာသည္။

ယခုတစ္ႀကိမ္မွာ ပို၍ အနာမ်ားသည္။ အစာအပူအစပ္ လံုးဝမထိရဲ။ ဆရာဝန္ႀကီး တစ္ဦးက ပရက္ ဒီစလံုးေဆး ေပးေၾကာင္း၊ ထိုေဆးမွာ Side Effect အလြန္မ်ားသျဖင့္ မေသာက္ရဲေၾကာင္း၊ တိုင္းရင္းေဆး ႏွင့္ စမ္းကုလို၍ လာျပျခင္းျဖစ္ေၾကာင္း ေျပာသည္။

စာေရးသူသည္ ေဆးေက်ာင္းသူတစ္ဦးကို ျမန္မာေဆးမ်ား စမ္းၿပီးမေပးလိုပါ။ ယံုၾကည္မႈ မျပည့္မရွိ ဘဲ အစမ္းသေဘာမ်ိဳး ေသာက္ၾကည့္ခ်င္သူကို ေဆးမေပးလိုပါ။ ထို႔ေၾကာင့္ ေဆးမေပးဘဲ ဓာတ္စာသာ ေပး သည္။ စမ္းစားၾကည့္ပါဟု ေျပာၿပီး ငွက္ေပ်ာသီးဖီးၾကမ္း ဓာတ္စာေပးသည္။ ငွက္ေပ်ာသီး ဖီးၾကမ္းအမွည့္ ေဆးဆိုး မျဖစ္ေစရ။ ပင္မွည့္ (သို႔မဟုတ္) အုပ္မွည့္ကို ဝယ္ခိုင္းသည္။ ထိုငွက္ေပ်ာသီးကို မီးဖုတ္၍ ပူပူေလး စားခိုင္းသည္။

ဖီးၾကမ္းငွက္ေပ်ာသီးဓာတ္စာ

ဖီးၾကမ္းငွက္ေပ်ာသီး အခြံအတြင္းမွ အသား (အေျမွး) အမွ်င္မ်ားသည္ ေလပူကိုႏိုင္ၿပီး ပါးစပ္အနာ၊ အစာအိမ္ အနာမ်ားကို ေပ်ာက္ကင္းေစႏိုင္သည္။ ဖီးၾကမ္းငွက္ေပ်ာသီး စားသူမ်ားသည္ ထိုေဆးဖက္ဝင္ သည့္ အမွ်င္အသားမ်ားကို အခြံခြာၿပီး မစားမိဘဲ လႊင့္ပစ္လိုက္ၾကသည္။ ငွက္ေပ်ာသီးမွည့္ကို မီးဖုတ္၊ မီး ကင္ေသာအခါ ထိုအေျမွးမ်ားသည္ ေပ်ာ္ၿပီး ငွက္ေပ်ာသီး အသားႏွင့္ ေပါင္းစပ္သြားေသာေၾကာင့္ မီးဖုတ္စား ခုိင္းျခင္းျဖင့္ ပါးစပ္ႏွင့္ အစာအိမ္အနာမ်ားကို သက္သာေစႏိုင္သည္။

ပဲခူးရိုးမတြင္ ဝါးခုတ္သည့္ ကရင္လူမ်ိဳးမ်ားသည္ ဖီးၾကမ္းငွက္ေပ်ာသီး အစိမ္းမ်ားကို ဟင္းခ်က္စား ေလ့ရွိၾကသည္။ ငရုတ္သီးစိမ္းေထာင္း အနည္းငယ္၊ ငါးပိအနည္းငယ္ႏွင့္ ငွက္ေပ်ာသီးစိမ္း၊ ငွက္ေပ်ာဖူး၊ ငွက္ေပ်ာအူတိုင္တို႔ ေရာခ်က္သည့္ ဟင္းကို တာလေပါဟင္းဟု ေခၚၾကေလသည္။

လြန္ခဲ့ေသာ ႏွစ္၂၀ခန္႔က အိႏိၵယႏိုင္ငံရွိ အာယုေဗဒ ေဆးတကၠသိုလ္ႀကီးက ငွက္ေပ်ာသီးဖီးၾကမ္း အစိမ္းႏွင့္ အစာအိမ္ေရာဂါ ရွိသူမ်ားကို စမ္းသပ္ကုသ ေပးခဲ့ဖူးသည္။ အထူးသျဖင့္ အစာအိမ္နံရံတြင္ အခၽြဲ အေျမွးမရွိသျဖင့္ ဗိုက္နာ၊ ဗိုက္ေအာင့္သူမ်ား၊ အစာအိမ္ေရာဂါ ရွိသူမ်ား၊ အူသိမ္ဦးပိုင္း အနာရွိသူမ်ားကို ဘစ္စမတ္ေခၚ အစာအိမ္ ေဆးေပါင္ဒါမႈန္႔ႏွင့္ ငွက္ေပ်ာသီးဖီးၾကမ္း အမႈန္႔ကို ေဆးေတာင့္ (Capsule) တြင္ ထည့္၍ မသိေအာင္ေပးၿပီး လူေပါင္း ၁၀၀ကို စမ္းသပ္ခဲ့ရာ ကုသသူဦးေရ ၈၀မွာ အစာအိမ္ေဝဒနာ ခံစားေန ရျခင္းမွ ေပ်ာက္ကင္း သက္သာေၾကာင္း စမ္းသပ္ေတြ႕ရွိိခဲ့ရသည္ဟု ဆိုသည္။

အစာအိမ္ေရာဂါ၊ ေလပူေရာဂါ၊ ေလအထက္လွန္ေသာ ေရာဂါ၊ လည္ေခ်ာင္းနာ၊ အာသီးေရာင္ေရာ ဂါ၊ သြားဖံုးႂကြ သြားနာေရာဂါ ရွိသူမ်ား၊ ထို႔ျပင္ ႏွလံုးေလပင့္၍ ေမာသူ၊ ေသြးတိုးေရာဂါ ရွိသူမ်ားအတြက္ ဖီး ၾကမ္းငွက္ေပ်ာသီးသည္ ဓာတ္စာလည္းျဖစ္၊ ေဆးလည္းျဖစ္သည္။ ပံုမွန္အတိုင္း ေသာ္လည္းေကာင္း၊ မီး ကင္မီးဖုတ္၍ ေသာ္လည္းေကာင္း၊ အေျခာက္လွန္း အမႈန္႔ျပဳလုပ္၍ ေသာ္လည္ေကာင္း၊ အစိမ္းကို ဟင္း ခ်က္၍ေသာ္လည္းေကာင္း စားသံုးၾကည့္ပါ။

ႏွစ္ရွည္ ျဖစ္ေနေသာ အစာအိမ္ အနာသာမက ေလးဖက္နာ၊ ႏွလံုးေရာဂါ၊ ေလေၾကာင့္ျဖစ္ေသာ ေခါင္းကိုက္၊ ေခါင္းအံုမူးေဝေသာ ေရာဂါမ်ားအျပင္ ႏွစ္ရွည္စြဲစားလွ်င္ ေသြးတိုးေရာဂါကိုပါ ေပ်ာက္ကင္းေစၿပီး ေလျဖတ္ျခင္း၊ ဦးေႏွာက္ေသြးေၾကာ ျပတ္ျခင္းမ်ားကိုပါ ကာကြယ္ ႏိုင္ေၾကာင္း ေရးသား တင္ျပလိုက္ရပါသည္။

ၾကည္လြင္ျမင့္ (မုျဒာ)

Unicodeဖြင့်ဖတ်ရန်

အနောက်တိုင်း ဆရာဝန်များအတွက် လေပူဆိုသော စကားသည် သူတို့ဆေးပညာ ဝေါဟာရတွင် မရှိပါ။ မြန်မာလူမျိုးများအတွက် လူတိုင်းသိသော စကားဖြစ်သည်။ “လေပူထလို့”၊ “လေပူတွေ အထက် လှန်လို့”၊ “လေပူထပြီး အာခေါင်တွေခြောက်လို့”၊ “လေပူလှန်ပြီး အာသီးရောင်လို့”၊ “အစာအိမ်မှာ လေပူ ထလို့”၊ “လေပူလှန်ပြီး သွားဖုံးတွေကြွလို့”၊ “ကောက်ညှင်းပေါင်းစားပြီး လေပူထလို့”၊ “ပုဇွန်ခြောက်တွေစား ပြီး လေပူလှန်ပြီး ကြို့ထိုးလို့”၊ “နှလုံးလေပူရိုက်ပြီး မောလို့”၊ “လေပူထပြီး နှလုံးတွေတုန်လို့” စသော စကား များမှာ အရပ်ထဲတွင် ကြားနေကျစကားများ ဖြစ်သည်။

တစ်လောက ဆေးပညာမဟာသိပ္ပံဘွဲ့ ရထားသော သူငယ်ချင်းဆရာဝန်ကြီး တစ်ဦးကို “လေပူ” အကြောင်း ပြောပြပြီး “သူငယ်ချင်းတို့ အနောက်တိုင်းဆေးပညာ အယူအဆမှာ ဘယ်လိုဖြစ်နိုင်သလဲ” ဟု မေးရာ သူက “အစာအိမ်မှာ အက်စစ်ရည် (HCL) အထွက်များရာကနေပြီး အငွေ့ပြန်လာတဲ့ အက်စစ်အ ငွေ့ပေါ့ကွာ။ Gas Flatulence လို့ ပြောနိုင်တာပေါ့”။

သူရှင်းပြသော သဘောအရ အစာအိမ်အတွင်းတွင် အက်စစ်အချဉ်ရည်များ လွန်ကဲပြီး အငွေ့ပြန် ကာ အပေါ်သို့ တက်လာခြင်းဖြစ်သည်။ ရေနံတွင်းများတွင် Gas ထွက်သကဲ့သို့ အစာမျိုပြွန်မှ လည်ချောင်း၊ အာခေါင်၊ နှုတ်ခမ်း၊ လျှာ၊ သွားဖုံးများထိ တက်လာမည်။ လောင်ကျွမ်းမည်။

အာယုဗေဒ ဆေးပညာတွင် လေမျိုးရှစ်ဆယ်ဟု ဆိုကြသော်လည်း အဓိကမှာ ဒေသနာနယ ဆေးပညာတွင် ပါသော ဥဏှတေဇောကြောင့် ဖြစ်သော ‘ဥဏှဝါယော’ (လေပူ)သာလျှင် လူကို မနေနိုင်အောင် ဒုက္ခပေးသော လေမျိုးဖြစ်သည်။

ပူမှု၊ အေးမှု တေဇောပြုဟု ဆိုသည်။ ဗိုက်ထဲတွင် အပူရှိနေလျှင် ထိုအပူသည် ငြိမ်သက်မနေနိုင်။ အပေါ်သို့ တက်လာမည် ဖြစ်သည်။ အထက်သို့ တက်စရာလမ်းမရှိလျှင် လမ်းလွဲပြီး နှလုံးသို့လည်း ရောက် နိုင်သည်။ အဆုတ်သို့လည်း ရောက်နိုင်သည်။ အူသိမ်၊ အူမသို့လည် ရောက်နိုင်သည်။

အရေပြား၊ မွေးညင်း ပေါက်ထိ လေပူရောက်ရှိမည်။ လေပူမှာ မွေးညင်းပေါက်မှ ချွေးအဖြစ်ထွက်လျှင် ထွက်၊ မထွက်လျှင် အ သားကြမ်းခြင်း၊ အသားပပ်ခြင်း၊ ကွဲခြင်းတို့ ဖြစ်မည်။ လေပူကြောင့် တစ်ကိုယ်လုံး ယားယံသော ရောဂါဖြစ် လာသည်။ လိမ်းဆေးများ ပေးသော်လည်း မပျောက်။ လေပူကျဆေး ပေးမှသာ အယားပျောက်သည်။ ထို့ ကြောင့် နရသုခိကျမ်းတွင် ယားယံခြင်းကား လေကင်းမှတ်ရာဟု ပြဆိုထားခြင်း ဖြစ်သည်။ လေကင်းထခြင်း သည် လေပူထခြင်းပင် ဖြစ်သည်။

ကိုယ်တွေ့ဖြစ်ရပ်

လွန်ခဲ့သော နှစ်၂၀ခန့်က ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ပြောပြချင်သည်။ စာရေးသူ၏ သမီးအလတ် ငါးနှစ်အရွယ်မှာ ဖျားပြီး ဗိုက်ဖောင်းလာသဖြင့် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးနှင့် ပြသည်။ ထိုဆရာ ဝန်ကြီးက ဝမ်းကိုက်ပိုး စစ်ခိုင်းသည်။ ဝမ်းကိုက်ပိုး မတွေ့။ အူပိတ်သည် ထင်သဖြင့် ခွဲစိတ်ကု ဆရာဝန်ကြီး တစ်ဦးထံ သွားခိုင်းပြန်သည်။ ထိုဆရာဝန်ကြီးက လက်အိတ်ဖြင့် သမီးလေး၏ စအိုပေါက်ကို နှိုက်ကြည့် သည်။

ဝမ်းများ ထွက်ကျလာသဖြင့် သူက လက်အိတ်ကိုချွတ်ပြီး “အူတော့ မပိတ်ပါဘူး။ အစာအိမ်နှင့် အူ လမ်းကြောင်း အထူးကုနဲ့ ဆက်ပြပါ” ဟု ပြောသည်။ စာရေးသူက “ဆရာကြီး ကျွန်တော် တိုင်းရင်းဆေး လေဆေး တိုက်လို့ရမလား” ဟု မေးကြည့်ရာ “မရဘူးဗျ၊ တိုင်းရင်းဆေး လေဆေးတွေ မတိုက်နဲ့။ သူတို့က တစ်ခါလာလဲ လေ၊ လေပဲ ပြောနေတာ။ လေဆိုတာ မြင်ရလို့လား” ဟု ပြောသည်။ ကိုယ်တွေ့ဖြစ်သည်။

ထိုဆရာဝန်ကြီးသည် စာရေးသူကို တိုင်းရင်းဆေးသိပ္ပံဆင်း ဆရာမှန်း မသိပါ။ နောက်သုံးနှစ်ခန့် အကြာ တွင် ထိုဆရာဝန်ကြီးသည် လေဖြတ်ပြီး ပါးရွဲ့သွားကြောင်း စိတ်မကောင်းစွာ ကြားသိရသည်။ ပါးရွဲ့ခြင်း သည် ဦးနှောက်အတွင်းမှ တိုက်ရိုက်ဆက်သွယ်သော နံပါတ်(၇) နာ့ဗ် (Nerve) ကြောမကြီး ရောင်ရမ်း၍ ဖြစ်သည်ဟုသာ ထိုဆရာဝန်ကြီး သိမည်ထင်သည်။ အာရုံကြောအတွင်းမှ လေကို ဆရာဝန်ကြီး မြင်နိုင်မည် မထင်ပါ။(ဆရာဝန်များအားလုံးကိုမဆိုလိုပါ။ လေးစားပါသည်။ကြုံတွေ့ရဘူးသည်ကိုတင်ပြရခြင်းဖြစ်ပါသည်။)

ရာဇဂုဏ်ရှိသောလေ

စာရေးသူ၏ ညီဖြစ်သူကလည်း မေ့ဆေးဆရာဝန်ကြီး ဖြစ်ပြီး သမီးဖြစ်သူကလည်း ဆရာဝန်မလေး ဖြစ်ကာ OG တက်နေသူ ဖြစ်သည်။ ‘လေ’နှင့် ပတ်သက်သော ရိုးရာဆေးပညာ၊ မြန်မာဆေးပညာ အယူအ ဆများကို သူတို့ ဆေးပညာနှင့် အမြင်ချင်းတူအောင် မကြာခဏ ညှိယူခဲ့သည်။ ခက်သည်က အနောက် တိုင်း ဆေးပညာမှာ လေကို အဓိကထားပြီး သင်ကြားခဲ့သော ဆေးပညာမဟုတ်။

ခန္ဓာဗေဒတွင် ဆဲလ်များ တည်ဆောက်နေပုံနှင့် ရောဂါဗေဒတွင် ပိုးကိုသာ အဓိကထား သင်ကြားခဲ့သော ဆေးပညာ ဖြစ်သဖြင့် လေ ဆိုလျှင် ကားတာယာအတွင်းမှ ကျွတ်တွင်ထိုးသော လေကိုသာ သူတို့မျက်စိတွင် မြင်နေခြင်းက ပြဿနာ ဖြစ်နေလေသည်။ အာယုဗေဒ ဆေးပညာတွင် လေသည် ရာဇဂုဏ်ရှိသဖြင့် လူကိုသတ်ရာတွင် ပိုးထက်မြန် သည်။ ပိုးဝင်လျှင် ရက်ကြာမှသေမည်။ လေသင်တုန်းဖြတ်လျှင် တစ်ချစ်တည်း၊ ချောင်းတစ်ဟန့်၊ ကွမ်းထွေး တစ်ပျစ် အချိန်မှာပင် အသက်ပါသွားနိုင်လေသည်။

အားနည်းချက်၊ အားသာချက်

တိုင်းရင်းဆေး ဆရာများတွင်လည်း အားနည်းချက် မရှိမဟုတ်ပါ။ ‘ပိုး’ ကို အကျယ်တဝံ့ မသင်ရ သော အားနည်းချက် ရှိသည်။ အနောက်တိုင်း ဆေးပညာကဲ့သို့ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ အသေး စိတ် ခွဲခြားပြီး မသိကြပါ။ အူသိမ်၊ အူမအတွင်း မှီခို စားသောက်နေသော ပိုးမျိုးရှစ်ဆယ် ရှိသည်ဟူ၍သာ အကြမ်းဖျင်း သိကြသည်။ ထိုကဲ့သို့ပင် အနောက်တိုင်း ဆေးဆရာဝန်တို့တွင်လည်း လေနှင့် ပတ်သက်၍ မသိသော အားနည်းချက် ရှိကြမည် ထင်သည်။ လောကတွင် မည်သည့်ပညာမဆို အားနည်းချက်၊ အားသာ ချက်များ ရှိစမြဲပင် ဖြစ်သည်။

“သဒ္ဓါလွန်တော့ကွန့်၊ ပညာလွန်တော့ ဆွံ့” ဆိုသော စကားမှာ အမှန်ပင်ဖြစ် သည်။ ပညာရှိလာလေ မသိသောအရာ များလာလေ ဖြစ်သဖြင့် နှုတ်ဆွံ့အ သွားခြင်းကြောင့် ပညာလွန် တော့ ဆွံ့(ဆွံ့အ)သွားသည်ဟု တင်စားပြောခြင်း ဖြစ်သည်။ မိမိ မတတ်သော သူများပညာကို အရမ်းမဲ့ မ ဝေဖန်ခြင်းသည် ဆင်ခြင်တုံတရားရှိသော ပညာရှိ ဖြစ်သည်။

ဆေးမပေးလိုသူတစ်ဦး

လေပူနှင့် ပတ်သက်၍ ဆက်လက်ပြောပြလိုသည်။ တစ်ခါကဆေးကျောင်း Final Part(2) ကျောင်း သူတစ်ဦး စာရေးသူ၏ ဆေးခန်းသို့ လာပြသည်။ သမီး ဆရာဝန်မလေးက ခေါ်လာခြင်း ဖြစ်သည်။ သူ့ပါးစပ် အတွင်းတွင် ချိုင့်ခွက်ကဲ့သို့ ပေါက်နေသော အနာငယ်လေးများကို ပြသည်။ လျှာဘေးတွင်လည်း ရှိသည်။ ဆရာဝန်ကြီးများက စိတ်ပူပန်မှုကြောင့် ဖြစ်သောအနာ Stress Ulcer ပြောကြောင်းနှင့် ခရမ်းပြာဆေး တို့ ခိုင်းကြောင်း၊ စာမေးပွဲနီးတိုင်း ဤအနာများ ပေါက်ကြောင်း ပြောသည်။

ယခုတစ်ကြိမ်မှာ ပို၍ အနာများသည်။ အစာအပူအစပ် လုံးဝမထိရဲ။ ဆရာဝန်ကြီး တစ်ဦးက ပရက် ဒီစလုံးဆေး ပေးကြောင်း၊ ထိုဆေးမှာ Side Effect အလွန်များသဖြင့် မသောက်ရဲကြောင်း၊ တိုင်းရင်းဆေး နှင့် စမ်းကုလို၍ လာပြခြင်းဖြစ်ကြောင်း ပြောသည်။

စာရေးသူသည် ဆေးကျောင်းသူတစ်ဦးကို မြန်မာဆေးများ စမ်းပြီးမပေးလိုပါ။ ယုံကြည်မှု မပြည့်မရှိ ဘဲ အစမ်းသဘောမျိုး သောက်ကြည့်ချင်သူကို ဆေးမပေးလိုပါ။ ထို့ကြောင့် ဆေးမပေးဘဲ ဓာတ်စာသာ ပေး သည်။ စမ်းစားကြည့်ပါဟု ပြောပြီး ငှက်ပျောသီးဖီးကြမ်း ဓာတ်စာပေးသည်။ ငှက်ပျောသီး ဖီးကြမ်းအမှည့် ဆေးဆိုး မဖြစ်စေရ။ ပင်မှည့် (သို့မဟုတ်) အုပ်မှည့်ကို ဝယ်ခိုင်းသည်။ ထိုငှက်ပျောသီးကို မီးဖုတ်၍ ပူပူလေး စားခိုင်းသည်။

ဖီးကြမ်းငှက်ပျောသီးဓာတ်စာ

ဖီးကြမ်းငှက်ပျောသီး အခွံအတွင်းမှ အသား (အမြှေး) အမျှင်များသည် လေပူကိုနိုင်ပြီး ပါးစပ်အနာ၊ အစာအိမ် အနာများကို ပျောက်ကင်းစေနိုင်သည်။ ဖီးကြမ်းငှက်ပျောသီး စားသူများသည် ထိုဆေးဖက်ဝင် သည့် အမျှင်အသားများကို အခွံခွာပြီး မစားမိဘဲ လွှင့်ပစ်လိုက်ကြသည်။ ငှက်ပျောသီးမှည့်ကို မီးဖုတ်၊ မီး ကင်သောအခါ ထိုအမြှေးများသည် ပျော်ပြီး ငှက်ပျောသီး အသားနှင့် ပေါင်းစပ်သွားသောကြောင့် မီးဖုတ်စား ခိုင်းခြင်းဖြင့် ပါးစပ်နှင့် အစာအိမ်အနာများကို သက်သာစေနိုင်သည်။

ပဲခူးရိုးမတွင် ဝါးခုတ်သည့် ကရင်လူမျိုးများသည် ဖီးကြမ်းငှက်ပျောသီး အစိမ်းများကို ဟင်းချက်စား လေ့ရှိကြသည်။ ငရုတ်သီးစိမ်းထောင်း အနည်းငယ်၊ ငါးပိအနည်းငယ်နှင့် ငှက်ပျောသီးစိမ်း၊ ငှက်ပျောဖူး၊ ငှက်ပျောအူတိုင်တို့ ရောချက်သည့် ဟင်းကို တာလပေါဟင်းဟု ခေါ်ကြလေသည်။

လွန်ခဲ့သော နှစ်၂၀ခန့်က အိန္ဒိယနိုင်ငံရှိ အာယုဗေဒ ဆေးတက္ကသိုလ်ကြီးက ငှက်ပျောသီးဖီးကြမ်း အစိမ်းနှင့် အစာအိမ်ရောဂါ ရှိသူများကို စမ်းသပ်ကုသ ပေးခဲ့ဖူးသည်။ အထူးသဖြင့် အစာအိမ်နံရံတွင် အချွဲ အမြှေးမရှိသဖြင့် ဗိုက်နာ၊ ဗိုက်အောင့်သူများ၊ အစာအိမ်ရောဂါ ရှိသူများ၊ အူသိမ်ဦးပိုင်း အနာရှိသူများကို ဘစ်စမတ်ခေါ် အစာအိမ် ဆေးပေါင်ဒါမှုန့်နှင့် ငှက်ပျောသီးဖီးကြမ်း အမှုန့်ကို ဆေးတောင့် (Capsule) တွင် ထည့်၍ မသိအောင်ပေးပြီး လူပေါင်း ၁၀၀ကို စမ်းသပ်ခဲ့ရာ ကုသသူဦးရေ ၈၀မှာ အစာအိမ်ဝေဒနာ ခံစားနေ ရခြင်းမှ ပျောက်ကင်း သက်သာကြောင်း စမ်းသပ်တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်သော ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရော ဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ၊ ထို့ပြင် နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီး ကြမ်းငှက်ပျောသီးသည် ဓာတ်စာလည်းဖြစ်၊ ဆေးလည်းဖြစ်သည်။ ပုံမှန်အတိုင်း သော်လည်းကောင်း၊ မီး ကင်မီးဖုတ်၍ သော်လည်းကောင်း၊ အခြောက်လှန်း အမှုန့်ပြုလုပ်၍ သော်လည်ကောင်း၊ အစိမ်းကို ဟင်း ချက်၍သော်လည်းကောင်း စားသုံးကြည့်ပါ။

နှစ်ရှည် ဖြစ်နေသော အစာအိမ် အနာသာမက လေးဖက်နာ၊ နှလုံးရောဂါ၊ လေကြောင့်ဖြစ်သော ခေါင်းကိုက်၊ ခေါင်းအုံမူးဝေသော ရောဂါများအပြင် နှစ်ရှည်စွဲစားလျှင် သွေးတိုးရောဂါကိုပါ ပျောက်ကင်းစေပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပြတ်ခြင်းများကိုပါ ကာကွယ် နိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ကြည်လွင်မြင့် (မုဒြာ)