ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့က အနုပညာလောကမှာ အောင်မြင်မှုတွေကိုရရှိထားတာပဲဖြစ်ပါတယ်။ညီအစ်မနှစ်ယောက်လုံးက ဇာတ်ကားတွေမှာဆိုရင် ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ခဲ့ကြပါတယ်။မကြီးစိုးနဲ့ဒါဒါက တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းကြပြီး အေးချမ်းတဲ့အလှတရားစစ်စစ်ကိုပိုင်ဆိုင်ထားကြတဲ့ မင်းသမီးချောလေးတွေပါ။
ယခုချိန်မှာ မကြီးစိုးနဲ့ဒါဒါကတော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေပါတယ်။ညီအစ်မနှစ်ယောက်လုံးက အသက်အရွယ်တစ်ခုထိရောက်လာတာတောင် နုငယ်ပျိုမျစ်ခြင်းတွေက ယနေ့ချိန်ထိ ကျက်သရေရှိစွာလှပနေဆဲ ဖြစ်ပါတယ်။မိဘအပေါ်လည်း သိတတ်လိမ္မာကြတဲ့ ညီအစ်မနှစ်ယောက်က မိဘတွေကို သေချာဂရုစိုက်စောင့်ရှောက်နေပြီး စိတ်ချမ်းသာအောင်ထားပေးနေတာပါ။
အခုဆိုရင်တော့ မကြီးစိုးနဲ့ဒါဒါတို့ မေမေက “ဘယ်လိုမွေးလိုက်မိလဲ မသိလိုက်ဘူး ချစ်စရာလေးတွေနော်”ဆိုပြီး သမီးတွေရဲ့အလှအပကို ချီးကျူးထားပါတယ်။မကြီးစိုးနဲ့ဒါဒါကလည်း မေမေ့အတွက် အမြဲတမ်းဂုဏ်ယူနေရတဲ့သမီးလေးတွေဖြစ်ပြီး စိတ်ထားကောင်းတဲ့မင်းသမီးချောလေးတွေဖြစ်ပါတယ်။ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ထားတဲ့ မကြီးစိုးနဲ့ဒါဒါရဲ့ ချစ်စရာကောင်းပြီး နုငယ်ပျိုမျစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။
credit – myanmarload
Share From Lucky Myanmar