Heavy Weight ချန်ပီယံကိုထိုးသတ်ဖို့ အပြင်းထန်လေ့ကျင့်နေတဲ့ အောင်လ အန်ဆန်

အောင်လအန်ဆန်လို့ ပြောလိုက်တာနဲ့ မြန်မာဂုဏ်ဆောင် MMA Fighter တယောက် ဆိုတာကို လူတိုင်းသိကြမှာပါ။ အောင်လအန်ဆန်ကတော့ အမြဲတမ်းလိုလို ကမ္ဘာ့ထိပ်တန်း ပွဲစဉ်တွေကို ထိုးသတ်ရလေ့ရှိပြီး အမြဲတမ်းလိုလိုလည်း တဖက်ပြိုင်ဖက်ကောင်းကို အနိုင်ယူ ထိုးသတ်နိုင်ခဲ့ပြီး မြန်မာ့ ဂုဏ်ဆောင်နေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။

ဒီလိုမျိုး မြန်မာ့ဂုဏ်ဆောင်ပြီး ဂုဏ်ယူစရာကောင်းလောက်တဲ့ အရာတွေကို အမြဲပြုလုပ်ပေးလေ့ရှိတဲ့ အောင်လအန်ဆန်ကတော့ ပရိသတ်ဝန်းရံမှုကိုလည်း အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်အနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက နာမည်ကြီး ဖိုက်တာ တယောက်ဖြစ်တဲ့ ကန် နဲ့ ဂျပန်နိုင်ငံမှာ သွားရောက်ထိုးသတ်ခဲ့တဲ့ ပွဲမှာတော့ အောင်လအန်ဆန်ကိုတော့ ဖိလစ်ပိုင် နိုင်ငံသား Heavy Weight Champion တယောက်ဖြစ်တဲ့ ဘရန်ဒန်ဗီရာ က စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန် အနေနဲ့ ဘရန်ဒန်ဗီရာရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ Light Heavy Weight နဲ့ Middle Weight မှာ သာ ထိုးသတ်နေတဲ့ အောင်လအန်ဆန် အနေနဲ့ လက်ရှိမှာ Heavy Weight Champion က စိန်ခေါ်လိုက်တာကြောင့် သူ့အနေနဲ့ Weight တွေ ပိုတိုးအောင် လေ့ကျင့်နေရတာ ဖြစ်ပြီး ပိုပြီးလည်း သန်မာလာအောင် အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘရန်ဒန် ဗီရာနဲ့ အောင်လအန်ဆန်တို့ ထိုးသတ်မယ့် ပွဲကတော့ Weight တန်းမတူတဲ့ ချန်ပီယံ နှစ်ယောက် ထိုးသတ်မှာဖြစ်တာကြောင့် MMA သမိုင်းမှာ အကောင်းဆုံးပွဲထဲက တပွဲဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် အောင်လအန်ဆန်ကလည်း အပြင်းထန်ကြိုးစားနေတာ ဖြစ်ပါတယ်။

အောင်လ အန်ဆန် အပြင်းထန် ကြိုးစားလေ့ကျင့်နေတဲ့ ဗီဒီယိုတွေကတော့ အွန်လိုင်းမှာ ပြန့်နှံ့နေပြီး ပရိသတ်တွေကလည်း အောင်လအန်ဆန်ကို ဝန်းရံနေကြပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း အောင်လ အတွက် အပြီအပြင် ကြိုးစားနေတဲ့ ဗီဒီယိုလေးကိုတော့ တင်ဆက်ပေးလိုက်ပါတယ်။Credit-ပြောချင်လွန်းလို့

Share From Lucky Myanmar