ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီ ေတာထဲမွ ထူးဆန္းေသာ ျမည္တမ္းသံႀကီး

ဆံေတာ္ရွင္ က်ိဳက္ထီး႐ိုးေစတီ မေရာက္ခင္အတက္လမ္းကြန္ကရစ္အကြဲၾကားမွာ ေခါင္းေလးေထာင္ပီး ေမာ္ဖူးေနတဲ့ အေကာင္ေလးတစ္ေကာင္ကိုေတြ႕လားဘာေၾကာင့္ မိုးတြင္းဖက္ေတာင္ပိတ္တယ္ဆိုတာသိၿပီးမဟုတ္လား

က်ိဳက္ထီး႐ိုး ဘုရားပြဲရာသီက သီတင္းကြၽတ္လျပည့္ေန႔မွ ကဆုန္လျပည့္ေန႔အထိ၇ လတိတိေတာင္ က်င္းပ
ေပးခဲ့ပါတယ္။

ဖြင့္ပြဲေန႔နဲ႔ပိတ္ပြဲေန႔ကို အခန္းအနား နဲ႔ က်င္းပၿပီး အမိန္႔ျပန္တမ္း ထုတ္ရပါတယ္။ ပြဲေတာ္စတင္ခင္းက်င္းေတာ့မွာမို႔ ေတာပိုင္ေတာင္ပိုင္ အေစာင့္အေ႐ွာက္မ်ားနဲ႔ ျမင္အပ္မျမင္အပ္ သတၱဝါမ်ားဘုရားနယ္ေျမမွ ေဝးရာသို႔ ဖယ္႐ွားေပးၾကပါဆိုၿပီး အမိန္႔ျပန္တမ္း ထုတ္ရပါတယ္။

အဲဒီအခါမွာ ဝမ္းနည္းငိုေကြၽးၾကသလိုမ်ိဳး ၾကားၾကရတယ္လို႔ ရန္ကုန္လသာၿမိဳ႕နယ္မွ တ႐ုပ္ဗုဒၶဘာသာအသင္းက ႏွစ္စဥ္သြားဖူးလို႔ ထူးဆန္းစြာၾကံဳခဲ့ၾကားခဲ့ရလို႔ သိရပါတယ္။

ပိတ္ပြဲေန႔ကဆုန္လျပည့္ေန႔ မွာက် ပြဲေတာ္ပိတ္ၿပီဆိုင္ရာပိုင္ရာမ်ား ေနရပ္ဌာေနသို႔ ျပန္လာႏိုင္ပါၿပီလို႔ အမိန္႔ျပန္တမ္း ထုတ္ခြင့္ျပဳတယ္ ဆိုရင္ပဲေတာ္လဲသံႀကီးလိုဝမ္းသာလို႔ မည္တမ္းသံႀကီး ၾကားၾကရတယ္လို႔တ႐ုပ္ေတြကေျပာၾကတယ္၊

ဒါေၾကာင့္ ကဆုန္လျပည့္ ေနာက္ပိုင္းမိုးတြင္းမွာ ေတာရဲတိရစာၧန္ေတြရဲ႕ အႏၲရာယ္ရိွႏိုင္တာမို႔ဘုရားသြားရင္ သတိဝီရိယ ရိွၾကဖို႔ လိုတယ္ ။

ဦးခႏၲီသာရ

Unicode ျဖင့္ဖတ္ရန္

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ မရောက်ခင်အတက်လမ်းကွန်ကရစ်အကွဲကြားမှာ ခေါင်းလေးထောင်ပီး မော်ဖူးနေတဲ့ အကောင်လေးတစ်ကောင်ကိုတွေ့လားဘာကြောင့် မိုးတွင်းဖက်တောင်ပိတ်တယ်ဆိုတာသိပြီးမဟုတ်လား

ကျိုက်ထီးရိုး ဘုရားပွဲရာသီက သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ၇ လတိတိတောင် ကျင်းပ
ပေးခဲ့ပါတယ်။

ဖွင့်ပွဲနေ့နဲ့ပိတ်ပွဲနေ့ကို အခန်းအနား နဲ့ ကျင်းပပြီး အမိန့်ပြန်တမ်း ထုတ်ရပါတယ်။ ပွဲတော်စတင်ခင်းကျင်းတော့မှာမို့ တောပိုင်တောင်ပိုင် အစောင့်အရှောက်များနဲ့ မြင်အပ်မမြင်အပ် သတ္တဝါများဘုရားနယ်မြေမှ ဝေးရာသို့ ဖယ်ရှားပေးကြပါဆိုပြီး အမိန့်ပြန်တမ်း ထုတ်ရပါတယ်။

အဲဒီအခါမှာ ဝမ်းနည်းငိုကျွေးကြသလိုမျိုး ကြားကြရတယ်လို့ ရန်ကုန်လသာမြို့နယ်မှ တရုပ်ဗုဒ္ဓဘာသာအသင်းက နှစ်စဉ်သွားဖူးလို့ ထူးဆန်းစွာကြုံခဲ့ကြားခဲ့ရလို့ သိရပါတယ်။

ပိတ်ပွဲနေ့ကဆုန်လပြည့်နေ့ မှာကျ ပွဲတော်ပိတ်ပြီဆိုင်ရာပိုင်ရာများ နေရပ်ဌာနေသို့ ပြန်လာနိုင်ပါပြီလို့ အမိန့်ပြန်တမ်း ထုတ်ခွင့်ပြုတယ် ဆိုရင်ပဲတော်လဲသံကြီးလိုဝမ်းသာလို့ မည်တမ်းသံကြီး ကြားကြရတယ်လို့တရုပ်တွေကပြောကြတယ်၊

ဒါကြောင့် ကဆုန်လပြည့် နောက်ပိုင်းမိုးတွင်းမှာ တောရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ရှိနိုင်တာမို့ဘုရားသွားရင် သတိဝီရိယ ရှိကြဖို့ လိုတယ် ။

ဦးခန္တီသာရ

Share From Lovely Myanmar