..ေက်ာက္ကပ္ ေ၀ဒနာရွင္မ်ား အတြက္ ေဆာင္ရန္ ေရွာင္ရန္

Zawgyi ျဖင့္ဖတ္၇န္

ေက်ာက္ကပ္ မွာ ေက်ာက္တည္တဲ့ေရာဂါဟာ လူအမ်ားမွာ မၾကာခဏ ျဖစ္ေနက် ေရာဂါတစ္ခု ျဖစ္ပါတယ္။ ေက်ာက္တည္ျပီဆိုရင္ ေနရထိုင္ရခက္ျပီး ခြဲထုတ္ရပါတယ္။ ေငြကုန္ေၾကးက်မ်ားတဲ့ သတိထားရမည့္ ေရာဂါတစ္ခု ျဖစ္ပါတယ္။

ေက်ာက္ကပ္ေရာဂါမျဖစ္ေအာင္ ၾကိဳတင္ျပီး ေနထိုင္စားေသာက္မွဳမ်ားကို ဆင္ျခင္ႏိုင္ၾကေစရန္ ေရးသားမွ်ေ၀ေပးလိုက္ပါတယ္။

(၁) ေရွာင္ရန္

ကြမ္းယာ၊ အရိုးပါ ဝါးစား၍ရေသာ ငါးကေလးမ်ား၊
ပုဇြန္ေက်ာ့၊ မႈိ၊ မွ်စ္၊ ဝမ္းတြင္းသား ကလီစာမ်ား၊
နီေသာအသားမ်ား (အမဲသား ဆိတ္သား စသည္)

(၂) ေလွ်ာ့စားရန္

ခ်ဥ္ေပါင္၊ ဇီးသီး၊ ဟင္းႏုႏြယ္ရြက္၊ စေတာ္ဘယ္ရီသီး၊
ခရမ္းခ်ဥ္သီး၊ ပဲပင္ေပါက္။

(၃) ေလွ်ာ့ေသာက္ရန္

လၻက္ရည္၊ ေကာ္ဖီ၊ ႏြားႏို့၊ အရက္၊ ဘီယာ၊ ေခ်ာကလက္တို့ကို
အလြန္အမင္းေသာက္ျခင္းမွ ေရွာင္ရန္။

(၄) ေဆာင္ရန္
ေရမ်ားမ်ားေသာက္ရန္။ လိေမၼာ္သီး၊ ကြ်ဲေကာသီး၊ ဖရဲသီးတို့ကို စားေပးရန္၊ အုန္းေရ မ်ားမ်ားေသာက္ရန္။

ေရသည္ပင္ ေဆးျဖစ္သည္။ ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ေက်ာက္အတုံးအခဲအျဖစ္ မဖြဲ႔စည္းႏိုင္မွီ အမႈန္႔ဘဝမွာပင္
ဆီးမ်ားမ်ားျဖင့္ ေဆးခ်လိုက္သကဲ႔သို႔ျဖစ္ေစသည္။

တစ္ေန႔ ေရသန္႔ဗူး(၂)ဗူးခန္႔ ေသာက္ေပးရန္။
ရာသီဥတုပူ၍ ေခြ်းထြက္မ်ားလွ်င္ ေရသန္႔ဗူး(၃)ဗူးစာ ေသာက္ေပးရန္။ သို႔မဟုတ္
ဆီး အေရာင္ ၾကည္၍ အေရာင္မရွိသည္အထိ’ေသာက္ေပးရန္။

(ေဖ်ာ္ရည္ ေဖ်ာ္ေသာက္ျခင္းမ်ိဳး၊ ေဖ်ာ္ရည္ကို ေရအစားေသာက္ျခင္းမ်ိဳး မျပဳရန္)
ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းပါတယ္။ ေက်ာက္ကပ္ေက်ာက္တည္ျခင္း အႏၱရာယ္မွ ကင္းေ၀းႏိုင္ၾကပါေစ။

ေစာႏြဲ ့ေနဆိုင္ (ပူတာအို)

ကိုးကား – ေက်ာက္ကပ္ေရာဂါအေၾကာင္းမ်ား

Credit: ေစာႏြဲ ့ေနဆိုင္- ပူတာအို

Unicodeဖြင့်ဖတ်ရန်

ကျောက်ကပ် မှာ ကျောက်တည်တဲ့ရောဂါဟာ လူအများမှာ မကြာခဏ ဖြစ်နေကျ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျောက်တည်ပြီဆိုရင် နေရထိုင်ရခက်ပြီး

ခွဲထုတ်ရပါတယ်။ ငွေကုန်ကြေးကျများတဲ့ သတိထားရမည့် ရောဂါတစ်ခု ဖြစ်ပါတယ်။
ကျောက်ကပ်ရောဂါမဖြစ်အောင် ကြိုတင်ပြီး နေထိုင်စားသောက်မှုများကို ဆင်ခြင်နိုင်ကြစေရန် ရေးသားမျှဝေပေးလိုက်ပါတယ်။

(၁) ရှောင်ရန်

ကွမ်းယာ၊ အရိုးပါ ဝါးစား၍ရသော ငါးကလေးများ၊
ပုဇွန်ကျော့၊ မှို၊ မျှစ်၊ ဝမ်းတွင်းသား ကလီစာများ၊
နီသောအသားများ (အမဲသား ဆိတ်သား စသည်)

(၂) လျှော့စားရန်

ချဉ်ပေါင်၊ ဇီးသီး၊ ဟင်းနုနွယ်ရွက်၊ စတော်ဘယ်ရီသီး၊
ခရမ်းချဉ်သီး၊ ပဲပင်ပေါက်။

(၃) လျှော့သောက်ရန်

လ္ဘက်ရည်၊ ကော်ဖီ၊ နွားနို့၊ အရက်၊ ဘီယာ၊ ချောကလက်တို့ကို
အလွန်အမင်းသောက်ခြင်းမှ ရှောင်ရန်။

(၄) ဆောင်ရန်

ရေများများသောက်ရန်။ လိမ္မော်သီး၊ ကျွဲကောသီး၊ ဖရဲသီးတို့ကို စားပေးရန်၊ အုန်းရေ များများသောက်ရန်။

ရေသည်ပင် ဆေးဖြစ်သည်။ ရေများများသောက်ပေးခြင်းဖြင့် ကျောက်အတုံးအခဲအဖြစ် မဖွဲ့စည်းနိုင်မှီ အမှုန့်ဘဝမှာပင်
ဆီးများများဖြင့် ဆေးချလိုက်သကဲ့သို့ဖြစ်စေသည်။

တစ်နေ့ ရေသန့်ဗူး(၂)ဗူးခန့် သောက်ပေးရန်။
ရာသီဥတုပူ၍ ချွေးထွက်များလျှင် ရေသန့်ဗူး(၃)ဗူးစာ သောက်ပေးရန်။ သို့မဟုတ်
ဆီး အရောင် ကြည်၍ အရောင်မရှိသည်အထိ’သောက်ပေးရန်။

(ဖျော်ရည် ဖျော်သောက်ခြင်းမျိုး၊ ဖျော်ရည်ကို ရေအစားသောက်ခြင်းမျိုး မပြုရန်)
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။

ကျောက်ကပ်ကျောက်တည်ခြင်း အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – ကျောက်ကပ်ရောဂါအကြောင်းများ

Credit: စောနွဲ့နေဆိုင်- ပူတာအို