..ပရိသတ်တွေ မမျှော်လင့်ထားတဲ့ ပုံစံနဲ့ ဇာတ်သိမ်းခဲ့တဲ့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ

ပရိသတ်တွေ ညစဉ်ညတိုင်း စောင့်ကြည့်ခဲ့ရတဲ့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲကတော့ ပဟေဠိပေါင်း များစွာနဲ့ လူတွေရဲ့ စိတ်အာရုံကို နောက်ဆုံးအချိန်ထိ ဖမ်းစားနိုင်ခဲ့ပါတယ်။ မိန်းမငယ်လေး “ဟန်နီ” ကို ရက်ရက်စက်စက် သတ်သွားတဲ့ လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုတာကို ရဲတွေနဲ့အတူတူ လိုက်ကြည့်တဲ့ပရိသတ်တွေပါ စဉ်းစားတောပဲ ဖြစ်ပါတယ်။

မနေ့ကညမှာတော့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲက အပိုင်း(၂၁) မှာ ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ “ဟန်နီ” ကို သတ်သွားတဲ့ တရားခံက သံသယရှိသူတွေများစွာထဲကမှ ပရိသတ်တွေ လုံးဝမထင်မှတ်ထားသူဖြစ်နေပါတယ်။

“ဟန်နီ” ရဲ့ ချစ်သူ တိမ်ယံထွန်းက နိုင်ငံခြားမှာ ချစ်သူနဲ့ နီးစပ်ဖို့အတွက် ကြိုးစားနေပေမယ့်လဲ ဟန်နီကတော့ မူးယစ်ဆေးစွဲပြီး ပျက်စီးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးသက်နိုင်နဲ့ ဖောက်ပြန်နေမှန်းသိရတဲ့အချိန်မှာ တိမ်ယံထွန်းတစ်ယောက် ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ဟန်နီကို သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ဘယ်လောက်ချစ်တဲ့ ချစ်သူပဲဖြစ်ဖြစ် သည်းခံနိုင်တဲ့ အတိုင်းအတာကို ကေော်လွန်ပြီး နာကျည်းသွားရင် အခုလို မဖြစ်သင့်တာတွေဖြစ်တတ်တ်ာလို့ သင်ခန်းစာ ရရှိပါတယ်။

နောက်ဆုံးမှာတော့ တိမ်ယံထွန်းတစ်ယောက် ဟန်နီနဲ့ ဦးသက်နိုင်အောင်ကို သတ်တဲ့အမှုနဲ့ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူသွားရပါတယ်။ ပရိသတ်တွေ ဘယ်လိုမှ မထင်မှတ်ထားတဲ့သူက လူသတ်တရားခံဖြစ်နေတာ အံ့သြစရာပဲနော်။ ပရိသတ်ကြီးရော “ဝင်္ကပါရှင်းတမ်း” ဇာတ်သိမ်းပိုင်းကို ကျေနပ်မှုရှိရဲ့လား ပြောသွားပါဦးနော်။Credit-momolay

Share From Lucky Myanmar