ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်အားပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာညီမလေးတစ်ဦးဖြစ်တဲ့ ယွန်းယွန်းနဲ့အတူ ကြော်ငြာလေးတစ်ခုရိုက်ကူးဖို့အတွက် အကလေ့ကျင့်နေတာ တွေ့ရပါတယ်။ အတိုင်အဖောက်ညီညီနဲ့ အကတိုက်နေကြတဲ့ ပိုင်တံခွန်နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယိုလေးကတော့ အရမ်းကို ကြည့်လို့ကောင်းနေတာပါ။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြော်ငြာရိုက်ကူးရေး တစ်ခုအတွက် အတိုင်အဖောက်ညီညီ အကတိုက်နေကြတဲ့ပိုင်တံခွန်နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုပါဗီဒီယိုလေးကိုတော့ ယွန်းယွန်းက “Dance Practice for T247′” ဆိုပြီး သူမရဲ့လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။
ကြော်ငြာတစ်ခုအတွက် အကတိုက်နေတဲ့ ပိုင်တံခွန်နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယို
ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်တော် ယွန်းယွန်းလေးကလည်း အခုဆိုရင် ခေါင်းဆောင်မင်းသမီးတစ်ဦအနေနဲ့ သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြော်ငြာတစ်ခုအတွက် အတိုင်အဖောက်ညီညီ အကတိုက်နေကြတဲ့ ပိုင်တံခွန်နဲ့ ယွန်းယွန်းတို့ရဲ့ ဗီဒီယိုလေးကိုသဘောကျရင် အချင်းချင်း ဝေမျှသွားကြပါဦးနော်။
Myint Myat
Source;Yoon Yoon’s Instagram
Share From Lovely Myanmar