အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန္႕ပစ္လိုက္ျပီး သူမဆီေရာက္လာတဲ့ ကေလးေတြကို ျပန္မေပးဘူးလို႕ ဆိုလာတဲ့ ခို္င္နွင္ေး၀

ပရဟိတ မင္းသမီးလို႕ တင္စားၾကတဲ့ ခိုင္နွင္းေ၀ကေတာ့ အနုပညာေလာကရဲ႕ ၀ါရင့္မင္းသမီးၾကီးတစ္ေယာက္ျဖစ္သလို ခိုင္နွင္းေ၀ ပရဟိတလူငယ္မ်ားအဖြဲ႕ရဲ႕ေခါင္းေဆာင္ တစ္ေယာက္ျဖစ္သလို ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားရိပ္ျမံဳ ဆိုတဲ့ ရင္ခြင္မဲ့ ကေလးငယ္ေလးေတြကို ေစာင့္ေရွာက္တဲ့ ေဂဟာေလးတစ္ခုဖြင့္လွစ္ထားသူပါ။ အစပိုင္းမွာ သက္ငယ္မုဒိန္းမႈေၾကာင့္ မိခင္ရဲ႕ အနာဂတ္ကို ေရွးရွဴျပီး ေမြးထားဖို႕မျဖစ္နိုင္တဲ့ ကေလးေတြကို ေစာင့္ေရွာက္ရင္းကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန္႕ပစ္ခံရဖို႕ ျဖစ္လာတဲ့ ေမြးကင္းစကေလးငယ္အမ်ားစုကို သနားမိတာေၾကာင့္ လက္ခံေစာင့္ေရွာက္ဖို႕ ျဖစ္လာတယ္လို႕ ဆိုလာပါတယ္။

 

မိခင္နဲ႕နာရီပိုင္းသာေနရျပီး လူ႕ေလာက ထဲကို ေရာက္ရွိလာတာ နာရီပိုင္းသာရွိေသးတဲ့ ေမြးကင္းစ ကေလးငယ္ေလးေတြ အမ်ားဆံုး လာေရာက္အပ္နွံၾကသလို ကေလးေလးေတြရဲ႕ မူလ မိဘေတြဆီက ေန စာခ်ဳပ္စာတမ္းနဲ႕ တကြ ရာသက္ပန္ လက္ခံေမြးစားလိုက္တာျဖစ္ပါတယ္။ လက္ရွိခိုင္နွင္းေ၀ ေမြးစားထားတဲ့ ကေလး(၁၃) ေယာက္ ၀န္းက်င္ရွိျပီး အငယ္ဆံုးေလးကေတာ့ ခုမွ (၁၀)ရက္သား ကေန အၾကီးဆံုးအရြယ္ကေတာ့ (၁)လသားအရြယ္ထိ ျဖစ္ပါတယ္။
ပဲရွိပါေသးတယ္။

 

“ကေလးေတြ ကၽြန္မဆီေရာက္လာတိုင္းကၽြန္မေ ၀မ္းမသာဘူး။ မိဘရွိလွ်က္နဲ႕ ကၽြန္မဆီေရာက္လာျပန္ျပီ ဆိုျပီး စိတ္မေကာင္းျဖစ္ရတယ္။ အားလံုးကေတာ့ ရင္ခြင္ပိုက္အရြယ္ေလးေတြပါပဲ။ ကေလးတစ္ေယာက္ေရာက္တိုင္း ေဆးရံုမွာ အရင္ လိုအပ္တဲ့ေဆးေတြစစ္တယ္။ ျပီးမွ ဒီထဲေခၚလာတာပါ။ ကေလးတစ္ေယာက္မွာ ေရာဂါပိုးပါလာရင္ တျခားေတြဆီကူးမွာစိုးလို႕ပါ။ ကေလးကို လာေပးတိုင္း ဒီတိုင္းမယူပါဘူး။ စာခ်ဳပ္စာတမ္းနဲ႕ယူတယ္။

လာေပးရင္ တခါထဲစဥ္းစားခိုင္းတယ္။ ေပးျပီးသြားရင္ အမ ျပန္မေပးဘူး။ ကေလး စိတ္ဒဏ္ရာရတယ္။ၾကီးလာမွ ျပန္လာေတာင္းတာ၊ ကေလးကဒီမွာေျပာင္းေနျပီးမွ လာေတာင္းတာမ်ိဳး။ ျပီးေတာ့ သူတို႕မိခင္စိတ္ကို လွံဳေဆာ္ေပးတာပါ။တခ်ိဳ႕ေတြက (၁၆)နွစ္ ျပည္႕မွ လောခၚမယ္ဆိုတာမ်ိဳးေတြရွိတယ္။အဲ့မ်ိဳးဆို ေဒါသထြက္ရတယ္။ ဒါကကေလးထိန္းေက်ာင္းမဟုတ္ဘူး။ဒီေနရာေလးက လမ္းေဘးမွာ ပစ္မဲ့ ကေလးေတြကို ေစာင့္ေရွာက္ကူညီေပးတာပါ။” လို႕ ခိုင္နွင္းေ၀ သူမရဲ႕ ေဂဟာေလးနဲ႕ ပတ္သက္လို႕ ေစတနာစကားေတြနဲ႕ အတူ စည္းကမ္းခ်က္ေတြကို ခုလိုေျပာျပလိုက္တာျဖစ္တာမို႕ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

source: eleven exclusive
Khin Mi MiCeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

ပရဟိတ မင်းသမီးလို့ တင်စားကြတဲ့ ခိုင်နှင်းဝေကတော့ အနုပညာလောကရဲ့ ဝါရင့်မင်းသမီးကြီးတစ်ယောက်ဖြစ်သလို ခိုင်နှင်းေ၀ ပရဟိတလူငယ်များအဖွဲ့ရဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်သလို ခိုင်နှင်းဝေ ရင်သွေးလေးများရိပ်မြုံ
ဆိုတဲ့ ရင်ခွင်မဲ့ ကလေးငယ်လေးတွေကို စောင့်ရှောက်တဲ့ ဂေဟာလေးတစ်ခုဖွင့်လှစ်ထားသူပါ။ အစပိုင်းမှာ သက်ငယ်မုဒိန်းမှုကြောင့် မိခင်ရဲ့ အနာဂတ်ကို ရှေးရှူပြီး မွေးထားဖို့မဖြစ်နိုင်တဲ့ ကလေးတွေကို စောင့်ရှောက်ရင်းကနေ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရဖို့ ဖြစ်လာတဲ့ မွေးကင်းစကလေးငယ်အများစုကို သနားမိတာကြောင့် လက်ခံစောင့်ရှောက်ဖို့ ဖြစ်လာတယ်လို့ ဆိုလာပါတယ်။

မိခင်နဲ့နာရီပိုင်းသာနေရပြီး လူ့လောက ထဲကို ရောက်ရှိလာတာ နာရီပိုင်းသာရှိသေးတဲ့ မွေးကင်းစ ကလေးငယ်လေးတွေ အများဆုံး လာရောက်အပ်နှံကြသလို ကလေးလေးတွေရဲ့ မူလ မိဘတွေဆီက နေ စာချုပ်စာတမ်းနဲ့ တကွ ရာသက်ပန် လက်ခံမွေးစားလိုက်တာဖြစ်ပါတယ်။ လက်ရှိခိုင်နှင်းေ၀ မွေးစားထားတဲ့ ကလေး(၁၃) ယောက် ဝန်းကျင်ရှိပြီး အငယ်ဆုံးလေးကတော့ ခုမှ (၁၀)ရက်သား ကနေ အကြီးဆုံးအရွယ်ကတော့ (၁)လသားအရွယ်ထိ ဖြစ်ပါတယ်။
ပဲရှိပါသေးတယ်။

“ကလေးတွေ ကျွန်မဆီရောက်လာတိုင်းကျွန်မေ ဝမ်းမသာဘူး။ မိဘရှိလျှက်နဲ့ ကျွန်မဆီရောက်လာပြန်ပြီ ဆိုပြီး စိတ်မကောင်းဖြစ်ရတယ်။ အားလုံးကတော့ ရင်ခွင်ပိုက်အရွယ်လေးတွေပါပဲ။ ကလေးတစ်ယောက်ရောက်တိုင်း ဆေးရုံမှာ အရင် လိုအပ်တဲ့ဆေးတွေစစ်တယ်။ ပြီးမှ ဒီထဲခေါ်လာတာပါ။ ကလေးတစ်ယောက်မှာ ရောဂါပိုးပါလာရင် တခြားတွေဆီကူးမှာစိုးလို့ပါ။ ကလေးကို လာပေးတိုင်း ဒီတိုင်းမယူပါဘူး။ စာချုပ်စာတမ်းနဲ့ယူတယ်။ လာပေးရင် တခါထဲစဉ်းစားခိုင်းတယ်။ ပေးပြီးသွားရင် အမ ပြန်မပေးဘူး။ ကလေး စိတ်ဒဏ်ရာရတယ်။

ကြီးလာမှ ပြန်လာတောင်းတာ၊ ကလေးကဒီမှာပြောင်းနေပြီးမှ လာတောင်းတာမျိုး။ ပြီးတော့ သူတို့မိခင်စိတ်ကို လှုံဆော်ပေးတာပါ။တချို့တွေက (၁၆)နှစ် ပြည့်မှ လောခါ်မယ်ဆိုတာမျိုးတွေရှိတယ်။အဲ့မျိုးဆို ဒေါသထွက်ရတယ်။ ဒါကကလေးထိန်းကျောင်းမဟုတ်ဘူး။ဒီနေရာလေးက လမ်းဘေးမှာ ပစ်မဲ့ ကလေးတွေကို စောင့်ရှောက်ကူညီပေးတာပါ။” လို့ ခိုင်နှင်းေ၀ သူမရဲ့ ဂေဟာလေးနဲ့ ပတ်သက်လို့ စေတနာစကားတွေနဲ့ အတူ စည်းကမ်းချက်တွေကို ခုလိုပြောပြလိုက်တာဖြစ်တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

Share From CeleGabar