
ညွင္းေပ်ာက္ေဆး ႏွင္႔ ဒန္႔ကြ်ဲပင္
=================
လက္တင္ျဖင့္ Cassia Toraဟုေခၚပါသည္။
လူအေတာ္မ်ားမ်ား အျဖစ္မ်ားၾက၏။ဆိုရပါေသာ္ အေရျပားမွဳိေရာဂါ ျဖစ္သည္။မိမိအသား အေရာင္ထက္ ပို၍ျဖဴေနျခင္း၊ပို၍ရင့္ေနျခင္းျဖစ္သည္။
အခ်ိန္ၾကာျမင့္လာသည္ႏွင့္အမွ် တျဖည္းျဖည္း ပြားလာ တတ္ေလသည္။ ရင္းဘတ္၊ ပါးျပင္၊ဂုတ္သား၊ ေက်ာျပင္ ၊လက္ေမာင္း၊လည္ပင္းေနရာအႏွံ႔ အကြက္အကြက္မ်ား ပ်ံ႕ပြားေနတတ္သည္။
ေယာက်္ား၊မိန္းမတို႔ ညွင္းေပါက္၍ အလွေပ်ာက္ျပီး စိတ္ညစ္သူတို႔မ်ားၾကသည္။ရုပ္ေလးေတာ့ေခ်ာပါရဲ႕ ညွင္း ေတြ ေပါက္ေနတာဆုိးတယ္ ဒီလိုမ်ိဳးေျပာတတ္ၾကသည္ ကိုး..။
ညွင္းေရာဂါသည္ Mallasseziaဟုေခၚေသာမိွဳ တစ္မ်ိဳး ေၾကာင့္ ျဖစ္ပြားသည္ဟု ဆိုပါသည္။ နာက်င္မ်ဳမရွိေသာ္လည္း တစ္ခါတစ္ရံယားယံတတ္ပါသည္။
ေခတ္ေပၚေဆး၀ါးမ်ား ၀ယ္ယူရန္ခက္ခဲသူတို႔ အတြက္ ညွင္းကို ေပ်ာက္ေၾကာင္းေဆးနည္းေကာင္းေလးအား တင္ျပပါအံ႕…။
ေဆးနည္း….
ဒန္းကြ်ဲပင္ေစ႔ မ်ားကို ေျမအိုးတြင္မီးကြ်မ္းေအာင္ေလွာ္ျပီး အမွဳန္႕ေထာင္းပါ။ ထိုဒန္႔ကြ်ဲမွဳန္႕ႏွင့္ႏွမ္းဆီစစ္စစ္ေလးအား ေရာေမႊျပီး ညအိပ္ရာ၀င္တိုင္း လိမ္းေပးရန္ျဖစ္ပါသည္။ (၁၀)ရက္ တိတိဇြဲရွိရွိေလး လိမ္းေပးပါက ခႏၶာကိုယ္ေပၚမွ ညွင္းမ်ား ေပ်ာက္ျပီး ပင္ကိုယ္အလွျပန္၍ ရနိုင္ပါေၾကာင္း တင္ျပလိုက္ပါသည္။
ႏွမ္းဆီအခက္ေတြ႔သူတို႔ သံပုရာရည္ျဖင့္လိမ္းပါရန္။ဒန္းကြ်ဲပင္အား ေရႊျမန္မာတို႔အထူးမိတ္ဆက္ရန္ မလိုပါ သိျပီးအပင္ျဖစ္ပါသည္။
ဒန္းကြ်ဲပင္(အရွင္နာဂသိန္ပံုျပေဆးက်မး္အဆို)
အေစ႔သည္ပူ၍ခါးသက္ေသာအရသာရွိပါသည္။အရြက္ကို ဟင္းခ်က္စားျခင္း၊ အေစ႔ကို သံပုရာရည္ျဖင့္ ၾကိတ္ျပီးလိမ္းပါက အေရျပားေရာဂါတို႔ ေပ်ာက္ပါသည္။
မ်က္စိအတြက္အေစ႔ကိုေသြး၍ကြင္းျခင္း၊ အေစ႔ကို က်ိဳျပီးေသာက္ပါက မ်က္စိပိုးထျခင္း၊ယားျခင္းကို သက္သာေစပါသည္။
အနာငန္းလိုက္က အေစ႔ကို ေသြးျပီးလိမ္းျခင္း၊ေသာက္ျခင္းျဖင့္ ေပ်ာက္ကင္းနိုင္ပါသည္။
နကၡတၱေရာင္ျခည္မဂၢဇင္း
Myanmar Express
ညှင်းပျောက်ဆေး နှင့် ဒန့်ကျွဲပင်
=================
လက်တင်ဖြင့် Cassia Toraဟုခေါ်ပါသည်။
လူအတော်များများ အဖြစ်များကြ၏။ဆိုရပါသော် အရေပြားမှိုရောဂါ ဖြစ်သည်။မိမိအသား အရောင်ထက် ပို၍ဖြူနေခြင်း၊ပို၍ရင့်နေခြင်းဖြစ်သည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း ပွားလာ တတ်လေသည်။ ရင်းဘတ်၊ ပါးပြင်၊ဂုတ်သား၊ ကျောပြင် ၊လက်မောင်း၊လည်ပင်းနေရာအနှံ့ အကွက်အကွက်များ ပျံ့ပွားနေတတ်သည်။
ယောကျ်ား၊မိန်းမတို့ ညှင်းပေါက်၍ အလှပျောက်ပြီး စိတ်ညစ်သူတို့များကြသည်။ရုပ်လေးတော့ချောပါရဲ့ ညှင်း တွေ ပေါက်နေတာဆိုးတယ် ဒီလိုမျိုးပြောတတ်ကြသည် ကိုး..။
ညှင်းရောဂါသည် Mallasseziaဟုခေါ်သောမှို တစ်မျိုး ကြောင့် ဖြစ်ပွားသည်ဟု ဆိုပါသည်။ နာကျင်မျုမရှိသော်လည်း တစ်ခါတစ်ရံယားယံတတ်ပါသည်။
ခေတ်ပေါ်ဆေးဝါးများ ဝယ်ယူရန်ခက်ခဲသူတို့ အတွက် ညှင်းကို ပျောက်ကြောင်းဆေးနည်းကောင်းလေးအား တင်ပြပါအံ့…။
ဆေးနည်း….
ဒန်းကျွဲပင်စေ့ များကို မြေအိုးတွင်မီးကျွမ်းအောင်လှော်ပြီး အမှုန့်ထောင်းပါ။ ထိုဒန့်ကျွဲမှုန့်နှင့်နှမ်းဆီစစ်စစ်လေးအား ရောမွှေပြီး ညအိပ်ရာဝင်တိုင်း လိမ်းပေးရန်ဖြစ်ပါသည်။ (၁၀)ရက် တိတိဇွဲရှိရှိလေး လိမ်းပေးပါက ခန္ဓာကိုယ်ပေါ်မှ ညှင်းများ ပျောက်ပြီး ပင်ကိုယ်အလှပြန်၍ ရနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။
နှမ်းဆီအခက်တွေ့သူတို့ သံပုရာရည်ဖြင့်လိမ်းပါရန်။ဒန်းကျွဲပင်အား ရွှေမြန်မာတို့အထူးမိတ်ဆက်ရန် မလိုပါ သိပြီးအပင်ဖြစ်ပါသည်။
ဒန်းကျွဲပင်(အရှင်နာဂသိန်ပုံပြဆေးကျမး်အဆို)
အစေ့သည်ပူ၍ခါးသက်သောအရသာရှိပါသည်။အရွက်ကို ဟင်းချက်စားခြင်း၊ အစေ့ကို သံပုရာရည်ဖြင့် ကြိတ်ပြီးလိမ်းပါက အရေပြားရောဂါတို့ ပျောက်ပါသည်။
မျက်စိအတွက်အစေ့ကိုသွေး၍ကွင်းခြင်း၊ အစေ့ကို ကျိုပြီးသောက်ပါက မျက်စိပိုးထခြင်း၊ယားခြင်းကို သက်သာစေပါသည်။
အနာငန်းလိုက်က အစေ့ကို သွေးပြီးလိမ်းခြင်း၊သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
Myanmar Express