ပင္လယ္ေစာင့္ နတ္မင္းၾကီးက ဖန္ဆင္းေပးထားတာလို႔ အယူရွိၾကတဲ႔ ကိုးရီးယား ပင္လယ္ျပင္ထဲက နတ္လမ္း

Jindo island and Modo island, South Koreauဒုိ ဆုိတဲ ့ကြ်န္းကေလးတစ္ခုမွာ မုိးစက္ရဲ အံ့ၾသဖြယ္ရာျဖစ္ရပ္ဆန္းက်ယ္ လို ့ ေခၚဆုိတဲ ့အလြန္ထူးဆန္းလြန္းတဲ သဘာဝျဖစ္ရပ္တစ္ခု ႏွစ္စဥ္ ျဖစ္ေပၚေလ ့ရွိပါတယ္…

တစ္ႏွစ္ကုိႏွစ္ႀကိမ္၊ ပင္လယ္ေရက်ခ်ိန္မွာ အဆုိပါ ဂ်င္ဒုိကြ်န္းနွင္႔မုိဒုိကြ်န္းအၾကားက ေရျပင္မွာ အရွည္ ၂.၈ ကီလုိမီတာ (၁.၇ မုိင္ခန္႔)နဲ အက်ယ္ ၄၀ မီတာ (၁၃၁ ေပ ခန္႔) ရွိတဲ ့ေျမျပင္ေပၚလာၿပီး လူေတြျဖတ္သြားလုိ ့ရေအာင္ တစ္နာရီေလာက္ၾကာတဲ့အထိျဖစ္ေနတတ္ပါတယ္…

ေလာကႀကီးဟာဆန္းက်ယ္လွပါတယ္…ထုိ သဘာဝျဖစ္ရပ္ဆန္းကုိ ပဲြေတာ္တစ္ခုအေနနဲ ့က်င္းပၾကၿပီးကမာၻတစ္ဝွမ္းက လာေရာက္ၾကသူေတြလည္း ႏွစ္စဥ္ ပါဝင္ေလ ့ရွိၾကပါတယ္… ထုိ ျဖစ္ရပ္ဆန္းကုိ ၁၉၇၅ ခုႏွစ္အထိ ျပင္ပကမာၻမွ မသိရွိႀကေသးပါဘူး…. ၎ႏွစ္မွာ ျပင္သစ္ျပည္က သံတမန္တစ္ဦးေတာင္ကုိရီးယားကုိ လာေရာက္လည္ပတ္ခဲ့ၿပီးေနာက္ ထုိအေၾကာင္းကုိျပင္သစ္သတင္းစာမွာ ေရးသားခဲ့ၿပီးေနာက္မွ ကမာၻက သိရွိသြားခဲ ့တာျဖစ္ပါတယ္…

ထုိ ျဖစ္ရပ္ဆန္းၾကယ္ရဲ ့သမုိင္းကေတာ ့ဒီလုိပါ…တစ္ခ်ိန္မွာ ဂ်င္ဒုိကြ်န္းရဲ႕ရြာကေလးဟာ က်ားဆုိးေတြရဲ႕ ရန္ျပဳတုိက္ခုိက္ျခင္းကုိခံခဲ ့ရပါတယ္…ရြာသားေတြအားလံုးဟာ အနီးအနားက မုိဒုိကြ်န္းကုိ ထြက္ေျပးခုိလံႈႏုိင္ခဲ ့ၾကေပမယ္ ့ အသက္အရြယ္ႀကီးရင့္သူ အဘြားအုိတစ္ဦးကေတာ ့ကူညီမယ္ ့သူမရွိလုိ ့ ေနာက္မွာ က်န္ေနခဲ ့ရရွာပါတယ္…

စိတ္ပ်က္အားငယ္စြာနဲ ့သူမဟာ ပင္လယ္ေစာင္ ့နတ္မင္းကုိ တုိင္တည္ရွိခုိးဆုေတာင္းခဲ ့ရာမွာ၊ နတ္မင္းႀကီးက ပင္လယ္ျပင္ႀကီးကုိ နွစ္ျခမ္းခဲြကာ သူမကုိ ေသြးဆာေနတဲ ့ေတာ႐ုိင္းတိရိစာၦန္ေတြရဲ႕ေဘးကေနလြတ္ေအာင္ မုိဒုိကြ်န္းကုိထြက္ေျပးနုိင္ဖုိ ့ဖန္ဆင္းေပးခဲ ့တယ္လုိ ့ဆုိပါတယ္…

အဲဒီကေနစၿပီး နွစ္စဥ္နွစ္တုိင္း ပင္လယ္ေရျပင္ဟာ ကြ်န္းႏွစ္ကြ်န္းကိုကူးၿပီး လူေတြျဖတ္သြားနုိင္ေအာင္ ေလ်ာ ့နည္းေပးခဲ ့ရတယ္လုိ ့ဆုိပါတယ္…

ႀကဳံေတာင္ ့ႀကံဳခဲမုိ ့လာေရာက္ဆင္ႏႊဲၾကပါတယ္…ထုိပဲြေတာ္အျဖစ္အပ်က္ဟာ ႏွစ္စဥ္ ေမလ ၁၈ ရက္ေန ့မွာ ျဖစ္ေပၚေလ့ရွိပါတယ္… ကိုရီးယားေတြကေတာ ့ႏွစ္စဥ္ မတ္၊ ေမ နဲ ့ဂ်ဴလုိင္ လေတြမွာ ပဲြေတာ္ကုိ က်င္းပၾကပါတယ္…

အခုေတာ ့ပုိမုိမ်ားျပားလာတဲ ့ဧည့္သည္ေတြေၾကာင္ ့ပဲြေတာ္ကုိ ဧၿပီလမွာလည္း က်င္းပဖို ့ဆံုးျဖတ္ခဲ ့ၾကပါတယ္…

credit : ဝင္းကမာၻေက်ာ္

Jindo island and Modo island, South Koreauဒို ဆိုတဲ့ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ အံ့သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ ခေါ်ဆိုတဲ့အလွန်ထူးဆန်းလွန်းတဲ သဘာဝဖြစ်ရပ်တစ်ခု နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပါတယ်…

တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့်မိုဒိုကျွန်းအကြားက ရေပြင်မှာ အရှည် ၂.၈ ကီလိုမီတာ (၁.၇ မိုင်ခန့်)နဲ အကျယ် ၄၀ မီတာ (၁၃၁ ပေ ခန့်) ရှိတဲ့မြေပြင်ပေါ်လာပြီး လူတွေဖြတ်သွားလို့ရအောင် တစ်နာရီလောက်ကြာတဲ့အထိဖြစ်နေတတ်ပါတယ်…

လောကကြီးဟာဆန်းကျယ်လှပါတယ်…ထို သဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ့ကျင်းပကြပြီးကမ္ဘာတစ်ဝှမ်းက လာရောက်ကြသူတွေလည်း နှစ်စဉ် ပါဝင်လေ့ရှိကြပါတယ်… ထို ဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ မသိရှိကြသေးပါဘူး…. ၎င်းနှစ်မှာ ပြင်သစ်ပြည်က သံတမန်တစ်ဦးတောင်ကိုရီးယားကို လာရောက်လည်ပတ်ခဲ့ပြီးနောက် ထိုအကြောင်းကိုပြင်သစ်သတင်းစာမှာ ရေးသားခဲ့ပြီးနောက်မှ ကမ္ဘာက သိရှိသွားခဲ့တာဖြစ်ပါတယ်…

ထို ဖြစ်ရပ်ဆန်းကြယ်ရဲ့သမိုင်းကတော့ဒီလိုပါ…တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ရွာကလေးဟာ ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်…ရွာသားတွေအားလုံးဟာ အနီးအနားက မိုဒိုကျွန်းကို ထွက်ပြေးခိုလှုံနိုင်ခဲ့ကြပေမယ့် အသက်အရွယ်ကြီးရင့်သူ အဘွားအိုတစ်ဦးကတော့ကူညီမယ့်သူမရှိလို့ နောက်မှာ ကျန်နေခဲ့ရရှာပါတယ်…

စိတ်ပျက်အားငယ်စွာနဲ့သူမဟာ ပင်လယ်စောင့်နတ်မင်းကို တိုင်တည်ရှိခိုးဆုတောင်းခဲ့ရာမှာ၊ နတ်မင်းကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ့တောရိုင်းတိရိစ္ဆာန်တွေရဲ့ဘေးကနေလွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့ဖန်ဆင်းပေးခဲ့တယ်လို့ဆိုပါတယ်…

အဲဒီကနေစပြီး နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင် လျော့နည်းပေးခဲ့ရတယ်လို့ဆိုပါတယ်…

ကြုံတောင့်ကြုံခဲမို့လာရောက်ဆင်နွှဲကြပါတယ်…ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ့မှာ ဖြစ်ပေါ်လေ့ရှိပါတယ်… ကိုရီးယားတွေကတော့နှစ်စဉ် မတ်၊ မေ နဲ့ဂျူလိုင် လတွေမှာ ပွဲတော်ကို ကျင်းပကြပါတယ်…

အခုတော့ပိုမိုများပြားလာတဲ့ဧည့်သည်တွေကြောင့်ပွဲတော်ကို ဧပြီလမှာလည်း ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်…

credit : ဝင်းကမ္ဘာကျော်

Share From Lovely Myanmar