ဘယ်သူမှ ရှောင်လွဲလို့မရတဲ့ သေခြင်းတရားဆိုတာ မကြုံချင်လည်း ကြုံတွေ့ကြရမှာမို့ မြန်ဆန်လွန်းလှတဲ့ အချိန်လေးအတွင်းမှာ ချစ်ရသူတွေကို ဆုံးရှုံးရတာမျိုး လူတိုင်းကြုံတွေ့ခဲ့ရဖူးမှာပါ။
လတ်တလောမှာတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မိတ်ကပ်ဆရာလေးတစ်ဦးက သူချစ်ရတဲ့ မိသားစုတွေကိုရော သင်ဇာ့ကိုပါထားပြီး ဘဝတပါးသို့ ကူးပြောင်းသွားတာမို့ သင်ဇာတစ်ယောက် တော်တော်လေး စိတ်မကောင်းဖြစ်နေတာပါ။
ခင်မင်ရတဲ့ မိတ်ဆွေတစ်ယောက် ဆုံးရှုံးသွားပြီမို့ သင်ဇာလေးက အရမ်းကိုဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မိသားစုလို ချစ်ရတဲ့ သူမရဲ့မိတ်ကပ်ဆရာလေး ဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ သင်ဇာဝင့်ကျော်
ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်ဇာဝင့်ကျော်ကတော့ “အစည်လေးရေ…အမတကယ်စိတ်မကောင်းဘူးကွယ်…ရောက်လေရာဘဝတိုင်းမှာဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေနဲ့နော်…အစည်လေးကောင်းရာမွန်ရာရောက်ပါစေ…အမနဲ့အလုပ်တွေအများကြီးအတူတွဲလုပ်ခဲ့တဲ့ အရမ်းတော်တဲ့မိတ်ကပ်ဆရာလေးကိုအမဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ” ဆိုပြီး အရမ်းစိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
စိတ်ထားကောင်းတဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ဘေးမှာ အလုပ်လုပ်တဲ့သူတွေကို မိသားစုလို သဘောထားပြီး တရင်းတနှီး နေတတ်တဲ့ မင်းသမီးမို့ ပရိသတ်တွေက ပိုချစ်နေကြရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူမရဲ့မိတ်ကပ်ဆရာလေး ဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ သင်ဇာဝင့်ကျော်ကိုအားပေးစကားလေးတွေ ပြောသွားကြဖို့ မမေ့ပါနဲ့နော်။Credit-momolay
Share From Lucky Myanmar