အသက္ တစ္ႏွစ္ႀကီးသြားတဲ့ ညီမေလးအတြက္ မမဝါဆိုရဲ႕ ေမြးေန႔ဆုေတာင္း

ေမလ၁၉ရက္ေန႔ကအ႐ုပ္မေလးလိုခ်စ္စရာေကာင္းလွတဲ့သၪၨာရဲ႕ေမြးေန႔ျဖစ္ပါတယ္။ဒါေၾကာင့္မမဝါဆိုမိုးဦးကလည္းညီမငယ္ေလးကိုရင့္က်က္ေစခ်င္ပါၿပီတဲ့။ဒီေန႔(ေမလ၁၉)ရက္ေန႔ကသ႐ုပ္ေဆာင္ဝါဆိုမိုးဦးရဲ႕ညီမငယ္ေလးသၪၨာရဲ႕ေမြးေန႔ျဖစ္ပါတယ္။ ဒီအတြက္ ေမြးေန႔ဆုေတာင္းစကားကိုလည္း အခုလို ေျပာျပခဲ့ပါေသးတယ္။

‘’Happy birthday ပါ ငပိန္းမေလး။ အသက္ႀကီးလာၿပီဆိုေတာ့ လူႀကီးလိုေနပါ မပိန္းပါနဲ႔။ အၿမဲတမ္းေပ်ာ္႐ႊင္ ႏိုင္ပါေစ။ Love u so much Wish u all the best’’ ဆိုၿပီးေတာ့ ေမလ ၁၉ ရက္ေန႔ မနက္ ၉နာရီ ၂၁ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ မွာ ေရးသားခဲ့ပါတယ္။

ဝါဆိုမိုးဦးရဲ႕ညီမငယ္ေလးသၪၨာကေတာ့လက္ရွိမွာတီဗီေၾကာ္ျငာေတြ၊မဂၢဇင္းကာဗာေတြ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။ခ်စ္စရာေကာင္းလြန္းတဲ့သူမကိုလည္းအားေပးၾကတဲ့ပရိသတ္ေတြကအမ်ားႀကီးပါ။ဝါဆိုမိုးဦးကသူ႔ရဲ႕ညီမေလးပါလို႔ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚကေနတဆင့္ မိတ္ဆက္ေပးလိုက္တဲ့ အခ်ိန္မွာ သၪၨာ့ကို ပရိသတ္ေတြ စသိခဲ့တာပါ။

ဝါဆိုမိုးဦးရဲ႕အႏုပညာသက္တမ္းကေတာ့၁၀စုႏွစ္တစ္ခုကိုေရာက္ရွိေနၿပီျဖစ္ပါတယ္။သူမကိုေတာ့ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ပရိသတ္ေတြစသိခဲ့တာပါ။အခုလက္ရွိမွာေတာ့သ႐ုပ္ေဆာင္အလုပ္ထက္ဂီတအလုပ္ေတြကိုပိုမိုဦးစားေပးလုပ္ကိုင္လာတာ ေတြ႕ရပါတယ္။ တစ္ကိုယ္ေတာ္ အေခြျဖစ္တဲ့ မိုက္လားေျပာၾကည့္ ေတးစီးရီးလည္း ထြက္ရွိထားပါေသးတယ္။

အခုဆိုရင္ေတာ့ ဝါဆိုမိုးဦးက သူ႔ရဲ႕ ခ်စ္သူ အဆိုေတာ္ ၿဖိဳးေလး(Snare) နဲ႔ သီခ်င္းေတြ အတူတူ ဆိုျဖစ္ေနပါတယ္။ သူတို႔ ႏွစ္ေယာက္ဟာ ခ်စ္သူသက္တမ္း(၃)ႏွစ္ေက်ာ္ကို ေရာက္ရွိလာခဲ့ပါၿပီ။ ဒီ ၃ႏွစ္အတြင္းမွာလည္းတစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ပါပဲတဲ့။လက္ရွိမွာေတာ့ၿဖိဳးေလးကသီခ်င္းအသစ္ေတြဖန္တီးေနတာျဖစ္ပါတယ္။ဝါဆိုမိုးဦးကေတာ့ စီးပြားေရးဘက္မွာ ပိုၿပီး အာ႐ုံစိုက္ေနတာကို ေတြ႕ရပါတယ္။

CRD-Cele Yatkwat

 

UNICODE

မေလ၁၉ရက်နေ့ကအရုပ်မလေးလိုချစ်စရာကောင်းလှတဲ့သဉ္ဇာရဲ့မွေးနေ့ဖြစ်ပါတယ်။ဒါကြောင့်မမဝါဆိုမိုးဦးကလည်းညီမငယ်လေးကိုရင့်ကျက်စေချင်ပါပြီတဲ့။ဒီနေ့(မေလ၁၉)ရက်နေ့ကသရုပ်ဆောင်ဝါဆိုမိုးဦးရဲ့ညီမငယ်လေးသဉ္ဇာရဲ့မွေးနေ့ဖြစ်ပါတယ်။ ဒီအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

‘’Happy birthday ပါ ငပိန်းမလေး။ အသက်ကြီးလာပြီဆိုတော့ လူကြီးလိုနေပါ မပိန်းပါနဲ့။ အမြဲတမ်းပျော်ရွှင် နိုင်ပါစေ။ Love u so much Wish u all the best’’ ဆိုပြီးတော့ မေလ ၁၉ ရက်နေ့ မနက် ၉နာရီ ၂၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားခဲ့ပါတယ်။

ဝါဆိုမိုးဦးရဲ့ညီမငယ်လေးသဉ္ဇာကတော့လက်ရှိမှာတီဗီကြော်ငြာတွေ၊မဂ္ဂဇင်းကာဗာတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့သူမကိုလည်းအားပေးကြတဲ့ပရိသတ်တွေကအများကြီးပါ။ဝါဆိုမိုးဦးကသူ့ရဲ့ညီမလေးပါလို့ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေတဆင့် မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာ သဉ္ဇာ့ကို ပရိသတ်တွေ စသိခဲ့တာပါ။

ဝါဆိုမိုးဦးရဲ့အနုပညာသက်တမ်းကတော့၁၀စုနှစ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူမကိုတော့ဗီဒီယိုဇာတ်ကားတွေကနေတဆင့်ပရိသတ်တွေစသိခဲ့တာပါ။အခုလက်ရှိမှာတော့သရုပ်ဆောင်အလုပ်ထက်ဂီတအလုပ်တွေကိုပိုမိုဦးစားပေးလုပ်ကိုင်လာတာတွေ့ရပါတယ်။တစ်ကိုယ်တော်အခွေဖြစ်တဲ့မိုက်လားပြောကြည့်တေးစီးရီးလည်းထွက်ရှိထားပါသေးတယ်။

အခုဆိုရင်တော့ ဝါဆိုမိုးဦးက သူ့ရဲ့ ချစ်သူ အဆိုတော် ဖြိုးလေး(Snare) နဲ့ သီချင်းတွေ အတူတူ ဆိုဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ဟာချစ်သူသက်တမ်း(၃)နှစ်ကျော်ကိုရောက်ရှိလာခဲ့ပါပြီ။ဒီ၃နှစ်အတွင်းမှာလည်းတစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲတဲ့။လက်ရှိမှာတော့ဖြိုးလေးကသီချင်းအသစ်တွေဖန်တီးနေတာဖြစ်ပါတယ်။ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။

Share From Global Myanmar Media