နေခြည်ဦးနဲ့ ရွှေထူးတို့ အရမ်း Ro ထားကြတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ဝင်ခန်း





CRD-Momolay

 

UNICODE

ပရိသတ်တွေစိတ်ဝင်တစားနဲ့မျှော်လင့်နေကြတဲ့”ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးကိုမကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။”ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးမှာဒိတိဒိတ်ကြဲအနုပညာရှင်များဖြစ်တဲ့ရွှေထူး၊ရွှေမှုံရတီနဲ့နေခြည်ဦးတို့ကအပြိုင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ပရိသတ်တွေက “ဧည့်သည်” ရုပ်ရှင်ကို Trailerမထွက်သေးခင်တည်းက စိတ်ပါဝင်စားစွာ သတိထားနေကြတာဖြစ်ပါတယ်။

“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးမှာနေခြည်ဦး၊ရွှေထူးနဲ့ရွှေမှုံရတီတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ရှုကြရမှာဖြစ်ပါတယ်။နေခြည်ဦးနဲ့ရွှေထူးတို့ကလည်းညသရုပ်ဆောင်အသစ်တွေဆိုပေမယ့်ရွှေမှုံရတီလိုဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ အပြိုင်သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးမှာနေခြည်ဦးနဲ့ရွှေထူးတို့ကချစ်သူတွေဖြစ်ပြီးတစ်ယောက်နဲ့တစ်ယောက်အနေဝေးသွားချိန်မှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ့်ကည့်ရှုရမှာဖြစ်ပါတယ်။ပရိသတ်တွေအတွက် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှ နေခြည်ဦးနဲ့ ရွှေထူးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်း လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

“ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပြီးဒရမ်မာဇာတ်လမ်းစစ်စစ်ကိုကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။”ဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးကို မေလ(၃၀) ရက်နေ့ကစပြီး ရုံတင်ပြသမှာမို့ ဆက်ဆက်ကြည့်ရှုအားပေးကြပါဦးနော်။

Share From Global Myanmar Media