ပိုက်ဆံရှာရအရမ်းခက်ခဲ့တဲ့ခေတ်မှာခွေထုတ်လိုက်တဲ့ဆုပန်ထွာကိုအားပေးလိုက်တဲ့ချစ်စနိုးဦး






ယူနီကုတ်ဖြင့်ဖတ်ရန်

ပိုက်ဆံရှာရအရမ်းခက်ခဲတဲ့ခေတ်မှာခွေထုတ်လိုက်တဲ့ဆုပန်ထွာကိုအားပေးလိုက်တဲ့ချစ်စနိုးဦး

သူကတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ မင်း သမီးတွေထဲကတစ်ယောက်လို့ပြောရမှာပါ ။ သူငယ်ချင်းဖြစ်သူဆုပန်ထွာကတော့ သေလောက်အောင်ချစ်တယ်ဆိုတဲ့ခွေလေးကို ထုတ်နိုင်ခဲ့ပြီးပဲဖြစ်ပါတယ် ။ချစ်စနိုးဦးကတော့ ပိုက်ဆံရှာရအရမ်းခက်ခဲတဲ့ခေတ်မှာ ခုလိုခွေထုတ်နိုင်တဲ့ဆုပန်ထွာကို ဂုဏ်ယူစွာ နဲ့ သူရဲ့ လူမှု ကွန်ယက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ် ။

ဆုပန်ထွာရဲ့ သေလောက်ချစ်တယ်ခွေလေးထုတ်တဲ့နေ့က အနုပညာရှင်ညီအကိုမောင်နှမတွေဖြစ်ကြတဲ့ ပွင့်နဒီမောင် ၊ချစ်စနီုးဦး၊ ဂန္တာဝင်စတဲ့အနုပညာရှင်ပေါင်းများစွာတက်ရောက်ခဲ့ကြတယ် ။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ချစ်စနိုးဦးက ခုလိုခေတ်မှာခွေထုတ်နိုင်လို့ ဂုဏ်ယူတယ်ဆိုတဲ့အကြောင်းကို

“ငါ့အမရေ လုပ်နိုင်ခဲ့ပြီနော် … ဒီခေတ်မှာအခွေတစ်ခွေထွက်ဖို့ဆိုတာမလွယ်တဲ့ကိစ္စပါ .. ပိုက်ဆံရှာရအရမ်းခက်တဲ့ခေတ်မှာ… အခွေထွက်ပြီးသွားရင်လဲ ဘယ်တော့မှပြန်မရတတ်ကြပါဘူး အရှုံးခံပြီးထုတ်ရတာပါ … ကိုယ့်အနုပညာလေးကျန်အောင်နဲ့ပရိသတ်အတွက် ထုတ်တာများတာပါ … အခုတော့ လုပ်နိုင်သွားပြီမို့ အရမ်းဝမ်းသာပါတယ်အမရေ congratulations အစ်မအခွေအောင်မြင်ပါစေ “လို့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော ဆုပန်ထွာရဲ့သေလောက်အောင်ချစ်တယ်အခွေလေး ပေါက်အောင် ဆုတောင်းပေးပြီးအားပေးကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။ချစ်သဲမေ @CeleGabar / Source : Chit Snow Oo

Share From CeleGabar