ကဆုန်လပြည့် ဗုဒ္ဓနေ့လေးမှာ မုန့်လက်ဆောင်း စတုဒီသာအလှူလေးနဲ့ ကုသိုလ်ယူနေတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်




Photo – ဝင့်ယမုံနိုင်,CRD-Myanmarload

 

UNICODE

ပရိသတ်ကြီးရေ..မေလ(၁၈)ရက်နေ့ကကျရောက်ခဲ့တဲ့ဗုဒ္ဓအခါတော်နေ့တစ်ရက်ဖြစ်တဲ့ကဆုန်လပြည့်နေ့လေးမှာတော့ကောင်းမှုကုသိုလ်လေးတွေတော်တော်များများပြုလုပ်ကြသလိုမင်းသမီးချောလေးဝင့်ယမုံနိုင်ကလည်းကုသိုလ်အလှူလေးတွေပြုလုပ်ခဲ့ပါတယ်..။”ကျွန်မကမဟေသီ”ဇာတ်ကားထဲမှာစံမြန်းလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ပရိသတ်တွေရဲ့အသည်းကျော်လေး သူမကတော့ ဘုရားသွားကုသိုလ်ပြုရင်း စတုဒီသာ အလှူလေး ပြုလုပ်ကုသိုလ်ယုခဲ့တာပဲ ဖြစ်ပါတယ်..။

ကဆုန်လပြည့်ကဆုန်ညောင်ရေသွန်းပွဲတော်မှာပါဝင်ကုသိုလ်ယူရင်းဘုရားဖူးလာဧည့်သည်တွေကိုမုန့်လက်ဆောင်းစတုဒီသာကျွေးမွေးအးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။စတုဒီသာကျွေးမွေးလှူဒါန်းရင်းကြည်နူးစရာကောင်းပြီးပျော်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း စံမြန်းလေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ထားဝယ်အသင်းရဲ့ကဆုန်လပြည့်နေ့’ထားဝယ်မုန့်လက်ဆောင်း’စတုဒီသာအလှူ..”ဆိုပြီးကုသိုလ်ယူပျော်စရာပုံလေးတွေကိုဝင့်ယမုံနိုင်ကချစ်ပရိသတ်တွေကိုမျှဝေထားတာပဲဖြစ်ပါတယ်..။စံမြန်းလေးတို့ရဲ့ပျော်စရာအမှတ်တရပုံရိပ်လေးတွေကတော့မြင်သူပရိသတ်တွေတိုင်းကိုအေးချမ်းမှုလေးတွေနဲ့အတူကြည်နူးပီတိအပျော်လေးတွေကိုပါကူးစက်စေပါတယ်နော်..။

Share From Global Myanmar Media