သမီးေလးရဲ႕ အဝတ္အစားေတြ ၾကည့္ရင္းနဲ႔ေတာင္ေပ်ာ္ေနၿပီဆိုတဲ့ စႏၵီျမင့္လြင္

စႏၵီျမင့္လြင္က သူ႔ရဲ႕ သမီးေလးကို ဇြန္လအတြင္းမွာ ေမြးဖြားမွာျဖစ္ပါတယ္။ အခုခ်ိန္မွာလည္း မိခင္တစ္ေယာက္ရဲ႕ ေမတၱာ ထက္ မိခင္ျဖစ္သူကို ပိုၿပီးေတာ့ ကိုယ္ခ်င္းစာတယ္လို႔ ဆိုပါတယ္။အဆိုေတာ္ စႏၵီျမင့္လြင္က သူ႔ရဲ႕ ပထမဦးဆုံးရင္ေသြးေလးကို ဇြန္ လကုန္ပိုင္းမွာ ေမြးဖြားမယ္လို႔ သိရပါတယ္။ မၾကာခင္ သမီးေလးကို ေမြးဖြားရေတာ့မွာျဖစ္လို႔လည္း အရမ္းကိုေပ်ာ္ေနၿပီလို႔ Duwun Media ကေနေျပာျပလာပါတယ္။

‘’ ဒီးဒီက ပန္းလႈိင္မွာ ေမြးျဖစ္ဖို႔ မ်ားပါတယ္။ ၇လပိုင္း လကုန္ခါနီးေလာက္ေပါ့။ ေဒါက္တာ ေဒၚေမသူမ်ိဳးၫႊန႔္နဲ႔ပါ။ ကေလးကေတာ့ မိန္းကေလးအခန္းဆိုေတာ့ ထုံးစံအတိုင္း ပန္းေရာင္ေလးေတြ၊ ဆင္မယ္၊ ျခယ္မယ္၊ သမီး အက်ႌေလးေတြေတြ႕ရင္ ကိုယ္ကေပ်ာ္ေနတာေပါ့ေနာ္။ ဗိုက္ထဲမွာကတည္းက ကိုယ္က မိဘေမတၱာ ခံစားေနရၿပီေပါ့ေနာ္’’ လို႔ ရယ္ရယ္ေမာေမာနဲ႔ ေျပာျပလာပါတယ္။

အစကတည္းက ေမေမ့ကိုခ်စ္တဲ့ သမီးတစ္ေယာက္ျဖစ္လို႔ ကိုယ္ဝန္ရရွိတဲ့အခ်ိန္မွာလည္း ေမေမ့ကို ပိုၿပီးေတာ့ ကိုယ္ခ်င္းစာတယ္လို႔ ဆိုပါတယ္။‘’ အခုခ်ိန္က်ေတာ့ ကိုယ္က အေမကို အရမ္းတြယ္ၿပီးေတာ့ ကိုယ့္အေမကို အရမ္းကိုယ္ခ်င္းစာတယ္၊ ကိုယ့္စိတ္ထဲမွာ အရမ္း အဲဒီလိုျဖစ္ေနတာေပါ့။ သမီးေလးကိုလည္း က်န္းက်န္းမာမာေကာင္း ေကာင္းမြန္မြန္ျဖစ္ေစခ်င္တယ္။’’ လို႔ ဆိုပါတယ္။

အဲဒီေနာက္ မိခင္ျဖစ္သူကလည္း သမီးေလးကို အရမ္းခ်စ္တဲ့အေၾကာင္း စႏၵီျမင့္လြင္က ေျပာျပလာပါတယ္။ မိန္းကေလး ျဖစ္တာေၾကာင့္လည္း မိသားစုေတြက ပိုၿပီးေတာ့ ေပ်ာ္တယ္တဲ့။‘’ အေမကလည္း စားလည္းစားရမယ္ ၿပီးေတာ့ အေကာင္းဆုံးေတြလုပ္ေပးခ်င္တယ္။ အစ္ကိုေတြက ေမြးထားတဲ့ ကေလးေတြကိုလည္း သူ အရမ္းခ်စ္တယ္။ ၿပီးေတာ့ ဒီးဒီက အငယ္ဆုံးသမီးဆိုေတာ့ ဒီးဒီ ေမြးလာမယ့္ သမီးေလးကိုလည္း အရမ္းခ်စ္တယ္။ မိန္းကေလးလည္းျဖစ္ေတာ့ အရမ္းေပ်ာ္ၾကတာေပါ့ေနာ္’’ လို႔ သူက ဆိုပါတယ္။

စႏၵီျမင့္လြင္က ခင္ပြန္းျဖစ္သူ ကိုသီဟလြင္နဲ႔ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ႏိုဗိုတယ္ဟိုတယ္မွာ မဂၤလာပြဲက်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူတို႔ရဲ႕ အိမ္ေထာင္သက္တမ္းက ၁ ႏွစ္နဲ႔ ၃ လေက်ာ္ခဲ့ၿပီျဖစ္ပါတယ္။ ပထမဆုံးရင္ေသြးေလး အတြက္ကိုလည္း ဇနီးေမာင္ႏွံ ႏွစ္ေယာက္ စလုံးက ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကတာျဖစ္ပါတယ္။

CRD-Duwun

 

UNICODE

စန္ဒီမြင့်လွင်က သူ့ရဲ့ သမီးလေးကို ဇွန်လအတွင်းမှာ မွေးဖွားမှာဖြစ်ပါတယ်။ အခုချိန်မှာလည်း မိခင်တစ်ယောက်ရဲ့ မေတ္တာ ထက် မိခင်ဖြစ်သူကို ပိုပြီးတော့ ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်က သူ့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ဇွန် လကုန်ပိုင်းမှာ မွေးဖွားမယ်လို့ သိရပါတယ်။ မကြာခင် သမီးလေးကို မွေးဖွားရတော့မှာဖြစ်လို့လည်း အရမ်းကိုပျော်နေပြီလို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ဒီးဒီက ပန်းလှိုင်မှာ မွေးဖြစ်ဖို့ များပါတယ်။ ၇လပိုင်း လကုန်ခါနီးလောက်ပေါ့။ ဒေါက်တာ ဒေါ်မေသူမျိုးညွှန့်နဲ့ပါ။ ကလေးကတော့ မိန်းကလေးအခန်းဆိုတော့ ထုံးစံအတိုင်း ပန်းရောင်လေးတွေ၊ ဆင်မယ်၊ ခြယ်မယ်၊ သမီး အင်္ကျီလေးတွေတွေ့ရင် ကိုယ်ကပျော်နေတာပေါ့နော်။ ဗိုက်ထဲမှာကတည်းက ကိုယ်က မိဘမေတ္တာ ခံစားနေရပြီပေါ့နော်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

အစကတည်းက မေမေ့ကိုချစ်တဲ့ သမီးတစ်ယောက်ဖြစ်လို့ ကိုယ်ဝန်ရရှိတဲ့အချိန်မှာလည်း မေမေ့ကို ပိုပြီးတော့ ကိုယ်ချင်းစာတယ်လို့ ဆိုပါတယ်။

‘’ အခုချိန်ကျတော့ ကိုယ်က အမေကို အရမ်းတွယ်ပြီးတော့ ကိုယ့်အမေကို အရမ်းကိုယ်ချင်းစာတယ်၊ ကိုယ့်စိတ်ထဲမှာ အရမ်း အဲဒီလိုဖြစ်နေတာပေါ့။ သမီးလေးကိုလည်း ကျန်းကျန်းမာမာကောင်း ကောင်းမွန်မွန်ဖြစ်စေချင်တယ်။’’ လို့ ဆိုပါတယ်။

အဲဒီနောက် မိခင်ဖြစ်သူကလည်း သမီးလေးကို အရမ်းချစ်တဲ့အကြောင်း စန္ဒီမြင့်လွင်က ပြောပြလာပါတယ်။ မိန်းကလေး ဖြစ်တာကြောင့်လည်း မိသားစုတွေက ပိုပြီးတော့ ပျော်တယ်တဲ့။

‘’ အမေကလည်း စားလည်းစားရမယ် ပြီးတော့ အကောင်းဆုံးတွေလုပ်ပေးချင်တယ်။ အစ်ကိုတွေက မွေးထားတဲ့ ကလေးတွေကိုလည်း သူ အရမ်းချစ်တယ်။ ပြီးတော့ ဒီးဒီက အငယ်ဆုံးသမီးဆိုတော့ ဒီးဒီ မွေးလာမယ့် သမီးလေးကိုလည်း အရမ်းချစ်တယ်။ မိန်းကလေးလည်းဖြစ်တော့ အရမ်းပျော်ကြတာပေါ့နော်’’ လို့ သူက ဆိုပါတယ်။

စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၁ နှစ်နဲ့ ၃ လကျော်ခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေး အတွက်ကိုလည်း ဇနီးမောင်နှံ နှစ်ယောက် စလုံးက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာဖြစ်ပါတယ်။

Share From Global Myanmar Media