ရှေးဟောင်းယဉ်ကျေးမှု ပုဂံမြေမှာ မြန်မာဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ခိုင်သင်းကြည်





UNICODE

ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ ကျင်လည်လာခဲ့တာ အချိန်အတော်ကြာရှိခဲ့ပြီ ဖြစ်ပါတယ်။ နှစ်တွေလတွေ အလီလီပြောင်းလဲသွားပေမယ့် မခိုင်လေးကတော့ အသက်ကြီးလေ ပိုနုလေဖြစ်နေတာ တွေ့ရပါတယ်။ အရွယ်တင်နုပျိုလွန်းတဲ့ မခိုင်လေးက ခေတ်လူငယ်တွေ လိုက်မမှီနိုင်လောက်အောင် ဖက်ရှင်ကျပြီး လှနေတတ်တာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ မခိုင်လေးက မိသားစုနဲ့အတူ ခရီးတွေထွက်နေသလို ရုပ်ရှင်ဇာတ်ကားသစ်တွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးက မြန်မာဝတ်စုံလေးနဲ့ ပုဂံမြေမှာ လျှောက်လည်နေတဲ့ ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ မခိုင်လေးက ” ပုဂံကပုံလေးတွေ save တာပါ” ဆိုပြီး ပုံလေးတွေကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ်။

မခိုင်လေးတစ်ယောက် မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထွန်းကားတဲ့ ပုဂံမြေမှာ လျှောက်လည်ရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။ မြန်မာဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ မခိုင်လေးက မြင်သူတိုင်းရင်ကို အေးမြစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပုဂံမြေရောက် မင်းသမီးချော ခိုင်သင်းကြည်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Khine Thin Kyi;CRD-Myanmar load

Share From Global Myanmar Media