G-fatt က သူမ်ားေတြေရွ႕မွာဆူလို႕ ရွက္ျပီးငိုခဲ့ရတယ္ဆိုတဲ ့နန္းစုရတီစိုး

G-fatt နဲ႕နန္းစုရတီစိုးတို႕ကေတာ့ ပရိသတ္ေတြ အားလံုးသိျပီးသားျဖစ္တဲ့ ဆယ္လီအႏုပညာရွင္စံုတြဲပါပဲ ပရိသတ္ၾကီးေရ ..။ ထိရွသြားေလာက္တဲ့ စာသားေတြနဲ႔ သီခ်င္းေတြေၾကာင့္ ပရိသတ္ေတြ တခဲနက္အားေပးျခင္းခံရတဲ့ G-fatt ကေတာ့ ေနာက္ပိုင္းမွာ ခ်စ္သူနန္းစုအတြက္ ရူးေအာင္ခ်စ္ရသူ ဆိုတဲ့သီခ်င္းတပုဒ္ကိုိ ဖန္တီးခဲ့ပါတယ္ ။ ဒီသီခ်င္းဟာ ပရိသတ္ေတြၾကားမွာ အေတာ္ေလး ေရပန္းစားခဲ့ျပီး လူၾကိဳက္မ်ားခဲ့ပါတယ္ ။ လတ္တေလာမွာလည္း G-fatt တစ္ေယာက္နန္းစုအတြက္ ကမ္းမဲ့ေလွ ဆိုတဲ့သီခ်င္းေလးတစ္ပုဒ္ကိုေရးေပးခဲ့ျပီး ပရိသတ္အၾကိဳက္နဲ႕ ထပ္တူက်ခဲ့ျပန္ပါျပီေနာ္္ ။

 

 

 

နန္းစုကလည္း ဒီသီခ်င္းကို အမ်ားၾကီးမေမွ်ာ္လင့္ထားေပမယ့္ အခုလိုမ်ိဳးအားေပးၾကလုိ႕ တကယ္အတုိင္းမသိ ၀မ္းသာပါတယ္လို႕ ပရိသတ္ေတြကိုေျပာျပခဲ့ပါတယ္ ။ သီခ်င္းကေတာ့ ပင္လယ္ကမ္းေျခကို အလုပ္ကိစၥနဲ႕ခရီးသြားရင္း G-fatt ကသီခ်င္းအရမ္းေရးခ်င္တဲ့စိတ္ျဖစ္လာလို႕ နန္းစုအတြက္ အမွတ္တရ သီခ်င္းတစ္ပုဒ္ေရးေပးမယ္ အေၾကာင္းရာ ေျပာလုိ႕ ေမးလိုက္ေတာ့ နန္းစုက ပင္လယ္ကိုတိုင္တည္ျပီးေျပာေနတဲ့ ဟာေလးတစ္ခုခုေရးေပးပါလားလို႕ ေျပာခဲ့လုိ႕ ဒီသီခ်င္းေလး ျဖစ္ေပၚလာခဲ့တာျဖစ္ပါတယ္ ။

ဒီသီခ်င္းေလးကို G-fatt ကိုယ္တုိင္ဒါရိုက္တာအျဖစ္ ရိုက္ကူးခဲ့တာျဖစ္ျပီး နန္းစုက သီခ်င္းသြင္းတဲ့ခ်ိန္တုန္းကလည္း စတူဒီယိုထဲမွာ သံုးေလးၾကိမ္ထက္မနည္း မ်က္ရည္က်ခဲ့ရတယ္ လုိ႕သိရပါတယ္ ။ G-fatt ကသူလိုခ်င္တဲ့အသံ သူလိုခ်င္တဲ့ ျမဴးဇစ္ကိုမရမခ်င္း နန္းစုကို ထရိန္းတဲ့အခါမွာလည္း ရေစခ်င္တဲ့စိတ္နဲ႕ ဆူတာေတြ ၊ ေအာ္တာေတြ ေျပာတာေတြ ရွိခဲ့လို႕ သူမ်ားေရွ႕မွာ ရွက္ျပီး ငိုခဲ့ရတာေတြလည္းရွိတယ္လို႕ နန္းစုကေျပာျပခဲ့ပါတယ္ ။

 

 

Source : Popular
Molly CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

G-fatt က သူများတွေရှေ့မှာဆူလို့ ရှက်ပြီးငိုခဲ့ရတယ်ဆိုတဲ့နန်းစုရတီစိုး

G-fatt နဲ့နန်းစုရတီစိုးတို့ကတော့ ပရိသတ်တွေ အားလုံးသိပြီးသားဖြစ်တဲ့ ဆယ်လီအနုပညာရှင်စုံတွဲပါပဲ ပရိသတ်ကြီးရေ ..။ ထိရှသွားလောက်တဲ့ စာသားတွေနဲ့ သီချင်းတွေကြောင့် ပရိသတ်တွေ တခဲနက်အားပေးခြင်းခံရတဲ့ G-fatt ကတော့ နောက်ပိုင်းမှာ ချစ်သူနန်းစုအတွက် ရူးအောင်ချစ်ရသူ ဆိုတဲ့သီချင်းတပုဒ်ကို ဖန်တီးခဲ့ပါတယ် ။ ဒီသီချင်းဟာ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပြီး လူကြိုက်များခဲ့ပါတယ် ။ လတ်တလောမှာလည်း G-fatt တစ်ယောက်နန်းစုအတွက် ကမ်းမဲ့လှေ ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကိုရေးပေးခဲ့ပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြန်ပါပြီနော် ။

နန်းစုကလည်း ဒီသီချင်းကို အများကြီးမမျှော်လင့်ထားပေမယ့် အခုလိုမျိုးအားပေးကြလို့ တကယ်အတိုင်းမသိ ဝမ်းသာပါတယ်လို့ ပရိသတ်တွေကိုပြောပြခဲ့ပါတယ် ။ သီချင်းကတော့ ပင်လယ်ကမ်းခြေကို အလုပ်ကိစ္စနဲ့ခရီးသွားရင်း G-fatt ကသီချင်းအရမ်းရေးချင်တဲ့စိတ်ဖြစ်လာလို့ နန်းစုအတွက် အမှတ်တရ သီချင်းတစ်ပုဒ်ရေးပေးမယ် အကြောင်းရာ ပြောလို့ မေးလိုက်တော့ နန်းစုက ပင်လယ်ကိုတိုင်တည်ပြီးပြောနေတဲ့ ဟာလေးတစ်ခုခုရေးပေးပါလားလို့ ပြောခဲ့လို့ ဒီသီချင်းလေး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ် ။

ဒီသီချင်းလေးကို G-fatt ကိုယ်တိုင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး နန်းစုက သီချင်းသွင်းတဲ့ချိန်တုန်းကလည်း စတူဒီယိုထဲမှာ သုံးလေးကြိမ်ထက်မနည်း မျက်ရည်ကျခဲ့ရတယ် လို့သိရပါတယ် ။ G-fatt ကသူလိုချင်တဲ့အသံ သူလိုချင်တဲ့ မြူးဇစ်ကိုမရမချင်း နန်းစုကို ထရိန်းတဲ့အခါမှာလည်း ရစေချင်တဲ့စိတ်နဲ့ ဆူတာတွေ ၊ အော်တာတွေ ပြောတာတွေ ရှိခဲ့လို့ သူများရှေ့မှာ ရှက်ပြီး ငိုခဲ့ရတာတွေလည်းရှိတယ်လို့ နန်းစုကပြောပြခဲ့ပါတယ် ။

Source : Popular
Molly CeleGabar

Share From CeleGabar