ေနျပည္ေတာ္ ၿမဳိ႕မေစ်းထဲက ငါးရံ႕ေျခာက္အတုမ်ားကုိ သတိထား

ၿမိဳ႕မ ေဈးထဲ ၿမိဳ႕သားေတြ ေဈးဝယ္ၾကသလို ေတာသားေတြလည္း ပလူပ်ံ ငါးေျခာက္ဆိုင္တစ္ဆိုင္ ဘက္ေရာက္ေတာ့ ကိုယ္ကလည္း ငါးရံ့ေျခာက္ပက္ရွာေနတာဆိုေတာ့ ငါးရံ့ေျခာက္မွာ ၄၀၀၀၀ေဈးမွ ၇၀၀၀၀/၈၀၀၀၀ေလာက္ထိ ေဈးေပါက္ေန ပံုပါဟာက သာမန္အားျဖစ္ ၅၀၀၀၀/၆၀၀၀၀တန္ ေဈးအျမင့္အတန္းစားထဲကဘဲ အဲ့ဒါကို ၄၅၀၀၀တဲ့ တန္တယ္ေပါ့

“အၿမီးေတြက ဘာျဖစ္တာလည္းဗ်”ဆိုေတာ့ “သယ္ရ ပိုးရေတာ့ ပဲ့တာေပါ့”တဲ့ “Aww!!!,ပဲ့တာကလည္း ေဒါင့္(ေထာင့္) ေလး ကပ္ပဲ့ေနတယ္” “အင္းးးးးးး” “ဒီအစားထဲက အၿမီးမပဲ့တာ တစ္ေကာင္ေလာက္ ျပေပးပါလား” ဘာတစ္ခြန္းမွ ျပန္မေျပာ “အေဒၚ့အၿမီးေတြက အကုန္ပဲ့ေနတာေနာ္,ပဲ့တဲ့ေနရာေတြကလည္း အကုန္အတူတူေတြဘဲ” အေဒၚႀကီး မ်က္ႏွာ တင္းမာလာ တင္းမွာေပါ့ သူက လိမ္တာေလ

အမွန္ေတာ့ တန္ဘိုးမရွိတဲ့ ငါးဒိုင္းေတြကို တန္ဘိုးျမင့္တဲ့ ငါးရံ့ေျခာက္အျဖစ္ လိမ္ေရာင္းၾကတာပါ။ ၎ငါးဒိုင္းသည္ အမ်ိဳးသမီးမ်ား/အမ်ိဳးသမီး ေရာဂါေဝသနာသည္မ်ားႏွင့္ မတည့္ဟူ၍ ၾကားဖူးမိ၊ အထူးသျဖင့္ ေသြးႏုသားႏုေတြ လံုးဝ ေရွာင္ရမယ့္ ငါး။

ေသြးႏုသားႏု အစဥ္လာမွာ အစားဆင္ျခင္ၾကတာ သဘာဝဘဲေလ ထန္းလွ်က္ရည္နဲ႔ ထမင္းျဖဴ၊ ထမင္းျဖဴနဲ႔ ဟင္းခ်ိဳ၊ ထမင္းျဖဴနဲ႔ ငါးရံ့ေခ်ာက္မီးဖုတ္ ဒါေတြသာ အဓိက စားၾကတာ အစဥ္လာတစ္ခုလိုျဖစ္ေန ေတာ္ရံုလူ ေတာ္ရံုအေျခေနဆို ငါးရံ့ေျခာက္ေလး မစားႏိုင္ရွာ ဒီအေျခေနမွာ သာမန္ထက္ ေဈးေလးေလွ်ာ့ေပါ့လို႔ ငါးရံ့ေျခာက္ဆိုျပီး ငါးဒိုင္းေခ်ာက္ေတြကို လိမ္ေရာင္းခံရရင္ျဖင့္….

အခ်ိဳ႕က်ေတာ့ ေဈးေတာင္မေလွ်ာ့ဘူး မသမာလြန္းတဲ့နည္းနဲ႔ တန္ဘိုးခ်င္းမညီမွ်တဲ့ ငါးႏွစ္မ်ိဳး နိမ့္ရာကို ျမင့္ရာနဲ႔ မတိမ္းမယိမ္း ေရာင္းၾကေတာ့ အေတာ္ေအာက္တန္းက်လြန္းလိုက္တာဗ်ာ!!! အတုအစစ္ဆိုရာမွာ နီးဆက္သူေတြ အဖို႔ေတာ့ သိသာစြာနဲ႔ ပို္င္းျခားႏိုင္ပါတယ္။

အရသာ အေရာင္ အ႐ိုး အသားအေျခေန ေယဘူယ် အထင္ရွားဆံုးကေတာ့ ငါးဒိုင္းမွာ အၿမီးရဲ႕ လက္ဝဲဘက္ေထာင့္နား မွာ အမဲအဝိုင္းစက္ႀကီးပါတယ္ အဲ့ဒါကို အခ်ိဳ႕က ေဆးေရာင္တစ္မ်ိဳးနဲ႔ ဖံုးဖိၾက အခ်ိဳ႕ကေတာ့ ခ်ိဳးဖဲ့လိုက္တယ္။ မေတာ္တဆ က်ိဳးပဲ့တာမ်ိဳးဆိုရင္ အေကာင္တိုင္းဟာ လက္ဝဲဘက္ေထာင့္္ တစ္ေနရာထဲကေန ကြက္ပဲ့ေနစရာ အေၾကာင္း မရွိ အေျဖက အဲ့ဒါပါဘဲ အထူး သတိျပဳ ေရွာင္ရွားႏိုင္ၾကပါေစေၾကာင္း!!!

ေမတၱာျဖင့္ – ေက်ာ္ဆက္ပိုင္

Credit – ေက်ာ္ဆက္ပိုင္

Unicode

မြို့မ ဈေးထဲ မြို့သားတွေ ဈေးဝယ်ကြသလို တောသားတွေလည်း ပလူပျံ ငါးခြောက်ဆိုင်တစ်ဆိုင် ဘက်ရောက်တော့ ကိုယ်ကလည်း ငါးရံ့ခြောက်ပက်ရှာနေတာဆိုတော့ ငါးရံ့ခြောက်မှာ ၄၀၀၀၀ဈေးမှ ရ၀၀၀၀/၈၀၀၀၀လောက်ထိ ဈေးပေါက်နေ ပုံပါဟာက သာမန်အားဖြစ် ၅၀၀၀၀/၆၀၀၀၀တန် ဈေးအမြင့်အတန်းစားထဲကဘဲ အဲ့ဒါကို ၄၅၀၀၀တဲ့ တန်တယ်ပေါ့

“အမြီးတွေက ဘာဖြစ်တာလည်းဗျ”ဆိုတော့ “သယ်ရ ပိုးရတော့ ပဲ့တာပေါ့”တဲ့ “Aww!!!,ပဲ့တာကလည်း ဒေါင့်(ထောင့်) လေး ကပ်ပဲ့နေတယ်” “အင်းးးးးးး” “ဒီအစားထဲက အမြီးမပဲ့တာ တစ်ကောင်လောက် ပြပေးပါလား” ဘာတစ်ခွန်းမှ ပြန်မပြော “အဒေါ့်အမြီးတွေက အကုန်ပဲ့နေတာနော်,ပဲ့တဲ့နေရာတွေကလည်း အကုန်အတူတူတွေဘဲ” အဒေါ်ကြီး မျက်နှာ တင်းမာလာ တင်းမှာပေါ့ သူက လိမ်တာလေ

အမှန်တော့ တန်ဘိုးမရှိတဲ့ ငါးဒိုင်းတွေကို တန်ဘိုးမြင့်တဲ့ ငါးရံ့ခြောက်အဖြစ် လိမ်ရောင်းကြတာပါ။ ၎င်းငါးဒိုင်းသည် အမျိုးသမီးများ/အမျိုးသမီး ရောဂါဝေသနာသည်များနှင့် မတည့်ဟူ၍ ကြားဖူးမိ၊ အထူးသဖြင့် သွေးနုသားနုတွေ လုံးဝ ရှောင်ရမယ့် ငါး။

သွေးနုသားနု အစဉ်လာမှာ အစားဆင်ခြင်ကြတာ သဘာဝဘဲလေ ထန်းလျှက်ရည်နဲ့ ထမင်းဖြူ၊ ထမင်းဖြူနဲ့ ဟင်းချို၊ ထမင်းဖြူနဲ့ ငါးရံ့ချောက်မီးဖုတ် ဒါတွေသာ အဓိက စားကြတာ အစဉ်လာတစ်ခုလိုဖြစ်နေ တော်ရုံလူ တော်ရုံအခြေနေဆို ငါးရံ့ခြောက်လေး မစားနိုင်ရှာ ဒီအခြေနေမှာ သာမန်ထက် ဈေးလေးလျှော့ပေါ့လို့ ငါးရံ့ခြောက်ဆိုပြီး ငါးဒိုင်းချောက်တွေကို လိမ်ရောင်းခံရရင်ဖြင့်….

အချို့ကျတော့ ဈေးတောင်မလျှော့ဘူး မသမာလွန်းတဲ့နည်းနဲ့ တန်ဘိုးချင်းမညီမျှတဲ့ ငါးနှစ်မျိုး နိမ့်ရာကို မြင့်ရာနဲ့ မတိမ်းမယိမ်း ရောင်းကြတော့ အတော်အောက်တန်းကျလွန်းလိုက်တာဗျာ!!! အတုအစစ်ဆိုရာမှာ နီးဆက်သူတွေ အဖို့တော့ သိသာစွာနဲ့ ပို်င်းခြားနိုင်ပါတယ်။

အရသာ အရောင် အရိုး အသားအခြေနေ ယေဘူယျ အထင်ရှားဆုံးကတော့ ငါးဒိုင်းမှာ အမြီးရဲ့ လက်ဝဲဘက်ထောင့်နား မှာ အမဲအဝိုင်းစက်ကြီးပါတယ် အဲ့ဒါကို အချို့က ဆေးရောင်တစ်မျိုးနဲ့ ဖုံးဖိကြ အချို့ကတော့ ချိုးဖဲ့လိုက်တယ်။ မတော်တဆ ကျိုးပဲ့တာမျိုးဆိုရင် အကောင်တိုင်းဟာ လက်ဝဲဘက်ထောင့်် တစ်နေရာထဲကနေ ကွက်ပဲ့နေစရာ အကြောင်း မရှိ အဖြေက အဲ့ဒါပါဘဲ အထူး သတိပြု ရှောင်ရှားနိုင်ကြပါစေကြောင်း!!!

မေတ္တာဖြင့် – ကျော်ဆက်ပိုင်

Credit – ကျော်ဆက်ပိုင်

Share From Lovely Myanmar