သမီးလေးတွေနဲ့ နှုတ်ခမ်းမွေးပန်းချီဆွဲပြီးပျော်နေကြတဲ့ လင်းလင်းတို့ သားအဖသုံးယောက်

နိုင်ငံကျော် သရုပ်ဆောင်နှင့်အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ မောင်နှံနှစ်ဦးက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာ ရပ်တည်နေနိုင်သူတွေပဲ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သူတို့ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတွေပဲ ဖြစ်ပါတယ်။ မိသားစုဘဝလေးကို သာယာလှပအောင် တည်ဆောက်ထားကြတဲ့ သူတို့ မောင်နှံနှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ (၂) နှစ်အရွယ် အမွှာသမီးလေး နှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရှိခဲ့ပြီးပဲ ဖြစ်ပါတယ်။

ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ကလဲ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာပြီး အရွယ်ရောက်လာတာကြောင့် အိုက်တင်မျိုးစုံလုပ်ပြီး ပဲပေးတတ်နေပြီပဲ ဖြစ်ပါတယ်။ မိန်းကလေးပီပီ အလှအပကလဲ ကြိုက်တတ်တာမို့ တစ်နေ့တစ်မျိုး မရိုးရအောင် ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မေမေ အိပ်နေချိန် ဖေဖေနဲ့အတူ နှုတ်ခမ်းမွေးတွေတပ်ရင်း ဆော့နေကြတဲ့ ခေတ်ခေတ်လေး သစ်သစ်လေးတို့ ညီအစ်မနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေ အိပ်နေချိန် သမီးလေးနှစ်ယောက်နဲ့အတူ နှုတ်ခမ်းမွေးတွေ တပ်ရင်း ဆော့ကစားပေးနေတဲ့အကြောင်းကိုတော့ ဖေဖေ လင်းလင်းက ” သူတို့အမေ အိပ်နေတုန်း နှုတ်ခမ်းမွှေး ပန်းချီ တိုင်းမ် ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်ပေ့ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ခေတ်ခေတ်လေးနဲ့ သစ်သစ်လေးတို့ ညီအစ်မနှစ်ယောက်ကလည်း ဖေဖေကြီးလင်းနဲ့ ဆော့နေရရင်ကို အလိုလို ပျော်နေလိုက်ကြတာနော်။

မေမေ အိပ်နေချိန်မှာ ဖေဖေ လင်းလင်းနဲ့အတူ နှုတ်ခမ်းမွေးတွေတပ်ပြီး ပျော်နေကြတဲ့ ခေတ်ခေတ်လေးနဲ့ သစ်သစ်လေးတို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ဖေဖေနဲ့အတူ ဆော့ကစားရင်း အရမ်းကို ပျော်ရွှင်နေကြတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို မျှဝေပေးပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit-momolay

Share From Lucky Myanmar