ရွစ္ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေလးကို သုံးေယာက္အတူ ျဖတ္သန္းခဲ့တဲ့ ဇူးဇူးေမာင္တို႔ မိသားစု

လြန္ခဲ့ေသာႏွစ္ေတြတုန္းက ပရိသတ္အခ်စ္ေတာ္ေလးျဖစ္ခဲ့ဖူးတဲ့ ဇူးဇူးေမာင္ တစ္ေယာက္ လက္ရွိမွာေတာ့ အေမရိကန္ႏိုင္ငံမွာ အေခ်ျခေနထိုင္ၿပီး ကိုယ္ပိုင္ စီးပြားေရးအျဖစ္နဲ႔ အေမရိကန္ထုတ္ ပစၥည္းေတြကို Online Shop လုပ္ေနတာပဲျဖစ္ပါ တယ္။ ခင္ပြန္းျဖစ္သူနဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ခဲ့ တာ အခုဆိုရင္ ရွစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီပဲျဖစ္ပါတယ္။

ရွစ္ႏွစ္တာ ေပ်ာ္႐ႊင္စရာခရီးေလးမွာ ခ်စ္စဖြယ္သမီးေလးကိုလည္း ပိုင္ဆိုင္ထား ၿပီး ေပ်ာ္႐ႊင္သာယာေန တဲ့ သူမရဲ႕ပုံစံေလးကိုျမင္ရတာ တကယ္ကိုေအးေအးခ်မ္းခ်မ္းပါပဲ။ အေဒၚျဖစ္သူ ထပ္ဆင့္အကယ္ဒမီ ေမသန္းႏုကေတာ့ အႏုပညာအလုပ္ေတြ ဆက္လုပ္ေန ဆဲျဖစ္ၿပီး သူမကေတာ့ ကိုယ္ပိုင္စီးပြားေရးကိုပဲ ဦးစားေပးလုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။ အန္တီဆင့္တစ္ေယာက္လည္း US ေရာက္တိုင္း တူမဆီကို အၿမဲလိုလိုသြားလည္ခဲ့ၾကပါ တယ္။

သူမတို႔ရဲ႕ၾကည္ႏူးစရာ Anniversary ပုံရိပ္ေလးေတြကို ” 8th year Wedding Anniversary မွာ family အမွတ္တရေလးပါ ” ဆိုၿပီး လူမႈကြန္ယက္မွာေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ မိသားစုရဲ႕ၾကည္ႏူးစရာအခိုက္အတန႔္ေလးေတြျဖစ္ၿပီး ပရိသတ္ႀကီးနဲ႔လည္း အဆက္အသြယ္ျပတ္သလိုျဖစ္ေနတဲ့ သ႐ုပ္ေဆာင္ေလးရဲ႕ ႐ႊင္ျမဴးစရာအခိုက္အတန႔္ေလးကို တင္ဆက္ေပးလိုက္တယ္ေနာ္။

Photo – Ngu Wah Wah

UNICODE

လွန်ခဲ့သောနှစ်တွေတုန်းက ပရိသတ်အချစ်တော်လေးဖြစ်ခဲ့ဖူးတဲ့ ဇူးဇူးမောင် တစ်ယောက် လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ အချေခြနေထိုင်ပြီး ကိုယ်ပိုင် စီးပွားရေးအဖြစ်နဲ့ အမေရိကန်ထုတ် ပစ္စည်းတွေကို Online Shop လုပ်နေတာပဲဖြစ်ပါ တယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့ တာ အခုဆိုရင် ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။

ရှစ်နှစ်တာ ပျော်ရွှင်စရာခရီးလေးမှာ ချစ်စဖွယ်သမီးလေးကိုလည်း ပိုင်ဆိုင်ထား ပြီး ပျော်ရွှင်သာယာနေ တဲ့ သူမရဲ့ပုံစံလေးကိုမြင်ရတာ တကယ်ကိုအေးအေးချမ်းချမ်းပါပဲ။ အဒေါ်ဖြစ်သူ ထပ်ဆင့်အကယ်ဒမီ မေသန်းနုကတော့ အနုပညာအလုပ်တွေ ဆက်လုပ်နေ ဆဲဖြစ်ပြီး သူမကတော့ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဦးစားပေးလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အန်တီဆင့်တစ်ယောက်လည်း US ရောက်တိုင်း တူမဆီကို အမြဲလိုလိုသွားလည်ခဲ့ကြပါ တယ်။

သူမတို့ရဲ့ကြည်နူးစရာ Anniversary ပုံရိပ်လေးတွေကို ” 8th year Wedding Anniversary မှာ family အမှတ်တရလေးပါ ” ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ မိသားစုရဲ့ကြည်နူးစရာအခိုက်အတန့်လေးတွေဖြစ်ပြီး ပရိသတ်ကြီးနဲ့လည်း အဆက်အသွယ်ပြတ်သလိုဖြစ်နေတဲ့ သရုပ်ဆောင်လေးရဲ့ ရွှင်မြူးစရာအခိုက်အတန့်လေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Ngu Wah Wah