ကျန်းမာရေးကြောင့်ဂုဏ်ပြုပွဲကိုမလာနိုင်တဲ့နေမင်းအတွက် အိမ်ထိအောင်လာအားပေးခဲ့တဲ့လေယာဉ်မှုးကြီးတွေကြောင့်ကြည်နူးပီတိဖြစ်ခဲ့ရတဲ့နေမင်း





Source:nay min

UNICODE

လူတွေအသက်တွေကိုကယ်ဆယ်ခဲ့လို့ အများကချီးကျူနေရတဲ့လေးယာဉ်မှုးကြီးတွေကိုမနေ့က Novotel မှာဂုဏ်ပြုပွဲလေးလုပ်ပေးခဲ့ပါတယ်။ဒီဂုဏ်ပြုပွဲလေးကိုလေယာဉ်ခရီးစဉ်မှာပါဝင်တဲ့ခရီးသည်အချို့အပြင်အနုပညာရှင်တွေလည်းတက်ရောက်လာပါတယ်။ဒီပွဲလေးမှာနေမင်းတစ်ယောက်ကတော့မလာရောက်နိုင်ခဲ့ပါဘူး။သူလာနေရင်း လမ်းတစ်ဝက်မှာပဲနေမကောင်းတာကြောင့်ပြန်လှည့်ခဲ့ရပါတယ်။

ဒါပေမယ့်သူနားနေစဉ်မှာလေယာဉ်မှုးတွေကအိမ်ကိုလာရောက်အားပေးခဲ့လို့ကြည်နူးခဲ့ကြောင်းကိုနေမင်းက
“ကျွန်တော် နေမကောင်းဖြစ်ပြီဗျာ ခေါင်းတွေမူးနပြီး မထနိုင်တော့တဲ့အထိအောင်ဖြစ်ခဲ့ပြီဒီနေ့ညနေ နိုဗိုတယ်လေယာဉ်မှုးကြီးတို့အားဂုဏ်ပြုပွဲကိုလည်းကျွန်တော်မရောက်နိုင်တော့ပြီရူတင်မှပွဲသို့အသွား လမ်းတစ်ဝက်မှဘဲ အိမ်သို့လှည့်ပြန်ခဲ့လိုက်ရသည်အိပ်ယာပေါ်သို့လှဲပြီး ပြန်၍မထနိုင်မှန်းသိလိုက်သည်ကျွန်တော့်ညီ Minmin Lat ကို ဦစိုးမိုးဆီသို့ဆက်သွယ်ခိုင်းပြီး ရွှေပြားလေးကို သွားပို့ဖို့ရယ်ပွဲသို့မလာနိုင်တော့ကြောင်းရယ်ကိုသတင်းပေးပို့ခိုင်လိုက်ရတော့သည်အိပ်ယာပေါ်၌သာငြိမ်၍ကျွန်တော်အနားယူခဲ့လိုက်သည်ခဏလား အနည်းငယ်လား အိပ်ပျော်သွားခဲ့သည်

အမေ မကြားတကြားလေးကျွန်တော့်ကိုလာ၍ နိုး ရှာသည်သား လေး ဦးစိုးမိုးတို့ ကိုစည်သူမောင်တို့ နဲ့ လေယာဉ်မှုးကြီးရော လေယာဉ်မှုးလေးတွေရောသားလေးကိုသတင်းလာမေး ကြတယ် တဲ့ လေးယာဉ်မှုးကြီးနဲ့လေယာဉ်မှုးလေးတွေကိုအဖေ ( ပါပါးကြီး ) တွေ့ခွင့်ရသလို့ ကျေးဇူးတင်စကားပါပြောခွင့် လည်း ရခဲ့တယ်အမေနဲ့အကိုကြီးအမကြီး အကိုလေးတူလေးတွေနဲ့ပါ ဆုံတွေ့ခွင့်ရခဲ့ခြင်းက အမှတ်တရအဖြစ်ဆုံး နဲ့ ဘဝအတွက်မမေ့နိုင်သောညဖြစ်ခဲ့ပြီ နေမကောင်းတာပင်သက်သာခွင့်ရခဲ့ပြီ

လေယာဉ်မှုးကြီးတို့ရဲ့ ဆန္ဒကိုစီစဉ်ပို့ဆောင်ပေးသော U Soe Moe Si Thu Maung Amor Mone Thike San Tun Kyo Kyar တို့အားမိသားစုဝင်တွေမို့ ကျေးဇူးတင်ကြောင်းမပြောတော့ပြီ ရင်ထဲမှာပဲကြည်နူးစွာသိမ်းထာမိပြီ”ဆိုပြီးသူ့ရဲ့ ရင်တွင်းခံစားချက်တွေကိုလူမှုကွန်ရက်မှာတင်ပြထားခဲ့ပါတယ်။

Share From Global Myanmar Media