ငါ့ရည်းစားပိုမိုက်တယ်သီချင်း Cover ပြန်တီးလိုက်တဲ့ ချစ်စမ်းမောင်ရဲ့သမီး




CRD-Nanmalgyi

UNICODE

မိဘအမွေကိုလက်ဆင့်ကမ်းသယ်ယူလာကြတာဟာကမ္ဘနိုင်ငံအနှံ့အပြားမှာရှိတဲ့ချစ်စရာဓလေ့တစ်ခုဖြစ်ပါတယ်။အနုပညာရှင်တော်တော်များများကလည်းသူတို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြတဲ့သားသမီးတွေကိုသူတို့ရဲ့အနုပညာအမွေတွေကိုလက်ဆင့်ကမ်းပေးလေ့ရှိကြပါတယ်။အဲ့ဒီထဲမှာမြန်မာနိုင်ငံရဲ့ဆယ်စုနှစ်တွေအများကြီးအအောင်မြင်မှုကိုထိန်းထားနိုင်တဲ့တီးဝိုင်းတစ်ခုဖြစ်တဲ့ IC ရဲ့ ပင်တိုင် ဂစ်တာသမားဖြစ်တဲ့ ဆရာချစ် (ချစ်စမ်းမောင်)ကလည်း သူရဲ့သမီးဖြစ်တဲ့ငဲငယ်လေးကိုသူရဲ့ဂီတအနုပညာကိုလက်ဆင့်ကမ်းပေးနေပါတယ်။သူရဲ့သမီးဖြစ်သူငဲငယ်လေးကတော့အဆိုပိုင်းရောအတီးပိုင်းကိုပါကြိုးစားလုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။

အခုကျနော်တိုပရိသတ်ကြီးကိုအခုတင်ဆက်ပေးချင်တဲ့Videoလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့FranzoProductionရဲ့အဆိုတော်တွေသီဆိုထားတဲ့လူငယ်တွေကြားအလွန်ရေပန်းစားတဲ့သီချင်းတစ်ပုဒ်လည်းဖြစ်တဲ့ငါ့ရည်းစားပိုမိုက်တယ်သီချင်းကိုချစ်စမ်းမောင်ရဲ့သမီးငဲငယ်လေးကနေပြီးSoloအပိုဒ်ကိုဂစ်တာနဲ့Coverပြန်တီးထားတဲVideoလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီသီချင်းကိုငဲငယ်လေးဘယ်လိုတွေခံစားပြီးပြန်လည်တီးခတ်ထားလည်းဆိုတာကိုVideoမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။

အခုသီချင်းလေးကAnimationMusicVideoထွက်လာတဲ့အချိန်တုန်းကလည်းပရိသတ်တွေကြားမှာအုန်းအုန်းကြွက်ကြွက်ဖြစ်စေခဲ့ပါတယ်။အခုလိုအောင်မြင်နေတဲ့သီချင်းကိုပြန်လည်Coverတီးခတ်ထားတဲ့ငဲငယ်လေးရဲ့တီးခတ်တဲ့Video လေးကိုကြည့်ရှုခံစားနားဆင်ပြီး မိတ်ဆွေတို့ရဲ့အမြင်လေးကိုလည်းပြန်လည်မျှဝေပေးသွားပါဦးခင်ဗျာ။

Share From Global Myanmar Media