အေမာေဖာက္ၿပီး ငိုေနတဲ့ကစ္ကစ္ဆီ အေျပးသြားခဲ့တဲ့ ခင္သဇင္

ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ တစ္ေယာက္ အပူလြန္ၿပီးေရေသာက္မ်ားခဲ့တာေၾကာင့္ အဆုတ္ထဲေရဝင္ကာ အေမာေဖာက္ၿပီး ေဆး႐ုံတင္လိုက္ရတယ္လို႔ ခင္သဇင္က ေျပာပါတယ္။ ကစ္ကစ္ရဲ႕ က်န္းမာေရးအေျခအေနဟာ ေမလအတြင္းမွာ ပိုဂ႐ုစိုက္ရတဲ့အေနအထားမွာရွိတယ္လို႔ သိရပါတယ္။

တစ္ႏွစ္ေက်ာ္အၾကာ ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ေဆး႐ုံတက္ရလိုက္၊ ဆင္းရလိုက္ပါပဲ။ အခုလည္းေမလ ၁၉ ရက္ေန႔က ေဆး႐ုံထပ္တက္ရတယ္လို႔ ကစ္ကစ္ကို ေစာင့္ေရွာက္ေနသူ သ႐ုပ္ေဆာင္ ခင္သဇင္က ေျပာပါတယ္။

‘’မေန႔ကမကစ္ ေဆး႐ုံထပ္တက္ရျပန္ပါၿပီ။ ေက်ာင္းစာလုပ္ရင္း ည ၁၁ နာရီေလာက္ ထေျပးၾကည့္ရပါတယ္။ ထုံးစံအတိုင္းေရေသာက္မ်ားၿပီး ေက်ာက္ကပ္မေကာင္းေတာ့ စြန႔္မထုတ္ႏိုင္ပဲ အဆုတ္ထဲေရဝင္ အေမာေဖာက္၊ ငိုေနတယ္ ေမာလို႔တဲ့။ အေၾကာင္းရင္းကေတာ့ မီးမလာေတာ့ ပူၿပီးေရေသာက္တာ။ အဲဒီေတာ့ မီးမလာလည္း ဖြင့္လို႔ ရတဲ့ ေရခဲေလး ထည့္ၿပီး ဖြင့္လို႔ရတဲ့ portable air con ေလးမ်ားရွိပါသလားဟင္။ ေျဖေပးၾကပါဦး။ သြားဝယ္ရမွာမို႔ပါ။ မီးမလာလည္း ေအးေနဖို႔ သူ႔အိမ္မွာ စီစဥ္ေပးမွ ရပါေတာ့မယ္’’ ဆိုၿပီးေတာ့ ေမလ ၁၉ ရက္ေန႔ ေန႔လယ္ ၁၂ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရး အေျခအေနက အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနျဖစ္ေနတယ္လို႔ သိရပါတယ္။ အဆုပ္ထဲ ေရဝင္ၿပီး အေမာေဖာက္ေနတာေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီးကို ေမလ(၁) ရက္ေန႔က အေရးေပၚအျဖစ္ ခ်က္ခ်င္းေဆး႐ုံတင္ခဲ့ရတယ္လို႔ ေတးေရးမင္းကိုကလည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ပါေသးတယ္။

“အေျခေနကေတာ့ အဆုပ္ထဲေရေတြထပ္ဝင္ေနုၿပီး အေမာေဖာက္ေနပါတယ္။ ပင္လုံေဆး႐ုံမွတဆင့္ သဃၤန္းကြၽန္းေဆး႐ုံ သဃၤန္းကြၽန္းေဆး႐ုံမွတဆင့္ ရန္ကုန္အေရးေပၚေဆး႐ုံႀကီးမွာတင္ထားရပါတယ္။ ခါးကေနေရေဖာက္ေပးေပမယ့္ ေရနဲ႔ေသြးေတြကေရာေနၿပီး ဆရာဝန္ေျပာျပခ်က္အရ အတြင္းကပ်က္စီးေနၿပီျဖစ္တာေၾကာင့္ လူနာကိုပိုၿပီးဂ႐ုစိုက္ရမယ္ဆိုတဲ့အေၾကာင္း အခ်ိန္မေ႐ြး အသက္အႏၲရာယ္စိုးရိမ္ရတယ္ဆိုတဲ့ အေၾကာင္းေျပာထားပါတယ္”လို႔ သူက ဆိုပါတယ္။

သ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ဆီးခ်ိဳေရာဂါကိုခံစားေနသလို ေက်ာက္ကပ္ ကပါ မေကာင္းတဲ့အတြက္ အခ်ိန္ေတာ္ၾကာ ေဆးကုသမႈ ခံယူခဲ့ရ တာေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ေရာပရိသတ္ေတြနဲ႔ပါ အဆက္အသြယ္ျပတ္ခဲ့ရပါတယ္။ ကစ္ကစ္ဟာ ၂၀၁၈ခုႏွစ္ ႏွစ္စပိုင္းတုန္းက က်န္းမာေရး အေျခအေနေတာ္ေတာ့္ကို မေကာင္းခဲ့တာပါ။

CRD-Duwun

UNICODE

ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ မေလအတွင်းမှာ ပိုဂရုစိုက်ရတဲ့အနေအထားမှာရှိတယ်လို့ သိရပါတယ်။

တစ်နှစ်ကျော်အကြာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ဆေးရုံတက်ရလိုက်၊ ဆင်းရလိုက်ပါပဲ။ အခုလည်းမေလ ၁၉ ရက်နေ့က ဆေးရုံထပ်တက်ရတယ်လို့ ကစ်ကစ်ကို စောင့်ရှောက်နေသူ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။

‘’မနေ့ကမကစ် ဆေးရုံထပ်တက်ရပြန်ပါပြီ။ ကျောင်းစာလုပ်ရင်း ည ၁၁ နာရီလောက် ထပြေးကြည့်ရပါတယ်။ ထုံးစံအတိုင်းရေသောက်များပြီး ကျောက်ကပ်မကောင်းတော့ စွန့်မထုတ်နိုင်ပဲ အဆုတ်ထဲရေဝင် အမောဖောက်၊ ငိုနေတယ် မောလို့တဲ့။ အကြောင်းရင်းကတော့ မီးမလာတော့ ပူပြီးရေသောက်တာ။ အဲဒီတော့ မီးမလာလည်း ဖွင့်လို့ ရတဲ့ ရေခဲလေး ထည့်ပြီး ဖွင့်လို့ရတဲ့ portable air con လေးများရှိပါသလားဟင်။ ဖြေပေးကြပါဦး။ သွားဝယ်ရမှာမို့ပါ။ မီးမလာလည်း အေးနေဖို့ သူ့အိမ်မှာ စီစဉ်ပေးမှ ရပါတော့မယ်’’ ဆိုပြီးတော့ မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေး အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ အဆုပ်ထဲ ရေဝင်ပြီး အမောဖောက်နေတာကြောင့် ရန်ကုန်ဆေးရုံကြီးကို မေလ(၁) ရက်နေ့က အရေးပေါ်အဖြစ် ချက်ချင်းဆေးရုံတင်ခဲ့ရတယ်လို့ တေးရေးမင်းကိုကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

“အခြေနေကတော့ အဆုပ်ထဲရေတွေထပ်ဝင်နေုပြီး အမောဖောက်နေပါတယ်။ ပင်လုံဆေးရုံမှတဆင့် သင်္ဃန်းကျွန်းဆေးရုံ သင်္ဃန်းကျွန်းဆေးရုံမှတဆင့် ရန်ကုန်အရေးပေါ်ဆေးရုံကြီးမှာတင်ထားရပါတယ်။ ခါးကနေရေဖောက်ပေးပေမယ့် ရေနဲ့သွေးတွေကရောနေပြီး ဆရာဝန်ပြောပြချက်အရ အတွင်းကပျက်စီးနေပြီဖြစ်တာကြောင့် လူနာကိုပိုပြီးဂရုစိုက်ရမယ်ဆိုတဲ့အကြောင်း အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြောထားပါတယ်”လို့ သူက ဆိုပါတယ်။

သရုပ်ဆောင် ကစ်ကစ်ဟာ ဆီးချိုရောဂါကိုခံစားနေသလို ကျောက်ကပ် ကပါ မကောင်းတဲ့အတွက် အချိန်တော်ကြာ ဆေးကုသမှု ခံယူခဲ့ရ တာကြောင့် အနုပညာအလုပ်တွေနဲ့ရောပရိသတ်တွေနဲ့ပါ အဆက်အသွယ်ပြတ်ခဲ့ရပါတယ်။ ကစ်ကစ်ဟာ ၂၀၁၈ခုနှစ် နှစ်စပိုင်းတုန်းက ကျန်းမာရေး အခြေအနေတော်တော့်ကို မကောင်းခဲ့တာပါ။

Share From Global Myanmar Media