ငွေယူပြီး အဆက်အသွယ်မရတော့တဲ့ နာမည်ကြီး တေးရေးဆရာကြောင့် ပေါက်ကွဲနေတဲ့ ခွန်းဆင့်နေခြည်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အဆိုတော် မင်းသမီးချောလေး ခွန်းဆင့်နေခြည်ကတော့ သူမချစ်ရတဲ့အနုပညာတွေကို ကြိုးစားလုပ်ကိုင်ရင်း သာယာတဲ့ ဘဝကိုရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမသီချင်းအပ်ထားတဲ့ နာမည်ကြီး တေးရေးဆရာတစ်ယောက်ရဲ့ ကတိဖောက်ဖျက်မှုကြောင့် စိတ်ညစ်နေရတဲ့အကြာင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ၂ လအတွင်း သီချင်းရေးပေးမယ်ပြောလို့ ငွေ ၆ သိန်း လွှဲပြီးကာမှ အဆက်အသွယ်မရတော့တာမို့ ခွန်းဆင့်နေခြည်တစ်ယောက် တော်တော်လေးကို ပေါက်ကွဲနေတာပါ။

ချစ်​ပရိသတ်​​တွေအတွက်​ ငွေလွှဲပြီးကာမှ အဆက်အသွယ်ဖြတ်ထားတဲ့ နာမည်ကြီး တေးရေးဆရာအကြောင်း ထုတ်ပြောလိုက်တဲ့ ခွန်းဆင့်နေခြည်ရဲ့အကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ခွန်းဆင့်နေခြည်ကတော့ “16.1.19 က (သူ) အကောင့်နံပါတ်ပေးလို့ သီချင်း တစ်ပုဒ်စာငွေ ၆သိန်းကို မိုဘိုင်း Banking ကနေ လွှဲပေးလိုက်တယ် ၂လကြာမယ်ပြောတယ်ကွယ် အိုကေ ရပါတယ်ပေါ့ နာမည်ကြီးပြီးသူရေးသမျှ တော်တော်များများ ပေါက်နေတဲ့ တေးရေးဆရာ တစ်ယောက်ဆိုတော့ ကိုယ်လည်းသူရေးတာလေး ဆိုကြည့်ချင်လို့ နှစ်ပုဒ်အပ်လိုက်တယ်ကွယ် သူက တစ်ပုဒ်အရင်ယူပါနော်တဲ့ အလုပ်တွေကြပ်နေလို့ပါ တဲ့ ရပါတယ် ဆိုပြီး သူတောင်းတဲ့ကြာချိန်၂လကို စောင့်ပေးခဲ့တယ်ကွယ်၂လကြာပြီးသည့်နောက် ကြားထဲမှာလည်းအကြိမ်ကြိမ် ကတိတွေပျက်တယ် ကွယ် ကိုယ်ကလည်းနားလည်ပေးတတ်သူကြီးဆိုတော့ သူပြောလာတဲ့ complain တွေ ငြီးညူမှုတွေအားလုံး
ကို ရပါတယ်ဘဲပေါ့နော်

သူဖုန်းတခါပျောက်သွားတယ် ပြောတယ် ဘယ်လိုဆက်ဆက်မရတော့ဘဲအဆက် အသွယ်ပြတ်သွားလို့ နီးစပ်သူများကိုလှမ်းမေးကြည့် တော့မှ တခြားနီးစပ်သူများမှတဆင့် ပြန်လည်ဆက် သွယ်ပေးကြလို့ သူက ကျွန်မကိုအဆက်အသွယ်ပြန် လုပ်လာပေးပြီး နက်ဖြန်ရမယ် တဘက်ခါရမယ်ပြော တယ်ကွယ် နောက် ကျွန်မလည်း over sea သွားခါနီးလို့ ၁၉.၄.၁၉ နေ့က ဖုန်းဆက်မေးကြည့် တော့သူက ပြီးနေပြီ နက်ဖြန် Demo ပေးမယ်နော်အမ

ဆိုပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာဒီနေ့ထိ ပါဘဲကွယ် ဖုန်းဆက်ကြည့်တော့လည်းဘယ်ချိန်ဆက်ဆက် ပိတ်ထားတယ်ကွယ် ဖုန်းလည်းဆက်မရတော့ဘူးကွယ် စာလည်းပို့မရတော့ဘူးကွယ် FB အကောင့်လည်းသုံး
တာမတွေ့ရတော့ဘူးကွယ် ပို့ထားတဲ့စာတွေလည်း မဖတ် ဘူး မပြန်ဘူးကွယ် အဲ့တော့ကျွန်မဘာဆက်လုပ်ရမလဲ အကြံပြုပေးကြပါအုံးကွယ်

ပေးလိုက်ရတဲ့ငွေလေးက ၆ သိန်းထဲရယ်ပါ ဆုံးသွားလည်းဘာမှမပြောပလောက် ပါဘူးကွယ် ဒါပေမဲ့ relationship တစ်ခုကိုထိခိုက်သွား မှာစိုးလို့ ဒီနေ့ထိ သူ့ရဲ့ professional activity တွေကို သီးခံရင်းစောင့်ကြည့်ခဲ့တယ်ကွယ် သူလေးက ကတိ မတည်ဘူး professional မဆန်ဘူးကွယ် ကလေး ကလားနဲ့ ရပ်ကွက်ဆန်လွန်းတယ်ဘဲပြောရမလားကွယ် သူစောင့်ခိုင်းတာက၂လ စောင့်လိုက်ရတာက ၅ လ နီးပါးရှိပြီ ခုချိန်ထိ ဆက်သွယ်မရ ပျောက်နေတယ်ကွယ်

နီးစပ်သူများကို
မေးကြည့်တော့လည်းသူတို့ကိုယ်တိုင်အဆက်အသွယ်မရတာကြာပြီလို့ပြောကြတယ်ကွယ် ဖုန်းလည်းပိတ်ထားတယ်အကျိုးအကြောင်းလည်း မပြောဘူးကွယ် ဆိုတော့ကာ ကိုယ်အပ်ထားတဲ့ သီချင်းကို ရချင် လိုချင်တဲ့စိတ်ထက် မင်းအဆင်မှပြေ ရဲ့လားလို့ တွေးပူမိလာတယ်ကွယ် မင်းနေမကောင်း လို့များလား မင်းအိမ်တွင်းရေးအဆင်မပြေလို့များလား မင်း Stress တွေများပြီး ကိုယ့်ကိုယ်ကိုများ သတ်သေသွားပြီလားကွယ် ဒါမှမဟုတ် မြမြလိုဘဝမျိုး များရင်ဆိုင်နေရပြီလား ပြန်ပေးဆွဲခံထားရပြီလားကွယ် သွားရင်းလာရင်းတနေရာရာမှာ အသတ်ခံလိုက်ရပြီ လားကွယ် အမျိုးမျိုးတွေတွေးပြီး စိတ်ပူနေရပါတယ် လို့

ပျောက်ချင်းမလှပျောက်သွားလေသူ တေးရေး ကိုဝေကြီးကို နီးစပ်ရာအသိမိတ်ဆွေများ တွေ့ရင် ပြောပေးကြပါကွယ် မမခွန်းဆင့် က စိတ်ပူပေးနေ ပါတယ်လို့ အကျိုးအကြောင်းလေးကို professionalဆန်ဆန်ဖုန်းလေးတစ်ချက်ဆက်ပြီပြောမယ်ဆိုရင် ငွေရောသီချင်းရောမပေးနိုင်တော့လည်းအိုကေပါ တယ်လို့ နော် (ဒီပုံစံမျိုးက အကယ်၍-သူသာတခုခု တစ်ကယ်ဖြစ်နေတယ်ဆိုရင်ဘယ်သူသိနိုင်မှာလည်း နော် စိတ်ပူလွန်းလို့သာ FB မှာ post တင်ပြီးရေးရ တာပါ

တစ်ကယ်ဆို လုံးဝလုံးဝမရေးချင်ပါဘူးကွယ်) ဒီစာလေးကိုဖတ်မိသူများ အကယ်၍ တေးရေးဝေကြီး နဲ့နီးစပ်သူများပါမယ်ဆိုရင်တဆင့်ပြောပေးကြပါနော် စိတ်ပူနေပါကြောင်းနဲ့ အကယ်၍များ အသက်နဲ့ခန္ဓာ တည်မြဲနေသေးတယ်ဆိုရင် ကိုယ့်ရဲ့ customer / client တစ်ယောက်ကို အခုလို မိမိနှုတ်ထွက်စကားမတည်မြဲတဲ့ဆက်ဆံပုံဆက်ဆံနည်းကြီးကမှားယွင်း နေပါကြောင်းနဲ့ မိမိသည် နာမည်ကြီး professional composer တစ်ယောက်ဖြစ်သည့်အတွက် ကတိ တည်နိုင်အောင်တတ်နိုင်သမျှကြိုးစားသင့်ပါကြောင်း အကြံပြုပေးရင်း သတင်းလေးပါးပေးကြပါနော် အမျှ အမျှ အမျှ သာဓု သာဓု သာဓု ပါတော် ” ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ အကုန်ချပြလိုက်တာပါ။

ပရိသတ်တွေရော နာမည်ကြီး တေးရေးဆရာတစ်ယောက်နဲ့ ခွန်းဆင့်နေခြည်တို့ရဲ့ပြဿနာကို ဘယ်လိုမြင်မိလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Nay Chi’s Facebook

Share From swelsonenews