အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိၿပီး ေအာင္ျမင္ေနတဲ့ မင္းသမီးေခ်ာေလး ယြန္းယြန္းနဲ႔ တက္သစ္စအႏုပညာရွင္ေလးျဖစ္တဲ့ ဘုန္းမင္းေနလတို႔ႏွစ္ေယာက္ကေတာ့ ပြဲအခမ္းအနားေလးတစ္ခုကို အတူတူ တက္ေရာက္လာခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ေမလ (၁၉) ရက္ေန႔က Junction Square မွာ က်င္းပျပဳလုပ္ခဲ့တဲ့ “ViHo Myanmar” ပြဲေလးကို တက္ေရာက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒီပြဲေလးကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ပထမဆုံး ေတြ႕ဆုံတဲ့ပြဲေလးပဲ ျဖစ္ပါတယ္။
အျပန္အလွန္ ရင္းႏွီးမႈရွိၾကေပမယ့္ အျပင္မွာ ပထမဆုံးအေနနဲ႔ ဆုံေတြ႕ခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္က ဒီပြဲေလးမွာ အရမ္းခင္တဲ့ သူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ၾကပါတယ္။ ပန္းႏုေရာင္ဝတ္စုံေလးေတြ ကိုယ္စီနဲ႔ ပြဲတက္လာၾကတဲ့ ဘုန္းမင္းနဲ႔ ယြန္းယြန္းတို႔ကိုေတာ့ ပရိသတ္ေတြက အားေပးခ်စ္ခင္ေနၾကတာ ျဖစ္ပါတယ္။ ဒီပြဲေလးမွာ ဘုန္းမင္းနဲ႔ ယြန္းယြန္းတို႔က ကံထူးရွင္ေတြကို အတူတူ မဲႏႈိက္ၿပီး ေ႐ြးခ်ယ္ေပးခဲ့ၾကတာလည္း ျဖစ္ပါတယ္။
ဒါ့အျပင္ ဘုန္းမင္းေနလက “ViHo” ရဲ႕ product အသစ္ေလးကို ယြန္းယြန္းရဲ႕လက္ေပၚမွာတင္ၿပီး သူကိုယ္တိုင္ ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့တာလည္း ေတြ႕ရပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ လူငယ္ေတြပီပီ သြက္သြက္လက္လက္နဲ႔ တစ္ေယာက္တစ္မ်ိဳး ခ်စ္စရာေကာင္းေနၾကတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ “ViHo” ပြဲကို အတူတူတက္ေရာက္လာတဲ့ ဘုန္းမင္းေနလနဲ႔ ယြန္းယြန္းတို႔ရဲ႕ ပုံေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
Source:Klarity Myanmar, ViHo & April Chit Thu,CRD-Myanmarload
UNICODE
အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်နေတဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်တဲ့ ဘုန်းမင်းနေလတို့နှစ်ယောက်ကတော့ ပွဲအခမ်းအနားလေးတစ်ခုကို အတူတူ တက်ရောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ViHo Myanmar” ပွဲလေးကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံတဲ့ပွဲလေးပဲ ဖြစ်ပါတယ်။
အပြန်အလှန် ရင်းနှီးမှုရှိကြပေမယ့် အပြင်မှာ ပထမဆုံးအနေနဲ့ ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ဒီပွဲလေးမှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ ပန်းနုရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပွဲတက်လာကြတဲ့ ဘုန်းမင်းနဲ့ ယွန်းယွန်းတို့ကိုတော့ ပရိသတ်တွေက အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဘုန်းမင်းနဲ့ ယွန်းယွန်းတို့က ကံထူးရှင်တွေကို အတူတူ မဲနှိုက်ပြီး ရွေးချယ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဘုန်းမင်းနေလက “ViHo” ရဲ့ product အသစ်လေးကို ယွန်းယွန်းရဲ့လက်ပေါ်မှာတင်ပြီး သူကိုယ်တိုင် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ကတော့ လူငယ်တွေပီပီ သွက်သွက်လက်လက်နဲ့ တစ်ယောက်တစ်မျိုး ချစ်စရာကောင်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် “ViHo” ပွဲကို အတူတူတက်ရောက်လာတဲ့ ဘုန်းမင်းနေလနဲ့ ယွန်းယွန်းတို့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Share From Global Myanmar Media