အစ္စဏီအမှုကို လုံးဝကျေအေးပေးမှာမဟုတ်ဘူးဆိုတဲ့ စူးရှထက်

အဆိုတော် အစ္စဏီက မော်ဒယ်စူးရှထက်ကို မတော်မတရားကြံစည်မှုနဲ့ တရားစွဲခံထားရတဲ့အမှုဟာအခုဆိုရင် တစ်နှစ်ကျော်လာပြီဖြစ်ပြီးလက်ရှိအချိန်အထိ စစ်ဆေးနေဆဲသာဖြစ်ပါသေးတယ်။ဒီအတောအတွင်း အစ္စဏီဘက်ကရော စူးရှထက်ဘက်ကရော အမှုနဲ့ပတ်သက်ပြီး အင်တာဗျူးတွေမှာ တစ်စုံတစ်ရာဖြေကြားခြင်းမရှိခဲ့ကြတာမို့လည်း ပရိသတ်တွေကအမှုအခြေအနေကို ပိုပြီးသိချင်နေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀ရက်နေ့မှာစစ်ဆေးခဲ့တဲ့ရုံးချိန်းကိုတော့ စူးရှထက်က တက်ရောက်လာခဲ့ပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာ အမှုနဲ့ပတ်သက်လို့စိတ်ဝင်စားစရာကောင်းတာတွေကို ဖြေကြားသွားခဲ့ပါတယ်။

စူးရှထက်က ရုံးချိန်းမတက်ဘူးလို့မီဒီယာတွေကတင်နေတာနဲ့ပတ်သက်ပြီး “ညီမကို ဖုန်းဆက်ပြီးတော့ သတင်းဌာနတွေက မေးတယ်။ရုံးချိန်းမတက်ဘူးလား မတက်ဘူးလားနဲ့ တင်တယ်။ ညီမရုံးမတက်တာမဟုတ်ပါဘူး။ ညီမလည်း ညီမ အလုပ်လုပ်မှထမင်းစားရတာ။ ညီမအလုပ်လုပ်တယ်။ ညီမဒီနေ့ရုံးတက်ရမယ်ဆိုလို့ ရုံးလာတက်တယ်”လို့ ပြောထားပါတယ်။

စူးရှထက်က အရင်က ဒီအမှုကို ကျေအေးပေးဖို့အစီအစဉ်ရှိပေမယ့် အစ္စဏီက တရားရုံးကိုစော်ကားနေတဲ့အကြောင်း “ပထမက ညီမ ဒီအမှုကိုကျေအေးပေးဖို့အစီအစဉ်ရှိတယ်။ စာရေးဆရာမတစ်ယောက် ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်ကညီမရဲ့ ရှေ့နေကိုလာပြောတဲ့အတွက် ညီမက ညီမထက်သိတဲ့တတ်တဲ့ညီမရှေ့နေကိုအားကိုးတယ်။ ညီမရှေ့နေတစ်ခွန်းဆို ညီမက ဒါပဲ။ သမီးအရှေ့မလှမ်းနဲ့ဆို ည်ီမက မလှမ်းတဲ့သူမျိုး။ ဒါပေမယ့် တရားရုံးကအမိန့်မချရသေးပဲ သူတရားရုံးကိုစော်ကားနေပါတယ်။ သူပြောချင်တာတွေပြော ဆိုချင်တာတွေဆိုနေတာ။ ဂုဏ်သရေရှိလူကြီးမင်းစာရေးဆရာ အမျိုးသမီးတစ်ယောက်က ဘရောဘတ်ဆန်းအောင်ကို ကျေအေးပေးဖို့လာပြောတဲ့အတွက်ညီမအစက ကျေအေးပေးဖို့အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဟိုတစ်နေ့က အင်တာဗျူးမှာ သမီးရည်းစားကိစ္စပါ။ မုဒိန်းမဟုတ်ပါဘူး။ သူ့ကိုလာရောက်ညှိနှိုင်းပါဆိုတော့ ညီမက အိမ်ပေါ်တက်ပြီးသွားစော်ကားတာလား။ ညီမအိမ်ပေါ်ကိုတက်ပြီးလာစော်ကားတာလား။ ညီမက အစော်ကားလည်းခံရသေးတယ်။လာမနင်းနဲ့ ပြန်လှန်မှာ”လို့ ချက်နဲ့လက်နဲ့ပြောပြသွားခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် အစ္စဏီဆီကမှားပါတယ်တစ်ခွန်းကြားရရင် ကျေအေးပေးဖို့အစီအစဉ်ရှိခဲ့ကြောင်းလည်းစူးရှထက်က “အမှားကိုအမှားမှန်းသိပြီး ဝန်ခံရင်၊ကျွန်တော်မှားပါတယ်ပြော၊ ယောက်ျားပဲလုပ်ရဲရင်ခံရဲရမယ်။ သူယောက်ျားပဲ ကျွန်တော်မှားပါတယ်တစ်ခွန်းပဲပြော။ ညီမလည်းလူထဲက လူပဲ မကျေအေးပေးစရာအကြောင်းမရှိဘူး။ ဒါပေမယ့်မိန်းကလေးတစ်ယောက်ထဲကို စော်ကားချင်တိုင်းစော်ကားပြီးနင်းလို့မရဘူးရှင့်။ အမှားကိုဝန်ခံစေချင်တာ။ အမှားဝန်မခံရင်တော့ရှေ့ဆက်သွားမှာပဲ။ ညီမရှေ့နေကို လေးစားမှုရှိတဲ့အမျိုးသမီးတစ်ယောက်က ကျေအေးပေးဖို့လာပြောတယ်။ ညီမရှေ့နေက ညီမကို သမီးရေ ဒီလိုနေဒီလိုလုပ်ဆိုရင် ညီမလည်း ကျေအေးပေးဖို့အစီအစဉ်ရှိတယ်”လို့ ရင်ဖွင့်ထားပါတယ်။

အစ္စဏီက တရားရုံးကိုပိုင်တယ်ဆိုပြီး ပြောချင်ရာတွေပြောလို့တရားရုံးပြောင်းဖို့လျှောက်ထားတဲ့အပြင် အမှုကိုလည်းလုံးဝကျေအေးမပေးနိုင်တော့ဘူးလို့ စူးရှထက်က “သူပြောချင်တာတွေကို မီဒီယာတွေမှာအကုန်ဖြေတယ်။ တရားရုံးမှာတော့ သူပြောချင်တာတွေပြောတယ်။ ဆိုချင်တာတွေဆိုတယ်။ တာမွေတရားရုံးကိုသူပြောချင်တာပြောလို့ရတယ်ဆိုတဲ့သက်ရောက်မှုရှိပါတယ်။ သူပြောချင်တာတွေပြောနေတာ၊ဆိုချင်တာတွေဆိုနေတာ တာမွေတရားရုံးကိုစော်ကားတာနဲ့အတူတူပါပဲ။

ညီမပြောချင်တာက သူတာမွေတရားရုံးကိုသူပိုင်တယ်လို့ပြောနေတယ်ဆိုရင် ညီမလည်းရုံးပြောင်းကိစ္စကို နေပြည်တော်တရားလွှတ်တော်ချုပ်ကို ထပ်ပြီးလျှောက်ထားပါတယ်။ ပြီးတော့ ညီမပြောချင်တာက ဒီအမှုကို ကျေအေးပေးဖို့လုံးဝဆန္ဒမရှိပါဘူး။ အဆုံးအထိလိုက်မှာပါ”လို့ ရဲရဲဝံ့ဝံ့ပဲဖြေသွားခဲ့ပါတယ်။

တရားရုံးကအမိန့်မချမချင်း သမီးရည်းစားပြဿနာလို့ ပြောလို့မရဘူးလို့လည်း စူးရှထက်က “ဟိုတစ်နေ့က အင်တာဗျူးတစ်ခုမှာ ညီမကြည့်လိုက်ရတယ်။ သမီးရည်းစားပြဿာနာပါတဲ့သမီးရည်းစားပြဿနာလို့တရားရုံးကအမိန့်ချပေးလိုက်ပြီလားတရားသူကြီးကိုစော်ကကားနေတာလား။ တရားရုံးကိုစော်ကားနေတာလား။ သမီးရည်းစားပြဿနာမဟုတ်ပါဘူး။ တရားရုံးကအမိန့်မချသေးပဲနဲ့ဘာမှပြောလို့မရပါဘူး။ကျွန်မတိုင်ထားတာ သမီးရည်းစားရန်ဖြစ်တယ်လို့တိုင်ထားတာမဟုတ်ပါဘူး မုဒိန်းမှုနဲ့တိုင်ထားတာပါ”လို့လည်း ရှင်းလင်းဖြေကြားထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စူးရှထက်နဲ့အစ္စဏီအမှုမှာနောက်ဆုံး ဘယ်လိုစီရင်ချက်ကျလာမယ်ထင်လဲ။ အစ္စဏီကိုရောလွမ်းနေကြပြီလား။ အစ္စဏီအနုပညာတွေပြန်လုပ်ခွင့်ရရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi