” ဘယ်သူ့ကိုမှလည်းမယုံဘူး ဘယ်သူ့ကိုမှ အားမကိုးဘူးလို့ ပြောလာတဲ့ မေကဗျာ “





Source : MC,khinCeleGabar

UNICODE

မေကဗျာလို့ပြောလိုက်တာနဲ့ ခန္ဓာကိုယ်သေးသေးနဲ့ လှနေတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်လို့ သိကြမှာပါ။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ကလေးအမေလို့မထင်ရလောက်အောင် နုပျိုလှပနေတဲ့ မင်းသမီးလို့ဆိုရမှာပါ။ အနုပညာအလုပ်ကိုလုပ်ရင်း Single Mother ဘဝနဲ့ အချိန်အတော်ကြာရပ်တည်လာတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ အနုပညာလောကမှာ ကြာရှည်စွာရပ်တည်နေတဲ့ မင်းသမီးတစ်လက်အနေနဲ့ ဂျူနီယာ သရုပ်ဆောင်လူငယ်တွေကို လက်တွဲခေါ်ပေးတတ်တဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေ ကျဲသွားပြီး စီးပွားရေးဘက်ကို အဓိကထားလုပ်ကိုင်နေပြီဖြစ်တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပြီးနေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှပေးလေ့ ရှိပါတယ်။လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေပဲရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။အခုချိန်ထိ Single Mother အဖြစ်နဲ့ နေနေတဲ့ သူမကတော့ သူမရဲ့ နေထိုင်ပုံကို ပြောပြခဲ့ပါတယ်။

” ကဗျာဘယ်သူမှအားမကိုးဘူး။ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တယ်။စီးပွားရေးမှာပဲ ဖြစ်ဖြစ် လူမှုရေးမှာပဲ ဖြစ်ဖြစ် ဘယ်ကိစ္စမဆို အားမကိုးဘူး။ အာ့ဘာလို့လဲဆို ကဗျာ့အမေသင်ပေးခဲ့တဲ့စိတ်ဓာတ်ပေါ့နော်။ ကဗျာအိမ်ထောင်ကျတော့လည်းကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်တယ်။သားသမီးရတယ့်အချိန်ကိုယ်တစ်ယောက်တည်းဖြစ်သွားချိန်မှာလည်း သားသမီးကိုကိုယ့်ကိုယ်ကိုယ်တစ်ယောက်တည်းရုန်းကန်တယ် ဘယ်သူ့အကူအညီအထောက်အပံ့မှမလိုဘူးလူတန်းစေ့ထားနိုင်တယ်မိဘကိုရော သားသမီးကိုရော လူတန်းစေ့ ဘိုကျောင်းလည်း ထားနိုင်တယ်။မေကဗျာလည်းလူးတန်းစေ့နေနိုင်တယ်ယနေ့အချိန်ထိဘယ်သူ့ဆီမှ အကြံဉာဏ်လဲမယူဘူး။

ကိုယ်လုပ်တာမှန်သမျှကွကိုယ်စဉ်းသာစဉ်းစားတယ်။ကွကိုယ်ကိုယ်ဆုံးဖြတ်တယ်။ကောင်းရင်လည်း ကွကိုယ်ခံတယ် ။မကောင်းရင်လဲကွကိုယ်ခံတယ်။သူများကိုအားကိုးဖို့တွေဘာတွေမလိုဘူးကိုယ်စိတ်ချမ်းသာဖို့ပဲကိုယ်နေတယ်။” လို့ သူမခံယူချက်နေထိုင်ပုံတွေကိုပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော မေကဗျာရဲ့ ခံယူချက်၊ နေထိုင်ပုံတွေကို သဘောကျရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Share From Global Myanmar Media