MRTV 4 ဇာတ်လမ်းတွဲများထဲမှ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသမီး (၁၀) ဦး

နိုင်ငံတကာရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေနဲ့ တန်းတူ နေရာယူနိုင်လာတာကတော့ TV Series(ရုပ်သံဇာတ်လမ်းတွဲ)တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ အာရှတိုက်မှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအားပေးလာကြတဲ့အထိ အောင်မြင်နေတာကြောင့် အခုနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာတာတွေ့ ရပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ မိုမိုလေးပရိသတ်တွေအတွက် တီဗီဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ မင်းသမီးးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ “ပန်းနုသွေး” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ သတိထားအားပေးခြင်းခံရပြီးတဲ့နောက် “အရိပ်”၊ “ပုဂံမြို့သူ” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေရဲ့ အားပေးခြင်းကို ရရှိခဲ့သူလေးတစ်ဦးပါ။ မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေအပြင် “အလျှံပယ်” ၊ “ဇာတ်လိုက်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင်သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ မေမြင့်မိုရ်က မကြာသေးခင်ကလဲ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Star Awards ရဲ့ Best Rising Star (Female) ဆိုကို ရရှိထားတာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်

ပိုးကြာဖြူခင်ကတော့ “ဝင်္ကပါစံအိမ်” ဇာတ်လမ်းတွဲနဲ့”မိုးကောင်းကင်အိမ်မက်” ဇာတ်လမ်းတွဲနဲ့ သနားစရာကောင်းတဲ့ မိန်းကလေး “ဆိုင်းမိုင်”အဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က လက်ရှိမှာလဲ ဇာတ်လမ်းတွဲတွေ အများအပြား ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ဝင့်ယမုံနိုင်

MRTV 4 ရုပ်သံလိုင်းရဲ့ ပထမဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲမှာကတည်းက ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းခံခဲ့ရတဲ့ ဝင့်ယမုံနိုင်ကတော့ “ကျွန်မကမဟေသီ”၊ “စိတ်၏ခြေရာ”ဇာတ်လမ်းတွဲတွေမှာလဲ ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ခြူးလေး

နေအဉ္ဖာရာလို့ ပရိသတ်တွေသိခဲ့ရတဲ့ ခြူးလေးကတော့ “ပို၍လှသောမနက်ဖြန်”၊ “ရသ-မော်ကွန်း-အလင်္ကာ”၊ “လူရည်ချွန်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ခဲ့ကြတာ ဖြစ်ပြီး “မိုးပန်းပွင့်ရဲ့သင်္ကေတ”၊ “ကဝေသေလို့ ခြောက်တဲ့တစ္ဆေ”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလဲ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေပြီး အောင်မြင်မှုတွေ ရရှိနေသူလေး တစ်ဦးဖြစ်ပါတယ်။

သံသာမိုးသိမ့်

မိန်းမချောဆိုပြီး ပရိသတ်တွေ တစ်ခဲနက် အားပေးကြတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ “မနေ့ဖြစ်သည် ၂ “ဇာတ်လမ်းတွဲ နဲ့ “ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာလဲ ဇာတ်လမ်းတွဲတွေ များစွာကို ရိုက်ကူးနေပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိစပြုနေသူတစ်ယောက် ဖြစ်ပါတယ်။

ခေးဆက်သွင်

“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ်ဖူးချင်သည်” “Flowers & Butterflies” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်ကလည်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။ သူမရဲ့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ အမူအရာလေးကတော့ ပရိသတ်တွေ အကြိုက်ပဲပေါ့နော်။

နန်းစန္ဒာလှထွန်း

မကြာသေးခင်က ဇာတ်သိမ်းသွားခဲ့တဲ့ “ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကလည်း “အရိပ်”၊ “ပဉ္စလက်ရွာ” စတဲ့ ဇာတ်လမ်းတွဲတွေမှာ အောင်မြင်ပြီးသား မင်းသမီးတစ်လက်ပါ။ နန်းစန္ဒာလှထွန်းက “ကျွန်မအချစ်ဆုံးယောကျာ်းသုံးယောက်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်ထားပါသေးတယ်။

ဆောင်းဝတ်ရည်မေ

ဆောင်းဝတ်ရည်မေကတော့ “အမုန်းမှသည်”၊ “မာန်” အစရှိတဲ့ ဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားပြီးတဲ့နောက်မှာတော့ အခုဆိုရင် ဇာတ်လမ်းတွဲနဲ့ အခြားသော အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်

အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မင်းသမီးလေး နေခြည်ရွှန်းလက်ကတော့ အခုလက်ရှိပြသနေတဲ့ “မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “ပုဂံမြို့သူ”၊ ဇာတ်လမ်းတွဲမှာလဲ ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ခံထားရတာ ဖြစ်ပါတယ်။

မေမီကိုကို

မေမီကိုကိုကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” အဖြစ် ပရိသတ်တွေရဲ့ အားပေးလက်ခံခြင်းကို တစ်ခဲနက်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် Star Awards ဆုပေးပွဲတွင် The Best Actress ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ မေမီကိုကိုက လက်ရှိမှာလဲ “လိပ်ပြာနှောင်ကြိုး”၊ “တတိယမြောက်ဆုံမှတ်” စတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီမင်းသမီးတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ ပြောခဲ့ပါဦးနော်။

Source : momolay
Share From swelsonenews