မယုံနိုင်လောက်အောင် ဝိတ်ကျသွားတဲ့အကြောင်းပြောပြတဲ့မိုးယုစံရဲ့မောင် ဆန်းလင်းထွန်း

သရုပ်ဆောင်မိုးယုစံရဲ့မောင်လေးဟာ အရင်တုန်းက ခန္ဓာကိုယ်အလေးချိန်များခဲ့ပြီး ပေါင် သုံးရာကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဝိတ်ချဖို့အတွက် Lose to Win ပြိုင်ပွဲဝင်ပြိုင်ပြီး ကြပ်ကြပ်မတ်မတ်နဲ့ Camp တွေဘာတွေဝင်ပြီး ကြိုးစားခဲ့တာကြောင့် အံ့သြစရာကောင်းလောက်အောင်ဝိတ်ကျသွားခဲ့သူပါ။ဝိတ်ကျသွားပြီးနောက်ပိုင်းမှာ မျက်နှာ feature လေးတွေလည်း ချောမောလာပြီး ကောင်မလေးတွေအသည်းစွဲ ကိုရီးယားမင်းသားရှုံးအောင်ချောတဲ့ ဆန်းလင်းထွန်းလေးဖြစ်လို့နေပါပြီ။ ဆန်းလင်းထွန်းက သူ ဝိတ်ကျအောင်ကြိုးစားခဲ့ပြီးဝိတ်ဆက်ထိန်းဖြစ်ပုံအကြောင်းကို We Media နဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

ဆန်းလင်းထွန်းက ဝိတ်ကျဖို့Challenge ပြိုင်ပွဲဝင်ဖြစ်ပုံအကြောင်းကို “အဓိကကတော့ အစ်မနဲ့အိမ်ကလူတွေရဲ့ပံ့ပိုးပေးမှုကြောင့်သွားပြိုင်ဖြစ်ခဲ့တာပါ။ ရရှိခဲ့တဲ့အကျိုးကျေးဇူးကတော့ ကျန်းမာရေးလည်းကောင်းသွားတယ်။သွားတာလာတာကအစလည်းအဆင်ပြေသွားတယ်။

ပြိုင်ပွဲကြီးက ဝိတ်ချတာတစ်ခုတည်းမဟုတ်ပဲနဲ့ ဘဝအတွက်တွေရောအကုန်လုံးကိုပြောင်းလဲပေးသွားတယ်ပေါ့ ပြိုင်ပွဲက”လို့ ပြောကြားထားပါတယ်။ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအကြောင်းကိုတော့”အခက်အခဲကတော့ ပြိုင်ပွဲတောက်လျှောက်မှာ အစားအစာနဲပတ်သက်ပြီးတော့ သေချာလိုက်လုပ်ရတဲ့အခက်အခဲလေးတွေရှိတယ်။ ဝတဲ့အတွက်လေ့ကျင့်ခန်းတွေဘာတွေလုပ်တဲ့အခါမှာ ခုန်တဲ့အချိန်တွေမှာဒူးတွေဘာတွေဖြစ်တယ်ပေါ့။

အဲဒီအခက်အခဲလေးတွေတော့ရှိပါတယ်။ကျွန်တော် ၃၀၁ ပေါင်ကနေဝင်ပြိုင်ခဲ့တာ။ နောက်ဆုံး ၁၅၉ ပေါင်အထိဖြစ်ခဲ့တယ်ပေါ့။ ဝိတ်က”လို့ ဂုဏ်ယူစွာပြောပြထားပါတယ်။ဝိတ်ချပြီးနောက်ပြန်ဝမလာအောင်ဝိတ်ထိန်းခဲ့တဲ့နည်းစနစ်တွေကိုတော့ “ဝိတ်ကိုဘယ်လိုဆက်ထိန်းလဲဆိုတော့ ပုံမှန်Gym သွားဆော့တယ်။

အစားအသောက်ကို camp မှာနေခဲ့တဲ့အတိုင်းသေသေချာချာလိုက်လုပ်ဖြစ်တယ်ပေါ့”လို့ ပြောထားသလို ဝိတ်ကျသွားတော့ ကိုယ့်ကိုယ်ကိုယ်ကွန်ဖီးဒန့်လည်းပိုရှိလာတယ်လို့”အစက ထက်စာရင် အများကြီး ကိုယ့်ကိုယ်ကိုယ် confident ရှိတယ်။သွားတာလာတာကအစ ကားမောင်းတာကအစ။အရင်က ကားမောင်းရင်ဗိုက်ကအရမ်းပူနေတဲ့အတွက်စတီရာတိုင်တိုက်တာတို့ဘာတို့ အခက်အခဲတွေရှိတာပေါ့။ အခုတော့ဘာမှအခက်အခဲမရှိတော့ဘူး။အားလုံးအဆင်ပြေပြေနဲ့ ဘဝကိုဖြတ်သန်းနိုင်တယ်ပေါ့”လို့ ဖြေကြားထားပါတယ်။

ဆန်းလင်းထွန်းက ဝတဲ့လူတွေကို Body Shaming မလုပ်ပါနဲ့လို့”Body Shaming မလုပ်ပါနဲ့လို့။သူများဘက်ကတော့ဘာမှမဟုတ်ပဲပြောလိုက်ပေမယ့် ခံရတဲ့လူစိတ်က အဲ့လိုမျိုး အားငယ်တာတို့ဘာတို့ရှိတယ်ခင်ဗျ။ အဲဒီအတွက်သူတို့ကို အားငယ်အောင် Body Shaming မလုပ်ပါနဲ့လို့။ ဝတဲ့လူတွေဘာတွေတွေ့ရင်တိုက်တွန်းပေးပါလို့။ ဝိတ်ချပါ ကျန်းမာရေးအတွက်အဓိကဆိုပြီးတော့တိုက်တွန်းမှုလေးတွေလုပ်ပေးပါလို့”ဆိုပြီး ပြောထားသလို ဝတဲ့လူတွေအတွက်လည်းအားပေးစကားပြောထားပါသေးတယ်။

ဆန်းလင်းထွန်းက အရင်ကဘဝတူဖြစ်ခဲ့ဖူးသူတွေကို “စိတ်အားမငယ်ပါနဲ့လို့။အဓိကကကျန်းမာရေးပေါ့။ လေ့ကျင့်ခန်ပုံမှန်လုပ်ပေးပါ။ အဆီတက်မယ့်အစားအစာတွေရှောင်ပါ။ လေ့ကျင့်ခန်းကိုသီးသန့်ကြီးမလုပ်နိုင်ရင်တောင် မနက်ပိုင်းကို တစ်နာရီလောက်လမ်းလျှောက်ပေးပါလို့။ ကျွန်တော်တောင်အရင်က ဝခဲ့တာတွေပိန်သွားပြီဆိုတော့ မဖြစ်နိုင်တာမရှိဘူးပေါ့။ဘာပဲဖြစ်ဖြစ်ရအောင်လုပ်ဆိုတဲ့စိတ်မျိုးပဲထားပါလို့မှာချင်ပါတယ်”လို့ ပြောထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဆန်းလင်းထွန်းလေးကို ချစ်ကြလား။ ဆန်းလင်းထွန်းက အစ်မခြေရာနင်းပြီး အနုပညာအလုပ်တွေလုပ်ပြီးမင်းသားလုပ်လာတော့မယ်ဆိုရင်ရောအားပေးကြမှာလား။

Can’t Wait To Say
Share From nanmalgyi