လေးစားအားကျရတဲ့ စီနီယာမမ မင်းသမီးတွေကို အနမ်းတွေ တ၀ချည်းပေးခဲ့တဲ့ ခင့်ဝင့်ဝါ




source: Khin Wint Wah
Khin Mi MiCelegabar
ယူနီကုဒ်နဲ့ ဖတ်ရန်

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ခင့်ဝင့်ဝါကတော့ တစ်ချိန် မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ဦးအဖြစ်နဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာသူလေးဖြစ်ပြီး လတ်တလောမှာ ရုပ်ရှင်လောကရဲ့ ခေါင်းဆောင် မင်းသမီးတစ်ယောယက်နေရာကနေ ပါဝင်သရုပ်ဆောင်ခွင့်ရရှိနေသူ မင်းသမီးကောင်းတစ်လက်ဖြစ်ပါတယ်။

သူမဟာ လှပ်၍ လွင့်သော ရုပ်ရှင်ဇာတ်ကားကြီး မှာ မကြည်ပြာရဲ့ ငယ်ဘဝဇာတ်ကောင်ကို သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်အများစုနဲ့ အနုပညာရှင်တွေ အချင်းချင်းကတောင် ချီးကျူးစကားဆိုနေရသလို အရမ်းကို စန်းတက်လာခဲ့တဲ့ မင်းသမီးလေးလည်း ဖြစ်ပါတယ်။ အကယ်ဒမီ ဆုရရှိဖို့ နီးလာပြီဖြစ်တဲ့ ခင့်ဝင်ဝါလေးကတော့ ရုပ်ရှင်လောကမှာ သူမထက် စီနီယာကျတဲ့ မင်းသမီးတွေဖြစ်တဲ့ ဖွေးဖွေး ၊ ဝတ်မှုန်ရေရည် တို့ကို လေးစားအားကျသလို သူမကိုယ်တိုင်ကလည်း အမ တွေလို ချစ်ခင်နေရတာဖြစ်ပါတယ်။

မိုးစက်ဝိုင်ရဲ့ မွေးနေ့ ပါတီ မှာ အတူတူ ဆုံတွေ့ကာ ကဲခွင့်ကြုံ တုန်းလေး သူမထက် အနုပညာလောကမှာ စီနီယာကျသလို ချစ်ဖို့ ကောင်းကြတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီး၊နဲ့ အဆိုတော်တွေ ဖြစ်ကြတဲ့ မယ်ရီ၊ ဝတ်မှုန်ရွှေရည်၊ ဖွေးဖွေး ၊မိစန္ဒီ ၊မိုးစက်ဝိုင် တို့ကို အနမ်းတွေ ချည်း တဝပေးခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ အရမ်းကို ပျော်ရွှင်ခဲ့ကြတဲ့ သူတို့လေးတွေရဲ့ ပုံရိပ်လေးတွေနဲ့ အတူ ဖော်ပြပေးလိုက်ရပါတယ်နော်။

Share From CeleGabar