ဓါတ်ပုံအတူရိုက်ရင်း ခြူးလေးကို ဖက်ဖို့ ရှက်နေတဲ့ ဖြိုးမြတ်အောင်

ခြူးလေးကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ မင်းသမီး တစ်ယောက်ပါ။ဲဖိုးမြတ်အောင်ကတော့ Myanmar Idol အဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်ပါ။ နှစ်ယောက်လုံး ကလတော့ သူ့နယ်ပယ်မှာ အောင်မြင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်အနုပညာရှင်တွေပါ။ ပရိသတ်တွေချစ်တဲ့ သူတို့ နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ရက်က ဓါတ်ပုံရိုက်ကွင်းတစ်ခု မှာ အတူဆုံခဲ့ကြပါတယ်။

ဓါတ်ပုံရိုက်ကွင်းပုံရိပ်လေးတွေကိုတော့ ခြူးလေးက သူမရဲ့ အကောင့်မှာ ဝေမျှထားပါတယ်။ ခြူးလေးကို အလှဆုံး ပြင်ချယ်သပေးထားတဲ့ မိတ်ကပ်ပညာရှင်ကတော့ လင်းလင်းပါ။

“Today Photo Shooting ….
MUA Lin Linn Makeup Artist..ဆိုပြီး တင်ထားပါတယ်။

အဆိုတော် ဖြိုးမြတ်အောင်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း မင်းသမီးကို ဖက်ဖို့ ရှက်နေပါတယ်။ ခြူးလေးကို ဖက်ဖို့ ရှက်နေတဲ့ ဖြိုးမြတ်အောင်ကိုတော့ ရိုက်ကွင်းမှာရှိတဲ့ မိတ်ကပ် လင်းလင်း အပါအ၀င် တခြားသူတွေက ရဲရဲသာဖက်ပါ ဆိုပြီး ၀ိုင်းအားပေးတိုက်တွန်းခဲ့ကြရပါတယ်။

ဖြိုးမြတ်အောင်ကတော့ ဟိုအရင် မင်းသမီးတွေနဲ့ အတူ ကြော်ငြာရိုက်ကူးခဲ့ တုန်း ကလည်း မင်းသမီးတွေကို ဖက်ဖို့ အားနာနေ၊ရှက်နေခဲ့ပါသေးတယ်။ ခြူးလေးတင်ထားတဲ့ ဓါတ်ပုံ ရိုက်ကွင်းက Live ဗီဒီယိုလေးကတော့ ကြည့်တဲ့ သူ(20K Views) တောင်ရှိခဲ့တာကိုတွေ့ရပါတယ်။

Source ခြူးလေး

Share From Lovely Myanmar